အပိုင်း ၂၇၇ ထာဝရသစ်တော

357 60 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၇ ထာဝရသစ်တောရှေးဟောင်းအထွတ်အထိပ်အဆင့် သတ်မှတ်ခြင်း၏ အစ... ရှီမိသားစု...

ထာဝရသစ်တောရှိ ထိပ်တန်းမိသားစု(၁၀)စုထဲမှ မိသားစုတစ်ခုအနေဖြင့် ရှီမိသားစုသည် ထာဝရသစ်တောထဲတွင် ထူးခြားသော အဆင့်အတန်းတစ်ခု ရှိခဲ့ကြသည်။

ဤအရာက ရှီမိသားစုဝင်များ၏ အဆက်မပြတ် ကြိုးစား အားထုတ်မှုနှင့် နီးကပ်စွာ ပတ်သက်မှုရှိလေသည်။

ရှီမိသားစု၏ အကြီးအကဲတောင်မှ တစ်ချိန်လုံး ကျင့်ကြံနေခဲ့သည်။

သို့သော် ဤအချိန်တွင် ပုဂ္ဂိုလ်တစ်ယောက်၏ ရုတ်တရက် ကျူးကျော်မှုက ရှီမိသားစု၏ ငြိမ်းချမ်းမှုကို အဆုံးသတ်ခဲ့သည်။

"ခေါင်းဆောင်... ခေါင်းဆောင်... မကောင်းတာတစ်ခုခု ဖြစ်ပြီ။ မကောင်းတာတစ်ခုခု ဖြစ်ပြီ!"

ရှီမိသားစု၏ ခေါင်းဆောင်ဖြစ်သူက သူ၏ကျင့်ကြံခြင်းမှ နိုးလာခဲ့ပြီး မျက်ခုံးများက အနည်းငယ် မြင့်တက်သွားကာ သူ၏ အမူအရာက အတော်လေး ဒေါသထွက်သွားခဲ့သည်။

"ဘာဖြစ်နေတာလဲ?.. ဘာကိုလန့်တာလဲ?..."

ထိုအခါ ရှီမိသားစုနောက်လိုက်က ကျောက်စိမ်းစလစ်တစ်ခုကို အလောတကြီး လှမ်းပေးလိုက်သည်။

"ခေါင်းဆောင်၊ ဒါကို တစ်ချက်ကြည့်လိုက်။ ဒီဟာကို ဖတ်ပြီးရင် ကျုပ်ကိုထပ်ပြီး မကျေမနပ်ပြောတော့မှာ မဟုတ်ဘူး။"

ရှီမိသားစု၏ခေါင်းဆောင်ဖြစ်သူက ၎င်းထဲသို့ သူ၏စိတ်အာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။

"ရှေးဟောင်းအထွတ်အထိပ်အဆင့်... ဒါကဘာလဲ?.."

"ကျုပ်မသိဘူး။ ဒါပေမယ့် အခုဒီဟာက အပြင်ကို တောမီးလိုပျံ့နေပြီ။ ဒါက ဒီကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ စွမ်းအားအဆင့် သတ်မှတ်ချက်ကို ပြောထားတာ။"

"အိုး? ဘယ်လောက်တောင် စိတ်ကြီးဝင်လိုက်လဲ။ ဒီလိုဟာမျိုးတွေအတွက် အဆင့်သတ်မှတ်တာတောင် ရှိတာလား?"

ထို့နောက် ရှီမိသားစု၏ ခေါင်းဆောင်ဖြစ်သူက ချက်ချင်း အာရုံစူးစိုက်ကာ အဆင့်များကို ကြည့်လိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now