အပိုင်း ၂၄၆

416 57 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၆ ဘာလူသားလဲ? သူက ငါ့ရဲ့ချစ်လှစွာသောသခင်ကွ!

လုရှောင်ယန်၏အသံကိုကြားတော့ အစတွင် လိပ်နက်ကြီးသည် ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
“လူသား! ဘာလို့ နိမ့်ကျတဲ့လူသားတစ်ယောက်က ရှေးဟောင်းတောင်နယ်နိမိတ်မှာ ပေါ်လာရတာလဲ? မင်း၊သားရဲစုတ်လေး၊ မင်းက လူသားတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့။ ငါ မင်းကိုသတ်ပစ်မယ်။”
လိပ်နက်ကြီးသည် ရုတ်တရက်ဆိုသလို လောကစည်းမျဉ်းတို့ပါဝင်နေသည့်ဟိန်းဟောက်သံဖြင့် ရွှေလက်မောင်းလူဝံကို တိုက်ခိုက်တော့သည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ရာအသံကြီးသည် ချက်ချင်းဆိုသလို မီတာသောင်းကျော်အထိ လွင့်ပျံသွားကာ ကြားခံနေရာလွတ်ကိုပင် ဆုတ်ဖြဲပစ်သည်။
ရွှေလက်မောင်းလူဝံသည်တော့ နေရာတွင်ပဲ တောင့်တောင့်ကြီးဖြင့် ဆီးထွက်ကျသွားတော့သည်။
ကံကောင်းစွာဖြင့် လုရှောင်ယန်က ချက်ချင်းဆိုသလို သူ့ရှေ့သို့ နေရာကူးပြောင်းလိုက်ကာ လောကစည်းမျဉ်းများကို သူ့လက်တစ်ဖက်ဖြင့် ကာစည်းပေးထားခဲ့သည်။
လိက်နက်သားရဲက အေးစက်စွာပြုံးလိုက်သည်။
“သူဘာလို့များ လူသားတွေနဲ့ပူးပေါင်းရဲရလဲ သိချင်နေမိတာ။ မင်းက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်နေလို့ကိုး။ ဒါပေမဲ့ မင်းဘာမင်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်နေရင်တောင် ရှေးဟောင်းတောင်နယ်နိမိတ်ကို ကျူးကျော်ရဲရင် ငါမင်းကို သတ်ဦးမှာပဲ။”
လိပ်နက်သားရဲ ထပ်မံတိုက်ခိုက်လာသည်နှင့် လုရှောင်ယန်က ရွှေလက်မောင်းလူဝံကို တွန်းထုတ်လိုက်ကာ ရွှမ်ဟွမ်ဓားကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။
မိစ္ဆာသားရဲများသည် နဂိုမူလကိုက မာနကြီးကာ သူတို့ကိုယ်သူတို့သာ အထင်ကြီးတတ်ကြပြီး လူသားများကိုတော့ အထင်သေးလေသည်။ သူတို့ကို သိမ်းသွင်းဖို့အတွက် မရိုက်နှက်ဘူးဆိုလျှင် ကောင်းကောင်းမွန်မွန်ဆွေးနွေးဖို့ကိုတော့ မေ့ထားလိုက်တော့။
ဘာမှထွေထွေထူးထူးပြောမနေတော့ဘဲ လုရှောင်ယန်သည် အဇူရာကြာပန်းဓားပညာကို ထုတ်သုံးလိုက်သည်။
ရွှမ်ဟွမ်ဓားမှ ဓားအလင်းတန်းသည် မီတာတစ်သိန်းလောက်အထိ ပျံ့နှံ့သွားကာ ရှေ့သို့တိုးဝင်သွားသည်။ ညဉ့်နက်ယံတွင် ထိုအလင်းတန်းသည် နှလုံးသားကိုလှိုက်ဖိုစေပြီး ကောင်းကင်တစ်ခုလုံးကို လင်းလက်သွားစေခဲ့သည်။
လိပ်နက်သားရဲကတော့ အလွန်အထင်သေးဟန်ဖြင့် ပြုံးလိုက်တုန်းပင်။
“လူသားတစ်ယောက်ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ငါတို့မျိုးနွယ်သွေးမျိုးဆက်နဲ့ လောကစည်းမျဉ်းတွေရောနှောနေရုံပဲ။ ဘယ်လိုလုပ်ပြီး ငါတို့သားရဲမျိုးနွယ်ရဲ့သဘာဝနတ်ကျင့်စဉ်ကို ယှဉ်နိုင်မှာလဲ? သေစမ်း!”
