အပိုင်း ၂၅၃

389 55 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၃ မင်းတို့က ဆရာတူအစ်ကိုအစ်မတွေလား?

တစ်ဖက်တွင်တော့…
လုရှောင်ယန်သည် ကျွင့်ပုကျန်းကို တောင်ဂိတ်ပေါက်သို့ ပြန်လည်ခေါ်ဆောင်သွားပြီးနောက် သူ့ကို ဆရာတူအစ်ကိုအစ်မများထံသို့ လွှဲပေးကာ ဂိုဏ်းစည်းမျဉ်းများကိုရှင်းပြပြီး ကျင့်ကြံခြင်းနည်းလမ်းများကို သင်ကြားပေးဖို့ရန် သွားမေးခိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပဲ ကျွင့်မိသားစုမှအကြီးအကဲအနည်းစုကိုလည်း လွှတ်ပေးလိုက်လေသည်။
ကျွင့်မိသားစုမှအကြီးအကဲအနည်းစုသည် လုရှောင်ယန်ထွက်သွားသည်ကိုမြင်သည်နှင့် ချက်ချင်းပင် အလုအယက်ပြောလာကြသည်။ “မြင်မြတ်သောသားတော်၊ မင်း ဒီလူလှည့်စားတာကို ခံလိုက်ရတာပဲဖြစ်မယ်။ ဘယ်လိုတောင် ခွေးလိုတောင်ဂိတ်ပေါက်လဲ? ငါတို့ကျွင့်မိသားရဲ့သန့်စင်ခန်းလောက်တောင်မှ မကြီးနေဘူး။”
“ဟုတ်တယ်၊ မြင့်မြန်သောသားတော်၊ ဒီလူက မင်းကို ကျွင့်မိသားစုရဲ့မြင့်မြတ်သောသားတော်မှန်း သိနေလို့ ဒီအခွင့်အရေးကိုယူပြီး မင်းကိုလိမ်ညာပြီး အဆက်အသွယ်တည်ဆောက်ဖို့လုပ်တာပဲဖြစ်မယ်။ ဒီအတိုင်းသာဆို သူ ငါတို့ကျွင့်မိသားစုကနေ အကျိုးအမြတ်တွေအများကြီး ရသွားလိမ့်မယ်။”
“အဓိပ္ပါယ်မရှိတာတွေ မပြောကြနဲ့!”
တစ်ဖက်လူ၏အမူအရာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
“ငါ့ဆရာက ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ပဲ။ သူဘယ်လောက်အထိ အင်အားကြီးလဲ မင်းတို့မသိကြပါဘူး။ ဘယ်သူပဲဖြစ်နေနေ ငါ့ဆရာကို စွပ်စွဲရဲရင် နောက်မှ ငါရိုင်းတယ်ဆိုပြီး အပြစ်မတင်ကြနဲ့။”
“မြင့်မြတ်သောသားတော်!”
“ကောင်းပြီ၊ အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့။ အခု ငါ့ရဲ့ဆရာတူအစ်ကိုဆီသွားပြီး အမည်မဲ့ဂိုဏ်းရဲ့စည်းမျဉ်းတွေကိုနားလည်အောင် မေးမြန်းလိုက်ဦးမယ်။ မင်းတို့အရင်ဆုံး ဒီမှာစောင့်နေ၊ လျှောက်ပြေးမနေနဲ့။”
သူပြောပြီးသွားသည်နှင့် ချက်ချင်းပင် ဂိုဏ်းခန်းမဆီသို့ လျှောက်သွားတော့သည်။
ကျွင့်မိသားစုမှ အကြီးအကဲများအတွက်တော့.. သူတို့အားလုံး၏အမူအရာတို့မှာ အလွန်အမင်းအရုပ်ဆိုးနေကြလေသည်။
“ဒီလူယုတ်မာ ငါတို့ရဲ့မြင့်မြတ်သောသားတော်ကို သူ့အပေါ်သစ္စာခံသွားအောင် ဘာများလုပ်ခဲ့လဲ ငါတကယ်မသိတော့ဘူး။”
“သေသင့်တဲ့ကောင်စုတ်။ သူက အဆင့်မြင့်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူလေးတစ်ယောက်ပဲ။ ငါတို့ကျွင့်မိသားစုရဲ့မြင့်မြတ်သောသားတော်ကို လှည့်စားဖို့ လှည့်ကွက်တစ်ချို့သုံးချင်နေတာပဲ။ ငါတို့ ကျွင့်မိသားစုကိုပြန်ရောက်ရင် သူ့ရဲ့ပြစ်မှုကို မိသားစုခေါင်းဆောင်ထံ တင်ပြပြီး သတ်ခိုင်းကြတာပေါ့။”
“ဘာလို့ ဒီလောက်ဒုက္ခရှာနေမှာလဲ? ငါတို့ ဒီတောင်ဂိတ်ပေါက်မှာ သဲလွန်စတချို့ရှာပြီး သူ့အလိမ်အညာတွေကို ဖော်ထုတ်လိုက်တာနဲ့ မြင့်မြတ်သောသားတော်က နာခံမှုရှိရှိ ငါတို့နဲ့ပြန်လိုက်လာမယ်မဟုတ်ဘူးလား?”
