အပိုင်း ၃၂၃ ငါကလုရှောင်ယန်ပဲ

193 25 0
                                    

အပိုင်း ၃၂၃ ငါကလုရှောင်ယန်ပဲ


ညအချိန်တွင် လုရှောင်ချန်နှင့် အခြားသူများမှာ ကောင်းကင်ပင်လယ်မြို့တော်သို့ ပြန်လာခဲ့ကြသည်။

...

"ဘာ? တစ်ယောက်ယောက်‌က ဒါဇင်ချီတဲ့ မျိုးနွယ်စုခြောက်ခုလုံးရဲ့တပည့်တွေကိုသတ်ပြီးတော့ မင်းတို့ကိုလည်း မြေအောက်လောကအကြီးအကဲတွေလက်ကနေကယ်ခဲ့တယ်လို့ မင်းပြောလိုက်တာလား?"

သခင်ကြီးလုသာမက လုထျန်းနန်နှင့် လုမျိုးနွယ်စု၏ ဒုတိယမျိုးဆက်တပည့်များသည်ပင် ထိုသည်ကိုကြားလိုက်သည်နှင့် သူတို့၏မေးရိုးများပင် ပြုတ်ကျသွားကြသည်။

စစ်မှန်သောနတ်ဘုရားအဆင့်ပညာရှင် ဒါဇင်ချီနဲ့ နတ်ဘုရားအားသတ်ဖြတ်ခြင်းအဆင့်ပညာရှင်သုံးယောက်ကိုလေ!

ဒါကတကယ့်ကို ကြောက်ခမန်းလိလိစွမ်းအားပင်!

နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်ပညာရှင်သည်ပင် ထိုအဖွဲ့အားရှုံးနိုင်ပြီး တမုဟုတ်ချင်းသတ်ပစ်ရန်မှာပိုလို့ပင်မဖြစ်နိုင်ပါချေ။

ထို့ကြောင့်တစ်ဖက်လူမှာ အနည်းဆုံးတော့ နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်ဖြစ်ရမည်။

ဒါ့အပြင်တစ်ဖက်လူမှာ မြေအောက်လောကဂိုဏ်းအကြီးအကဲများ၏ ဝိညာဉ်ခန္ဓာများကိုဖျက်ဆီးပြီး လုရှောင်ချန်နှင့် အခြားသူများ၏ ဝိညာဉ်များကိုပြန်လည်ပြင်ဆင်ပေးခဲ့၏။

ထိုနည်းလမ်းမှာ တကယ်ကိုကောင်းကင်ဘုံအား သွေဖီနေပြီဖြစ်သည်။

တစ်ဖက်လူမှာ ဆယ်ပါးသောသိုင်းနတ်ဘုရားအဆင့်သို့ပင် ဝင်ရောက်နေပြီပင်ဖြစ်‌နိုင်သည်။

"အဲ့ဒါဘယ်သူလဲ? ဘယ်သူကအရမ်းကိုအင်အားကြီးပြီး ငါတို့လုမျိုးနွယ်စုရဲ့မျိုးဆက်လေးတွေကိုပါ ကယ်နိုင်ခဲ့ရတာလဲ?"

တစ်ဖက်လူကလုမျိုးနွယ်စုနဲ့ဆက်စပ်နေရမယ်!

သခင်ကြီးလုမှာ အတွေးများထဲသို့‌နစ်မျောသွား၏။

တစ်ခဏအကြာတွင် သူဟာရုတ်တရတ် ရေရွတ်လိုက်၏။

"ဒါက... ငါတို့ရဲ့ လုမျိုးနွယ်စုဘိုးဘေးတွေထဲက တစ်ယောက်များလား?"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now