လိပ်နက်သားရဲက သူတို့နှစ်ယောက်သာ ထိပ်တိုက် တိုက်ခိုက်ကြလျှင် လုရှောင်ယန် သေချာပေါက် သေရလိမ့်မည်ဟု ခံစားမိသည်!
အကြောင်းကတော့ သူ့တွင်က နတ်သားရဲ၏ လိပ်နက်သွေးမျိုးဆက်ရှိနေခြင်းကြောင့်ပင်။
လိပ်နက်သားရဲသည် ခုခံရေးတွင်ဦးဆောင်သူအနေအထားရှိသည်။ လိပ်နက်သွေးမျိုးဆက်၏ခုခံနိုင်စွမ်းသည် ကမ္ဘာပေါ်ရှိ အခြားသောမိစ္ဆာသားရဲတို့ထက် အဆဒါဇင်ပေါင်းများနီးပါး သန်မာလေသည်။
၎င်းသည် လုရှောင်ယန်လိုမျိုး သိုင်းဘုရင်အဆင့်ဖြစ်ကာ တိုက်ခိုက်နိုင်စွမ်းတူညီသော်လည်း ၎င်း၏ကာကွယ်နိုင်စွမ်းက လုရှောင်ယန်ထက် အဆပေါင်းများစွာ သန်မာလေသည်။ လုရှောင်ယန်သာ ၎င်း၏အကာအကွယ်ကို မချိုးဖြတ်နိုင်ခဲ့လျှင် ဘယ်လိုလုပ်ရှုံးနိုင်တော့မှာလဲ။
သို့သော်လည်း လုရှောင်ယန်၏ဓား ပြန်ကျလာချိန်မှာတော့ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ မဟုတ်သေးဘူး၊ အရမ်းမှားနေတာ။
လိပ်နက်သားရဲ၏ချွန်ထက်သည့်လက်သည်းရှည်များသည် လုရှောင်ယန်နှင့် ဆယ်မီတာလောက်သာ ကွယ်ဝေးတော့ချိန်တွင် လုရှောင်ယန်၏ဓားအလင်းတန်းက မယုံကြည်နိုင်လောက်စရာစွမ်းအားဖြင့် ၎င်း၏လိပ်ခွံကို ပြင်းထန်စွာ ထိုးခွဲသွားခဲ့သည်။ ဓားချက်တစ်ချက်လေးနဲ့တင် သူအရမ်းဂုဏ်ယူနေခဲ့သည့်အကာအကွယ်သည် တိုက်ရိုက်ချိုးဖြတ်ခံလိုက်ရပေပြီ။
“ဘာ?”
လိပ်နက်သားရဲ၏နှလုံးမှာ ချက်ချင်းတုန်လှုပ်သွားတော့သည်။
“မဖြစ်နိုင်ဘူး!”
ဘယ်လိုလုပ်ပြီး လုရှောင်ယန်က တစ်ချက်တည်းနဲ့ သူ့အကာအကွယ်ကို ဖျက်ဆီးနိုင်မှာလဲ?
သူ၏ကျင့်ကြံဆင့်သည် သေချာပေါက်ကို သိုင်းဘုရင် တတိယအဆင့်ဖြစ်သည်။ လိပ်နက်သားရဲသည် သိုင်းဘုရင်ဒုတိယအဆင့်သာဖြစ်သော်လည်း လုရှောင်ယန်အနေနှင့် ၎င်း၏အကာအကွယ်ကို ချိုးဖြတ်ဖို့ဆိုလျှင် အနည်းဆုံး သိုင်းဘုရင်ပဉ္စမအဆင့်ရှိရပေမည်။
တစ်ခုခုတော့မှားနေပြီ!
လက်နက်ကြောင့်များလား!