“ဟုတ်သားပဲ။ ငါတို့ပြန်ပြီး စစ်ကူတွေရလာတဲ့အချိန်ဆိုရင် အရမ်းနောက်ကျသွားနေလောက်ပြီ။ မြင့်မြန်သောသားတော်မှာ ကိုယ်ဝန်တောင် ရှိနေလောက်ပြီ။”
လေထုက ရုတ်ချည်း ငြိမ်ကျသွားလေသည်။ ကျွင့်မိသားစုမှ ကျန်ရှိသည့်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများမှာ ထိုအကြီးအကဲကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လာကြသည်။
ဖြစ်နိုင်တာက အူတွေကို…. သားအိမ်အတွက် အစားထိုးအသုံးပြုနိုင်လို့လား?
“အဟွတ်… အဟွတ်… မင်းတို့ အထင်လွဲနေပြီ။ ငါအဲဒီအဓိပ္ပါယ်မျိုးပြောချင်တာမဟုတ်ဘူး။ ငါဆိုလိုချင်တာက ငါတို့ရဲ့သခင်ငယ်လေး စားသောက်လွန်းလို့ ဗိုက်ကြီးသလိုဖြစ်နေမယ်လိုပြောတာ။ သူသာ အလွန်အကျွံတွေ စားသောက်နေမယ်ဆို ဗိုက်ပူကြီးဖြစ်မသွားနိုင်ဘူးလား။”
ထိုမှသာ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။
မြင့်မြတ်သောသားတော်သာ တကယ်ပဲ ကိုယ်ဝန်ရှိသွားခဲ့မယ်ဆိုလျှင် သူတို့တွေ ခွင့်လွှတ်မှုရရန်အတွက် အစုလိုက်သတ်သေမှသာရနိုင်ပေမည်…
လုရှောင်ယန်အကြောင်း ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ကျွင့်မိသားစုမှ အကြီးအကဲအဖွဲ့သည် အမည်မဲ့ဂိုဏ်းဆီသို့ လျှောက်လှမ်းလာခဲ့လေသည်။
နောက်တစ်စက္ကန့်မှာပဲ လေထုက သုသာန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“မင်းတို့ ဘာလို့ရပ်လိုက်တာလဲ?”
“မင်းကရော ဘာလို့မလှုပ်တော့တာလဲ?”
