အပိုင်း ၂၆၈

366 51 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၁၈။ အပိုင်း ၂၆၈ထပ်မံစည်းနှောင်ခြင်း

လူတစ်ယောက်၏ခွန်အားက ကိုယ့်ထက်သာလွန်ပြီး သူတို့ရဲ့ကံကြမ္မာကို ကိုယ့်လက်ထဲအသာတကြည့်အပ်နှံဖို့ဆန္ဒရှိသည့်အခါ အခြေခံအားဖြင့် ထိုလူကို သံသယဝင်နေစရာအကြောင်း မရှိတော့ပေ။

လုရှောင်ယန် သူ့မျက်ခုံးတို့ကိုအသာပွတ်ကာ စကားဆက်လိုက်သည်။ "ဒါဆို ငါဘာဆက်လုပ်ရမလဲ?"

"မင်းရဲ့ကျင့်ကြံဆင့်က သိုင်းဘုရင်အဆင့်ကိုရောက်နေပြီ။ နတ်ဘုရားအဆင့်ရောက်အောင် ဆက်ပြီးတိုးမြှင့်နိုင်သ၍ ငါသွေးကန်ကိုချက်ချင်းအသက်သွင်းပြီး ကောင်းကင်တာအိုစည်းမျဉ်းတွေ မင်းကိုအာရုံခံမိတာကနေ တားဆီးပေးမယ်။ အဲဒီအချိန်ကျရင် မင်းလည်း မိုးကြိုးအတိဒုက္ခကို တိုက်ရိုက်ဖြတ်ကျော်ပြီး အဆင့်တက်သွားလိမ့်မယ်။ နတ်လောကကိုရောက်ပြီးတာနဲ့ နတ်လောကရဲ့ရှေးဟောင်းလျှို့ဝှက်ကုန်းမြေမှာရှိတဲ့ လုမိသားစုဆီ မင်းချက်ချင်းသွားရလိမ့်မယ်။

မင်းလုမိသားစုပိုင်နက်ထဲမှာ သွေးအနှစ်သာရတစ်စက်ကိုချပြီး တံဆိပ်ပြားကိုအသက်သွင်းလိုက်တာနဲ့ လုမိသားစုကတစ်ယောက်ယောက် မင်းကိုလာရှာလိမ့်မယ်။"

"လုမိသားစုက ငါ့ကိုအသိအမှတ်မပြုရင် ဘယ်လိုလုပ်မလဲ? ငါပျောက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလေ။ လက်ရှိငါ့ကို သူတို့ သံသယမဝင်နိုင်ဘူးလား?"

"မင်းရဲ့သွေးမျိုးဆက်က လုမိသားစုရဲ့သွေးမျိုးဆက်ပဲ၊ ဒါကြောင့် လုမိသားစုက မင်းကိုသံသယဝင်မှာမဟုတ်ဘူး။ မင်းအနေနဲ့ သွေးစစ်ဆေးမှုလုပ်မှာကို ကြောက်နေဖို့တောင်မလိုဘူး။ လုမိသားစုထဲဝင်ပြီးတာနဲ့ လုမိသားစုရဲ့ကာကွယ်မှုနဲ့ဆို မင်း နတ်လောကမှာ ခဏလောက်တော့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လို့ရနိုင်တယ်၊ အဲဒီအချိန်အတွင်း မင်းရဲ့ကျင့်ကြံဆင့်ကိုဆက်ပြီးတိုးတက်အောင် ကျင့်ကြံထား။

မင်းရဲ့နောက်ခံနဲ့ပတ်သတ်ပြီးကတော့ မင်း တစ်ခုခုဖန်တီးလိုက်လို့မရနိုင်ဘူးလား? လိမ်ညာပြောဆိုတဲ့နေရာမှာ မင်းထက်ပိုပြီးသာတဲ့လူမရှိဘူးလားလို့ပါ?"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now