ထိုအချိန်မှာပဲ လုရှောင်ယန်၏လက်နက်က တစ်ခုခုထူးဆန်းနေမှန်း လိက်နက်သားရဲ သတိထားမိသွားခဲ့သည်။ လုရှောင်ယန်၏လက်နက်သည် ရွှေရောင်ဖျော့ဖျော့အစား တောက်ပသည့်ရွှေရောင်တောက်တောက်အလင်းကို ထုတ်လွှတ်နေသည်။
ဒါက နတ်လက်နက်လို့ ဆိုလိုနေတာမဟုတ်လား!
ဒီသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူမှာ တကယ်ပဲ နတ်လက်နက်တစ်ခုရှိနေတာလား?
မလန့်သွားနဲ့!
သူသေချာပေါက် လန့်သွားလို့မဖြစ်ဘူး။
ထို့ကြောင့် လိပ်နက်သားရဲသည် ၎င်း၏စိတ်ကိုတည်ငြိမ်စေရန်အတွက် လိပ်ခွံထဲတွင် ပုန်းဖို့ရန် ဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူတွင် နတ်လက်နက်တစ်ခုရှိနေရုံဖြင့် လိပ်နက်သားရဲ စိတ်ပျက်အားလျော့သွားမည်မဟုတ်ပေ။
၎င်း၏စစ်မှန်သောခွန်အားသည် သိုင်းဘုရင်အဆင့်လက်နက်၏မာကြောမှုထက်သာလွန်သော ၎င်း၏လိပ်ခွံဖြစ်သည်။
ဝိညာဉ်စွမ်းအား၏အကာအကွယ်မပါဘဲနဲ့တောင် ၎င်း၏လိပ်ခွံသည် လုရှောင်ယန်၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသေးသည်!
တစ်ဖက်လူ၏ကျင့်ကြံဆင့် ဒါမှမဟုတ် တိုက်ခိုက်မှုက ဘယ်လောက်ပဲ အားကောင်းနေပါစေ ၎င်းသာ လိပ်ခွံထဲပုန်းနေလျှင် တစ်ဖက်လူအနေနှင့် သေချာပေါက် ဘာမှတတ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း!
ထိုအချိန်မှာပဲ ထပ်ပြီး မှားတွက်မိပြန်သည်။
ဓားအလင်းတန်းက လိပ်ခွံပေါ်သို့ကျရောက်သွားချိန်မှာပဲ လုရှောင်ယန်က စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းလိုက်လေသည်။
စစ်မှန်သောထုတ်ဖော်ခြင်းနှင့်တွဲဆက်ထားသည့်ဓားအလင်းတန်းကြောင့် လိပ်နက်သားရဲ၏အကာအကွယ်ဘယ်လောက်ပဲ အားကောင်းနေပါစေ အသုံးမဝင်ဖြစ်သွားတော့သည်။
ဘုန်း!
နောက်ဆုံးမှာတော့ ဓားအလင်းတန်းသည် လိပ်ခွံပေါ်သို့ ကျရောက်သွားခဲ့သည်။
လိပ်နက်သားရဲမှာ ချက်ချင်းပင် သွေးအန်သွားကာ ပြင်းထန်လှသည့်ဖိအားကြောင့် ၎င်း၏ခေါင်း၊ ခြေချောင်းများနှင့် အမြီးမှာ လိပ်ခွံထဲကနေပြီး ကန်ထွက်သွားတော့သည်။
၎င်း၏မျက်လုံးများသည်လည်း ပေါက်ကွဲထွက်တော့မလို သွေးနီကြောများထင်းထွက်နေလေသည်။
“မင်း အရမ်းလွန်သွားပြီ။ မင်းကို အသေသတ်ပစ်မယ်!”
လိပ်နက်သားရဲသည် ၎င်း၏ရှိသမျှခွန်အားများနှင့် လောကစည်းမျဉ်းတို့ကို ပေါင်းစပ်ကာ ၎င်း၏ပါးစပ်ကြီးထဲတွင် စုဝေးလိုက်ပြီး ဗုံးတစ်လုံးလိုမျိုး လုရှောင်ယန်ထံသို့ ပစ်လွှတ်လိုက်သည်။
ဘုန်း!