“ငါလှုပ်ရှားနိုင်မယ် မထင်ဘူး။”
“ဒါ အစီအရင်တစ်ခုပဲ! ဒီမှာ သိုင်းဘုရင်အဆင့်အစီအရင်တစ်ခုရှိနေတယ်။”
“မဟုတ်သေးဘူး။ သိုင်းဘုရင်အဆင့်အစီအရင်တစ်ခုက ငါတို့ကိုဘယ်လိုလုပ် ဖိနှိပ်နိုင်မှာလဲ? ငါတို့အားလုံးလည်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေပဲကို။ ငါတို့အားလုံးက ကျွင့်မိသားစုရဲ့အသန်မာဆုံးလက်ရွေးစင်တွေပဲ။ မြင့်မြတ်သောသားတော်ကို ကာကွယ်ပေးဖို့အတွက် ငါတို့အားလုံးကို အိမ်တော်ခွဲအသီးသီးကနေ ရွေးချယ်ထားခဲ့တာ။”
“ဒီမှာ သိုင်းဘုရင်အဆင့်အစီအရင်တစ်ခုတည်းရှိနေတာမဟုတ်ဘူး၊ သိုင်းဘုရင်အဆင့်အစီအရင် ရာပေါင်းများစွာ ရှိနေတာပဲ။ ဒီသိုင်းဘုရင်အဆင့်အစီအရင်တွေက အပြန်အလှန်ဆက်သွယ်မှုရှိတယ်။ ငါတို့ခြေထောက်အောက်မှာ သိုင်းဘုရင်အဆင့်အစီအရင်တစ်ခုတည်း ရှိနေတာဆိုပေမဲ့ ဒါက တခြားသော သိုင်းဘုရင်အဆင့်အစီအရင်တွေနဲ့ပါ ဆက်သွယ်နေတယ်။ ဒီအစီအရင်ကနေ ငါတို့လွတ်မြောက်ချင်ရင် တခြားအစီအရင်တွေကပါ တပြိုင်တည်း အသက်ဝင်လာကြလိမ့်မယ်။ ဒီလိုသာဆို ငါတို့အင်အားတွေ ကွဲထွက်သွားလိမ့်မယ်။ ဒါကြောင့် ငါတို့ ဒီသိုင်းဘုရင်အဆင့်အစီအရင်ကို ချိုးဖြတ်ဖို့မဖြစ်နိုင်ဘူး။”
ထိုအချိန်တွင်ပဲ ကျွင့်မိသားစုမှအကြီးအကဲများမှာ ရုတ်တရက် သူတို့နှလုံးခုန်နှုန်းများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ဒီလူရဲ့ အစီအရင်တည်ဆောက်ခြင်းဆိုင်ရာ အရည်အချင်းက အရမ်းအားကောင်းနေပါလား?
ဘုရားရေ၊ ဒီအစီအရင်ရဲ့အင်အားတစ်ခုတည်းကတင် ကျွင့်မိသားစုတစ်ခုလုံးကို မတူညီတဲ့အမြင်မျိုးဖြင့် ကြည့်သွားအောင် လုပ်ဖို့လုံလောက်ပေသည်။
ဒီလူက အရမ်းအံ့ဩဖို့ကောင်းပြီး အကြင်နာတရားမရှိတဲ့လူပဲ!
ထိုအချိန်မှာပဲ အလွန်အမင်းအင်အားကြီးမားလှသော မိစ္ဆာသားရဲအချို့သည် ရုတ်တရက် ကောင်းကင်ထက်တွင် ပျံသန်းလာကြသည်။ ထပ်တူအင်အားကြီးသောမိစ္ဆာသားရဲတစ်အုပ်သည်လည်း သူတို့ကို ဖြတ်လျှောက်သွားကြသည်။
၎င်းတို့သည် အမည်မဲ့ဂိုဏ်းထဲသို့ဝင်ရန်ကြိုးစားနေသည့် အဆင့်နိမ့်မိစ္ဆာသားရဲတချို့ကို နှင်ထုတ်ခဲ့ကြသည်။
တစ်ဖက်အုပ်စု၏အရှိန်အဝါက သူတို့နှင့် ဆင်တူကြောင်း အာရုံခံမိလိုက်ကာ ကျွင့်မိသားစုမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအပေါင်းတို့ ထိတ်လန့်တုန်လှုပ်သွားလေသည်။
“ဒါ… ဒါက… သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲလား? ဘာလို့ ဒီနေရာမှာ ဒီလောက်များတဲ့ သိုင်းဘုရင်အဆင့် မိစ္ဆာသားရဲတွေရှိနေရတာလဲ? ဘာလို့ သူတော်စင်အဆင့်နဲ့ အကြီးမြတ်ဆုံးအဆင့်က မိစ္ဆာသားရဲတွေအများကြီးကို လိုက်ဖမ်းနေကြတာလဲ?”
