အပိုင်း၃၁၆ ငါ့မှာ မိန်းမတစ်ယောက်ရှိတာလား?
နတ်ဘုရားလောက၊ မြူခိုးစင်မြင့်၊ ဂိုဏ်းချုပ်ခန်းမ။
အပြာရောင်ဝတ်ရုံနှင့် လှပသောပုံရိပ်တစ်ခုဟာ ဂိုဏ်းချုပ်ခန်းမထဲသို့ လှမ်းဝင်လာသည်။
သူမ၏ မျက်နှာအား အဖြူရောင် အကာဖြင့် ဖုံးအုပ်ထားပြီး သူမ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါပေ။ သို့သော် သူမ၏ ကြယ်ရောင်မျက်လုံးများမှ သူမသည် အလွန်လှပကြောင်းကို သိနိုင်သည်။
သူမဟာ ရှေ့ကို တစ်ခါလှမ်းလိုက်သည်နှင့် ခြေချောင်းလေးများက သူမ၏ စကတ်ထောင့်ကို ရံဖန်ရံခါ ကြွတက်လာ၏စေသည်။ ခြေဖျားလေးများ၏ ကြွေဖြူကဲ့သို့အသားအရည်ကိုပင် ယောင်ဝါးဝါးမြင်နိုင်ပေ၏။ ဤသည်မှာ အင်မတန်လှပလွန်းသည်။
သူမသည် ခန်းမထဲသို့ ရောက်ရှိလာသောအခါ အမြင့်ပေါ်ရှိ ပုံရိပ်ကို ဦးညွှတ်လိုက်သည်။
"ဆရာ၊ ကျွန်မကိုရှာနေတာလား"
မြူခိုးစင်မြင့်၏ ဂိုဏ်းချုပ်သည် အတွေးများနှင့် ပြည့်နှက်နေသည်။ သူ့ရှေ့က မိန်းကလေးကို ကြည့်ပြီး ခံစားချက်ကို မထိန်းနိုင်တော့ချေ။
သို့သော် နောက်ဆုံးတွင် သူ၏ ထောင်ပေါင်းများစွာသော စကားလုံးများသည် ရိုးရှင်းသောဝါကျတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။
"ဝမ်အာ၊ မင်းရဲ့ ကျင့်ကြံခြင်း အဆင်ပြေရဲ့လား။"
"ဆရာ၊ ဝမ်အာက မကြာခင်ကမှ ကျင့်ကြံခဲ့ပြီး အရာအားလုံးက ပုံမှန်ပါပဲ။"
"အဲဒါကောင်းတယ်။"
ဂိုဏ်းချုပ်က ခေါင်းငြိမ့်လိုက်သည်။ သူဟာ တစ်စုံတရာအား ပြောချင်သော်လည်း ပြောမရဖြစ်နေပုံရသည်။
"ဆရာ၊ ဘာကိစ္စရှိလို့လဲ၊ ကျွန်မကိုပြောပါ။"
ဝမ်အာသည် ထက်မြက်သောကြောင့် သူမ၏ဆရာ တစ်စုံတစ်ခုကို ရည်ညွှန်းနေပြီဖြစ်ကြောင်း ပြောနိုင်သည်။
ဂိုဏ်းချုပ်က သူမအားမပြောခင်တွင် အချိန်အတော်ကြာအောင် ကြည့်လိုက်သည်။