ကြီးမားသည့်အလင်းတန်းကြီးသည် လုရှောင်ယန်ကို ဝါးမြိုသွားသည့်အပြင် လုရှောင်ယန်နောက်သို့ ကီလိုမီတာပေါင်းများစွာအထိကို လျှိုမြောင်ကြီးဖြစ်သွားစေသည်။
ထိုအချင်းအရာဖြင့်ပင် တိုက်ခိုက်မှုက မည်မျှအားကောင်းမှန်း ခန့်မှန်း၍ရပေပြီ။
သေလိုက်စမ်း လူသားကောင်၊ မင်းကို ဘယ်သူက ငါနဲ့လာတိုက်ခိုင်းလို့လဲ? ငါကျင့်ကြံလာတာ နှစ်တစ်သောင်းနီးပါးရှိနေပြီ။ ငါက ဘာကိုကြောက်နေရ… ဟမ်?
လိပ်နက်သားရဲ အဆုံးထိမတွေးလိုက်နိုင်ခင်မှာပဲ လုရှောင်ယန်က ထိုအလင်းတန်းကြားမှနေပြီး လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။
“သေစမ်း!”
လိပ်နက်သားရဲ၏လောကအမြင်တို့ ချက်ချင်းကွဲကြေသွားလေတော့သည်။
ဒီကောင်စုတ်က မဟုတ်မှ လိပ်နက်မျိုးနွယ်စုကများလား?
ဘာလို့ သူ့ရဲ့အကာအကွယ်စွမ်းရည်က ဒီလောက်တောင် အားကောင်းနေရတာလဲ?
တစ်ခုခုတော့ မှားနေပြီ!
တစ်ခုခုတော့ မှားနေပြီ!
လူသားတွေအနေနဲ့ ကျင့်ကြံဆင့်တစ်ခုတည်းနဲ့တင် အလွယ်တကူခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အားနည်းသည်ဆိုဆို သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်ဖြစ်နေတုန်းပင်။
တစ်ဖက်လူက သေချာပေါက် ချပ်ဝတ်တစ်ခုခုကို ဝတ်ထားလို့ပဲ… ဒါ့အပြင် သာမာန်ချပ်ဝတ်တစ်ခုလဲ မဟုတ်နိုင်ဘူး။
တစ်ဖက်လူမှာ တိုက်ပွဲသုံးနတ်လက်နက်တစ်ခုရှိနေမှတော့ နတ်ချပ်ဝတ်တန်ဆာတစ်ခုလဲ သေချာပေါက် ရှိနေနိုင်တယ်။
ဒီကောင်က အရမ်းအားကောင်းလွန်းတယ်။ သူ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဒီတော့ ပြေးရမှာပေါ့!
မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်နက်သားရဲသည် အချက်အလက်အားလုံးကို ခွဲခြမ်းစိတ်ဖြာကာ လုရှောင်ယန်သည် ၎င်း၏ပြိုင်ဘက်မဟုတ်ကြောင်း သိရှိသွားတော့သည်။
ဒါကြောင့် တုံ့ဆိုင်းခြင်းမရှိ အမြန်ဆုံးနည်းနှင့် လှည့်ပြေးတော့သည်။
လူတိုင်းကတော့ လိပ်နက်သွေးမျိုးဆက်၏အကာအကွယ်စွမ်းအားသည် အလွန်အားကောင်းသည်ဟု တွေးကြသည်။ တကယ်တမ်း တလောကလုံး မသိသေးသည်က လိပ်နက်သွေးမျိုးဆက်၏ အရှိန်သည် ဇာမဏီနှင့်ကျားဖြူတို့ထက် နှေးကွေးသော်လည်း ကျန်သွေးမျိုးဆက်အများစုကိုတော့ ကျော်လွန်နေသေးသည်ကိုပင်။