လိပ်နက်သားရဲက သူတို့အနားမှဖြတ်သွားချိန်တွင် တစ်ချက်လောက် မကြည့်မိဘဲ မနေနိုင်ခဲ့ပေ။
“ဒါ ဘာမှမဟုတ်ပါဘူး။ ငါတို့အားလုံး အတွေ့အကြုံမရှိလို့ပါ။ ငါတို့သခင်မှာ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲ စုစုပေါင်း ၂၈ကောင်ရှိတယ်။ လောလောဆယ်တော့ ဆယ်ကောင်ထက်မနည်း ပေါ်လာတယ်။”
ခဏလောက်ရပ်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ဟောက်လိုက်သည်။
“လေးတွဲမနေကြနဲ့။ မြန်မြန်သွက်သွက်ဝင်ကြ။ ငါတို့ တခြားအဆင့်မြင့်မိစ္ဆာသားရဲတွေကို ရှာဖို့ရှိသေးတယ်။”
“သ.. သခင်? လုရှောင်ယန်ကို သူတို့သခင်လို့ခေါ်နေကြတာလား?”
လိပ်နက်သားရဲ၏အမူအရာမှာ ရုတ်ချည်းအေးစက်သွားကာ ကောင်းကင်သို့ဦးတည်ပြီး အော်ဟစ်လိုက်သည်။
“ညီအစ်ကိုတို့၊ ဒီကောင်တွေက ငါတို့သခင်ကို နာမည်တပ်ပြီးခေါ်နေကြတယ်။”
“သူတို့ကို လာရိုက်ကြ!”
ချက်ချင်းပင် သိုင်းဘုရင်အဆင့်သားရဲအုပ်လိုက်ကြီးသည် ဟိန်းဟောက်ကာ တဟုန်ထိုးဆင်းလာကြတော့သည်။
ကျွင့်မိသားစုမှသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများမှာ အစီအရင်ထဲတွင် ထောင်ချောက်မိနေကာ သူတို့၏ခွန်အားကို လုံးဝထုတ်မသုံးနိုင်ကြပေ။
ထိုအခိုက်မှာပဲ သူတို့အားလုံး သိုင်းဘုရင်အဆင့်သားရဲများစွာက သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ခြင်းခံလိုက်ကြရတော့သည်။
ခဏကြာပြီးနောက် လိပ်နက်သားရဲနှင့်ကျန်မိစ္ဆာသားရဲတို့က တံတွေးထွေးလိုက်ကာ အမည်မဲ့ဂိုဏ်းထဲသို့ ဝင်သွားကြတော့သည်။
“ခွေးကောင်တေ။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူလေးတွေကများ ငါတို့အမည်မဲ့ဂိုဏ်းမှာလာပြီး မောက်မာပြရဲတယ်ပေါ့? ငါတို့သခင်ကိုများ နာမည်တပ်ပြီးတောင် ခေါ်ရဲလိုက်ကြသေးတယ်။ သေခြင်းတရားကို ဖိတ်ခေါ်နေကြတာပဲ!”
“သခင့်ရဲ့ အနားနီးနေပြီဖြစ်တဲ့တိုက်ပွဲကြောင့်သာမဟုတ်ရင် သူ့ဥနှစ်လုံးကို အခုချက်ချင်း သွားခွဲပစ်မှာ။”
ကျွင့်မိသားစုမှလူများမှာ အလွန်အမင်း နှိပ်စက်ညှဉ်းစဲခံလိုက်ကြရသည်။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ထူမပေးရင်း ကြောက်လန့်တုန်လှုပ်မှုအပြည့်ဖြင့် မြေပေါ်မှကုန်းရုန်းထလိုက်ကြသည်။
“ဒါ ဘယ်လိုဟာသမျိုးလဲ? ဒီလုရှောင်ယန်က သူ့ကိုသခင်အဖြစ်အသိအမှတ်ပြုဖို့အတွက် သိုင်းဘုရင်အဆင့်သားရဲအုပ်လိုက်ကြီးကို ဆင့်ခေါ်ခဲ့တာလဲ?”
“ဒီကောင်က ဘယ်သူများလဲ?”
