အပိုင်း ၃၁၂ ဒါဆို လုပ်လိုက်လေ

184 29 0
                                    

အပိုင်း ၃၁၂ ဒါဆို လုပ်လိုက်လေ


လက်ဖက်ရည်အား ပါးစပ်အပြည့်ဖြင့် တည်ငြိမ်စွာသောက်ပြီးနောက်တွင် လုရှောင်ယန်၏အမူအရာမှာ မပြောင်းလဲပါချေ။ သူဟာ အနှီ မြင့်မြတ်သောမိန်းမပျိုဟူသည့်တစ်ယောက်အား ကြည့်ပင်မကြည့်ပါချေ။

သို့သော် သူဟာ ဒါကိုမပြင်ဆင်ထားပါဟု မဆိုလိုပါချေ။

ဆိုရိုးစကားများအတိုင်းပင် ဒီကမ္ဘာမှာ အလကားရသော နေ့လည်စာဟူ၍မရှိပါချေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဒီပင်လယ်ခုနှစ်သွယ်စင်မြင့်မှာ သူ့အားမိန်းကလေးတစ်ယောက်ပေးလိုက်ချင်နေသည်။ သူဟာ ခွေးရူးကဲ့သို့ပင်။ တစ်ဖက်လူမှာ ဖိနပ်အားလျက်ပေးချင်တာ မဟုတ်လျှင် မကောင်းသောရည်ရွယ်ချက်များ ရှိနေခြင်းဖြစ်ရမည်။

သူဟာနတ်ဘုရားအမြင်အား ရုတ်သိမ်းလိုက်ပြီးသည်တွင် တကယ်ကိုပင် မြင့်မြတ်သောမိန်းမပျို၏မျက်ဝန်းများထဲ၌ အကူအညီကင်းမဲ့မှု၊ နာကြည်းမှုနှင့် ဆန္ဒကင်းမဲ့မှု အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

လုရှောင်ယန်မှာ မိန်းမများအား လုံးဝပင်စိတ်မဝင်စားသည်ကိုအသာထား စိတ်ဝင်စား‌လျှင်တောင်မှပင် ထိုမိန်းမမျိုးအား အိမ်သို့ခေါ်ဆောင်လာရဲမည်မဟုတ်ချေ။

သူသာထိုမိန်းမမျိုးအား အိမ်သို့ခေါ်ဆောင်လာခဲ့ပါလျှင် သူမဟာမည်သို့သော ဒုက္ခများကိုဖြစ်စေနိုင်မလဲကိုပင် မသိပါချေ။

ဒါ့အပြင် လုရှောင်ယန်မှာ ထို့ကဲ့သို့ဖြစ်ရပ်မျိုးများနှင့် ရင်းနှီးနေသည်ဟုခံစားရသည်။

သို့သော်တစ်ခုခုအားမေ့နေသလိုခံစားရသည်။

သူပဟေဠိဖြစ်နေစဉ်တွင် ခန်းမထဲ၌ အလွန်တရာ ကွဲလွဲနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"မျိုးနွယ်စုကြီးရဲ့ သခင်‌လေးတစ်ဦးကို မျက်နှာလုပ်ဖို့အတွက်နဲ့ ကြီးကျယ်ခမ်းနားတဲ့ ပင်လယ်ခုနှစ်သွယ်စင်မြင့်က တကယ်ကြီး သူတို့ရဲ့ မြင့်မြတ်သောမိန်းမပျိုကို စွန့်လွှတ်နိုင်တယ်‌ပေါ့။ ပင်လယ်ခုနှစ်သွယ်စင်မြင့်ရဲ့ အပြုအမူက ဒီလိုပဲလား။"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now