သို့သော်လည်း လိပ်နက်သားရဲသည် အလွန်ကြီးမားကာ ၎င်း၏ခန္ဓာကိုယ်သည် အလွန်လေးလံလှသည်။ ၎င်း၏အရှိန်က ခရီးဝေးအတွက်ဆိုလျှင် မြန်ကောင်းမြန်နိုင်သော်လည်း ခရီးတိုအတွက်ဆိုလျှင်တော့ နှေးသည်ဟု ဆိုနိုင်သေးသည်။
၎င်းအနေဖြင့် ရေကန်ထဲသို့ပြန်လည်ထွက်ပြေးရုံသာ လိုအပ်ပေသည်။
ဤရေကန်၏အောက်ခြေသည် သိပ်သည်းလေးလံရေ၏အလွှာတစ်ခုဖြစ်သည်။ သိပ်သည်းလေးလံရေတွင် ထူးဆန်းသည့်စွမ်းရည်တစ်ခုရှိကာ မြေတုံး ကျောက်ခဲများထက်ပင်လေးလံသည်။ ထို့အပြင် ထိုရေထဲရောက်သွားသည်နှင့် ရုန်းကန်လေ ဖိအားက ပိုမိုပြင်းထန်လာလေဖြစ်မည်။
လိပ်နက်မျိုးနွယ်မှလွဲ၍ တခြားသောမျိုးနွယ်များသည် ထိုဖိအားကိုရင်ဆိုင်ဖို့ ခက်ခဲပေသည်။
သူသာ ရေကန်အောက်ခြေကို လွတ်မြောက်နိုင်သ၍ လုရှောင်ယန်က လိုက်ဖမ်းနိုင်တော့မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူလည်း ရေကန်အောကခြေတွင် ခဏလောက်ပုန်းနေကာ လုရှောင်ယန် ဘယ်လောက်ကြာကြာ ဆက်နေနိုင်မလဲ စောင့်ကြည့်တာပေါ့!
သူထွက်လာသည်အထိစောင့်ဖို့ရန်အတွက်တော့ လုရှောင်ယန်က သူ့ဘဝသက်တမ်းကို အလဟဿ မဖြုန်းလောက်ဘူးမဟုတ်လား။
ဒါက ၎င်းအတွက်တော့ သေးငယ်သည့်ပန်းတိုင်တစ်ခုသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နှစ်တစ်သောင်းလောက်တောင် ရေကန်ထဲက ထွက်ခဲ့သည်မှမဟုတ်ဘဲ။
လိပ်နက်သွေးမျိုးဆက်၏တစ်သက်တာသည် လုရှောင်ယန်၁၀ယောက်ပေါင်းလျှင်ပင် လိုက်မီနိုင်သည့်အရာမဟုတ်ပေ။
သို့သော်လည်း ထိုအချိန်မှာပဲ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ပုံမှန်သာဆို သူ ရေကန်ထဲရောက်နေသင့်ပြီမဟုတ်လား။
၎င်း၏အရှိန်သည် အလွန်လျင်မြန်ကာ တခဏတွင်းချင်း ရေကန်ထဲသို့ပြန်ရောက်ဖို့ရန် လုံလောက်သည်။ သို့သော်လည်း အခုတော့ စက္ကန့်ပေါင်းများစွာပင် ကုန်ဆုံးသွားသည့်ပုံပင်။
လက်ရှိတွင် ၎င်းသည် လေထဲမှာမျောလွင့်နေမြဲဖြစ်နေတုန်းပင်။
“ဒါ အစီအရင်များလား? မင်း နေရာလွတ်စွမ်းအားကို ပိတ်ပင်ဖို့အတွက် အစီအရင်သုံးထားတာပဲ။ နိမ့်ကျလိုက်တဲ့လူသား၊ မင်း ဒီထက်အရှက်မဲ့နိုင်ပါဦးမလား?”
အတွေးတစ်ချက်ဖြင့် လုရှောင်ယန်သည် ၎င်း၏ရှေ့မှောက်သို့ ရောက်ရှိလို့သွားသည်။
“ငါ့ကိုလွှတ်ပေးစမ်း! နိမ့်ကျတဲ့လူသား၊ မင်းမှာ သတ္တိရှိရင် ငါနဲ့နောက်ထပ် ပွဲ၃၀၀လောက် လာတိုက်ခိုက်လိုက်လေ!”