“အဆင်ပြေပါတယ်။ သူတို့ပြောစကားအရဆို ကြည့်ရတာ နောက်လာမဲ့ ရက်အနည်းငယ်အတွင်း လုရှောင်ယန်မှာ ကြီးကြီးမားမားတိုက်ပွဲတစ်ခု ရှိလာနိုင်ပုံပဲ။ အဲဒီအချိန်ကျရင် ငါတို့တွေလိုက်သွားပြီး ဘေးကနေကြည့်နေနိုင်သ၍ သူဘယ်လောက်တောင် အင်အားကြီးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိလာရမှာပေါ့။”
“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့တွေ မြင့်မြတ်သောသားတော်ကို ကာကွယ်ဖို့ပဲလိုတယ်။ ငါတို့ကို သူ့အတွက် အလုပ်လုပ်ပေးစေချင်တယ်တဲ့လား? စဉ်းတောင်မစဉ်းစားနဲ့။”
“သူ မလုပ်နိုင်ရင် ငါတို့တွေ မြင့်မြတ်သောသားတော်ကို တိုက်ရိုပ်ပဲပြန်ခေါ်သွားကြမယ်။ ဘာပဲဖြစ်ဖြစ် မြင့်မြတ်သောသားတော်ကို ထာဝရသစ်တောရဲ့ ကြီးကျယ်လှတဲ့စုဝေးပွဲကြီးမှာ ပါဝင်ဖို့အတွက် နောက်ကျခွင့်မပြုနိုင်ဘူး။”
….
တစ်ဖက်တွင် …
တောင်ဂိတ်ပေါက်မှ ဝင်လာပြီးနောက် ကျွင့်ပုကျန်းက ချက်ချင်းပင် သူ၏ဆရာတူအစ်ကို အစ်မများထံသို့ သွားရောက်လည်ပတ်ခဲ့သည်။
သူ ခန်းမဆောင်သို့ရောက်သွားကာ ဆရာတူအစ်ကိုအစ်မများကို မြင်လိုက်ချိန်မှာတော့ အကြောင်းတစ်မျိုးမျိုးကြောင့် အံ့ဩသွားမိလေသည်။
ဒါက အမည်မဲ့ဂိုဏ်းရဲ့ ဆရာတူအစ်ကိုနဲ့ အစ်မတွေလား?
ဒါအကုန်ပဲလား?
ဘာလို့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ တစ်ယောက်တောင်မှ မရှိရတာလဲ?
စိတ်ရှုပ်ထွေးမှုနှင့်အတူ ခန်းမဆောင်ထဲသို့ လှမ်းဝင်ခဲ့လိုက်သည်။
“အားလုံးပဲ… မင်းတို့အားလုံးက အမည်မဲ့ဂိုဏ်းရဲ့ ဆရာတူအစ်ကိုနဲ့အစ်မတွေလား?”
ယွင်လီကောနှင့်ကျန်လူများအားလုံး ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။
တစ်ယောက်ချင်း သူတို့၏အထောက်အထားများကို မိတ်ဆက်ပြီးသွားသည့်နောက်မှာတော့၊ “ဆရာက မင်းနဲ့ပတ်သတ်ပြီး သူ့အတွေးတွေကို ပြောလာခဲ့တယ်။ ငါကြားတာတော့ မင်းရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်တယ်ဆိုပဲ။”
ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူး။”
“ဂျူနီယာညီငယ်က တကယ်ကို နှိမ့်ချလွန်းတာပဲ။ မင်းက သိုင်းဘုရင်ပထမအဆင့်ကိုရောက်နေတာတောင်မှ အရမ်းနှိမ့်ချပြောနေသေးတယ်။ ငါတို့ထဲမှာတော့ သိုင်းဘုရင်အဆင့်ကိုရောက်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ ဒါပေမဲ့ ငါတို့ထဲက တချို့ကတော့ ရောက်ဖို့ သိပ်မကြာတော့ပါဘူး။ ဂျူနီယာညီမ ကျီချုံနဲ့ ဂျူနီယာညီငယ် ရှင်းနျန်တို့က အနည်းဆုံး နောက်၂လလောက်နေရင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေဖြစ်လာတော့မှ၊ ဟုတ်တယ်မလား?”
ကျွင့်ပုကျန်း : “???”
သူမြင်တာမမှားရင် သူတို့အဖွဲ့ထဲက အနည်းငယ်လောက်ကသာ သူတော်စင်အဆင့်ကိုရောက်နေကြတာလေ။
ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်တဲ့ ကျူးကောကျီချုံဆိုရင်တောင်မှ အခုမှ သူတော်စင်အဌမအဆင့်ပဲ ရှိသေးတယ်။
လူတစ်ယောက်၏ကျင့်ကြံဆင့်က မြင့်မားလာလေ အဆင့်သေးတစ်ဆင့်တက်ဖို့ကပင် များစွာနှေးကွေးလာလေဖြစ်ကြောင်း သိထားရမည်။
ပင်ကိုအရည်အချင်းကောင်းရှိသူဆိုလျှင်တောင်မှ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်ကနေ မွေးဖွားမှုအဆင့်ကိုရောက်ဖို့ရန် အချိန်တစ်နှစ်ပေးရသည်။
သူတော်စင်ပထမအဆင့်မှ သူတော်စင်ဒုတိယအဆင့်သို့ရောက်ဖို့ဆိုလျှင်တော့ နှစ်ဆယ်ဂဏန်းမှ ရာပေါင်းများစွာအထိ အချိန်ပေးရလေသည်။ တချို့လူများဆိုလျှင် သူတို့ဘဝတစ်သက်တာ ကုန်ဆုံးသွားသည်အထိ အဆင့်မတက်နိုင်တော့သည်များလည်း ရှိသည်။
ကျွင့်ပုကျန်းပင်လျှင် သိုင်းဘုရင်အဆင့်သို့တက်လှမ်းနိုင်ရင် များစွာအားထုတ်ခဲ့ရသည်။
ထိုထဲတွင် အခွင့်အလမ်း၊ ကံကောင်းမှု၊ ပါရမီ၊ အချိန်အခါ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်စသည်တို့ဟာ မရှိမဖြစ်များပင်။
သူမှတ်မိနေသေးသည်။ ကျွင့်မိသားစု၏မြင့်မြတ်သောသားတော်တစ်ယောက်အနေနှင့် သူသည် အခြေခံအားဖြင့် သူလိုအပ်သမျှတိုင်းကို ရရှိခဲ့ပေသည်။ ဒါတောင်မှ သူအဆင့်သေးတစ်ဆင့်တက်တိုင်း အနည်းဆုံး အချိန်ဆယ်နှစ်ယူခဲ့ရသည်။
တခါတလေဆို ဆယ်နှစ်နဲ့တောင် လုပ်နိုင်ပါ့မလားဟု ယုံကြည်ချက်မရှိဖြစ်တတ်သည်။
ဒါကို အလွန်ကောင်းသည်ဟု ယူဆ၍ရပေသည်။ သူ့လိုလူမျိုးကို ပါရမီရှင်တစ်ယောက်ဟုပင် ပြောလို့ရသည်။
သို့သော်လည်း အခုချိန်မှာတော့ ယွင်လီကောနှင့်ကျန်လူများက ကျူးကောကျီချုံနှင့်ကျန်လူများသည် လအနည်းငယ်အတွင်း သိုင်းဘုရင်အဆင့်သို့ရောက်နိုင်မည်ဟု ပြောနေကြလေသည်။ လာနောက်နေတာလား!
“ကောင်းပြီ၊ အပိုတွေမပြောကြနဲ့တော့။ တိုက်ပွဲက အရမ်းနီးကပ်နေပြီ။ အနာဂတ်မှာ ငါတို့တွေ တစ်ယောက်အကြောင်းတစ်ယောက်သိနိုင်ဖို့ အချိန်တွေအများကြီးရှိသေးတယ်။ အခုတော့ အရင်ဆုံး မင်းကျင့်ကြံဖို့အတွက် ကူညီပေးမယ်။”
ကျွင့်ပုကျန်း၏စိတ်ရှုပ်ထွေးနေမှုကို ချိုးဖျက်ကာ ယွင်လီကော စကားထပ်ပြောလိုက်ပြန်သည်။
ထို့နောက် ယွင်လီကောက ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
“ဒီမှာ သိုင်းဘုရင်အဆင့်ဆေးလုံး ၂၀၀၊ သိုင်းဘုရင်အဆင့်သွေးဆေးလုံး၊ သိုင်းဘုရင်အဆင့်ခြင်ဆီဆေးလုံး၊ သိုင်းဘုရင်အဆင့်ဝိညာဉ်ဆေးလုံးနဲ့ တခြားဟာတွေပါတယ်… အားလုံးက အရမ်းအဖိုးတန်တဲ့ဆေးလုံးတွေချည်းပဲ။”
တစ်ဖက်လူ၏နှလုံးသားမှာ ရုတ်ချည်း တုန်လှုပ်သွားရတော့သည်။
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now