“မင်း စိတ်ကျေနပ်စေရမှာပါ။”
လုရှောင်ယန်သည် ရှေးဟောင်းဧကရာဇ်ကျမ်းကို အားအပြည့်ထည့်ကာ လက်သီးချက်ပေါင်း၁သောင်းလောက်ပစ်လွှတ်ပြီး လိပ်နက်သားရဲကို တိုက်ခိုက်တော့သည်။
စစ်မှန်သောအမြင်အာရုံသုံးပါးကို အဆုံးစွန်အထိအသုံးချထားကာ လှုပ်ရှားမှုတိုင်းက ၎င်း၏လိပ်ခွံကိုဖြတ်၍ အတွင်းရှိကိုယ်ထည်ကို အလွယ်တကူ ထိခတ်သွားစေသည်။
“အား! နိမ့်ကျတဲ့လူသား၊ ငါ့ကိုလွှတ်ပေးပြီး အတူတိုက်ခိုက်မယ်လို့ပြောနေတယ်လေ၊ ဒီလိုမျိုး ငါ့ကိုမဖိနှိပ်ထားနဲ့!”
….
“မင်းသတ္တိရှိရင် ငါ့ကိုလွှတ်လိုက်စမ်း!”
….
“မင်းမှာ သတ္တိရှိရင် ခဏရပ်လိုက်။ ငါအသက်ရှူပါရစေဦး။”
….
“မင်းကိုယ်မင်း အရမ်းရက်စက်တယ်မထင်ဘူးလား။ မတိုက်တော့နဲ့။ ငါအရှုံးပေးတယ်!”
….
ထိုတော့မှ လုရှောင်ယန် ရပ်လိုက်သည်။ လိပ်နက်သားရဲလဲ ဟောဟဲလိုက်နေကာ ၎င်း၏အရှိန်အဝါတို့မှာ သုညအထိ လျော့ကျသွားပြီး တစ်ကိုယ်လုံး အားနည်းပျော့ခွေနေတော့သည်။
လိပ်နက်သားရဲမှာ အလွန်အမင်းဝမ်းနည်းနေလေသည်။ သူဒီလိုမျိုး အားနည်းခဲ့ဖူးတာ နှစ်ပေါင်း၈ထောင်ကျော်ကြာခဲ့ပြီမှန်း မှတ်မိနေသေးသည်။ သူ ငယ်ရွယ်ခဲ့ချိန်တုန်းက လိပ်မသုံးကောင်နှင့် ကာမဆက်ဆံခဲ့ရာမှ ပြန်လည်သက်သာဖို့ရန် အချိန်သုံးရက်လောက် အနားယူခဲ့ရသည်။
လူသားတစ်ယောက်ကြောင့် အခုလိုအခြေအနေမျိုးအထိဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အရမ်း ရှက်ဖို့ကောင်းတာပဲ။
“ငါ မင်းကိုအခုပဲ ငါ့ရဲ့အစေခံအဖြစ် လိုချတယ်။ မင်း ဆန္ဒရှိရဲ့လား?”
“အဲလိုလုပ်လို့ မင်းငါ့ကို အရိုက်ရပ်ပေးမယ်ဆိုရင် ဆန္ဒရှိတယ်။”
“ဒါဆို မင်းဆန္ဒရှိတယ်လို့ မှတ်လိုက်ပြီနော်။”
ထို့နောက် လုရှောင်ယန်သည် သားရဲထိန်းချုပ်ခြင်းပညာကို သံဒးကာ လိပ်နက်ကို ယဉ်ပါးစေပြီး သူ၏တပ်သားသစ်အဖြစ် သိမ်းသွင်းလိုက်တော့သည်။
ထို့နောက်၊ “အခု၊ ငါ့မှာ ပထမဆုံးအမိန့်ရှိတယ်။ တခြား သိုင်းဘုရင်အဆင့်မိစ္ဆာနတ်ဆိုးတွေကို ခေါ်လာခဲ့ပေး။”
လိပ်နက်သားရဲ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။
“ဒါ မဖြစ်နိုင်ဘူး။ ငါက မင်းလက်အောက်ရောက်သွားပြီဆိုပေမဲ့ သားရဲတစ်ကောင်ဖြစ်နေတုန်းပဲ! မင်းငါ့ကို ဘာအမိန့်ပေးပေးရတယ်၊ ဒီနေရာမှာပဲ သေခိုင်းလိုက်ရင်တောင်ရတယ်… ဒါပေမဲ့ သားရဲမျိုးနွယ်နဲ့ ငါ့ရဲ့တခြာသောမျိုးနွယ်ဝင်တွေအပေါ် သစ္စာဖောက်ခိုင်းဖို့တော့ မဖြစ်နိုင်ဘူး။”
၎င်းက ခဏရပ်လိုက်ပြီးနောက် အဇူရာနွားထီးတို့ကို အလွန်အမင်းအထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
“ရှက်စရာပဲ၊ ငါတို့သားရဲမျိုးနွယ်အတွက် အရှက်ရစရာပဲ!”
အဇူရာနွားထီးတို့မှာ ရှက်ရွံ့ကာ ခေါင်းငုံသွားခဲ့ကြသည်။
လုရှောင်ယန်က နတ်သားရဲဥတစ်လုံးကို ထုတ်ယူလိုက်သည်။
“မင်း ဒါကိုမှတ်မိလား?”
အစကတည်ငြိမ်နေခဲ့သည့် လိပ်နက်သားရဲမှာ တုန်လှုပ်သွားတော့သည်။
“ဒီရောင်ဝါက… ဒါလိပ်နက်သွေးမျိုးဆက်ရဲ့ နတ်သားရဲဥမဟုတ်လား? ဘုရားရေ! မင်းဘယ်ကနေရလာတာလဲ?”
ကမ္ဘာပေါ်ရှိ မိစ္ဆာသားရဲများအားလုံးတွင် ဝိညာဉ်များရှိကြကာ ၎င်းတို့၏ခွန်အားတိုးတက်ဖို့ရန် ၎င်းတို့၏သွေးမျိုးဆက်အပေါ် မူတည်ကြသည်။
သာမာန်မိစ္ဆာသားရဲတို့သည် နတ်သားရဲဥနှင့်တွေ့ကြုံရချိန်တွင် သူတို့၏သွေးမျိုးဆက်ထက်အဆင့်မြင့်တာကြောင့် ကြောက်ရွံ့ကြပေသည်။
သို့သော်လည်း သိုင်းဘုရင်အဆင့်ရောက်နေပြီဖြစ်သည့် မိစ္ဆာသားရဲသည်တော့ ထိုသို့မဟုတ်ပေ။
၎င်းတို့အတွက် နတ်ဘုရားဖြစ်ဖို့ရန်လမ်းကြောင်းပွင့်သွားပြီဖြစ်၍ ၎င်းတို့၏ကိုယ်ထဲမှ သွေးမျိုးဆက်မှာ လုံးဝနိုးထသွားပြီဖြစ်ကာ နတ်သားရဲများဖြစ်လာကြခြင်းကြောင့်ပင်။
၎င်းတို့၏သွေးမျိုးဆက်အင်အားကောင်းလေ နတ်ဘုရားဖြစ်ဖို့ရန် အခွင့်အရေးပိုများလေပင်။
ဤနတ်သားရဲဥတွင် သန့်စင်သောလိပ်နက်သွေးမျိုးဆက်ရှိသည်။ ၎င်းကိုသာ စားလိုက်မည်ဆိုလျှင် လိပ်နက်စွမ်းအားဘယ်လောက်တောင် ရနိုင်မလဲ ဘယ်သူသိနိုင်မှာလဲ!
လိပ်နက်သားရဲအနေဖြင့် မလိုချင်မိဖို့ဆိုတာ မဖြစ်နိုင်ပေ။
အဇူရာနွားထီးတို့လည်း ချက်ချင်းပင် တိုးတိုးတိတ်တိတ်ပြောကုန်ကြသည်။
“လိပ်နက်သိုင်းဘုရင်၊ ဒီလူသားမှာ သွေးမျိုးဆက်အမျိုးမျိုးက နတ်သားရဲဥတွေအများကြီးရှိတယ်။”
“အဟုတ်ပဲ၊ သူ့တပည့်ကဆို နတ်သားရဲဥကို ကြော်တောင်စားလိုက်သေးတယ်။”
“မင်းကများ!”
ရုတ်တရက် လိပ်နက်သားရဲက ဟိန်းဟောက်လိုက်သည်။
“ဘာကို လူသားလဲ? ရိုင်းစိုင်းလိုက်တာ။ ဒါ ငါ့ရဲ့ချစ်လှစွာသောသခင်ကွ!”
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now