အပိုင်း ၂၃၄

512 61 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၄ သားရဲမျိုးနွယ်ဆိုတာ အစာအလုံအလောက်ထောက်ပံ့ပေးတာကြောင့်သာမဟုတ်ရင် ဘယ်တော့မှ ကျွန်မခံဘူးကွ!

“ဘာမဟုတ်တဲ့လူသားလေးကများ မောက်မာနေသေးတယ်။ သေစမ်း!”

နွားထီးသားရဲက ဟိန်းဟောက်လိုက်ကာ ရှေ့ခြေကိုဆောင့်နင်းလိုက်သည်။ မမြင်နိုင်သည့်အားလှိုင်းတစ်ခုထွက်ပေါ်လာကာ မြေပြင်ကိုပင် တုန်ခါသွားစေသည်။ ထိုထိတ်လန့်ဖွယ်ခွန်အားက ကမ္ဘာကြီးကိုပင် တုန်ခါသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

လုရှောင်ယန် လက်တစ်ချက်ဝေ့ကာ လက်သီးတစ်လုံးပစ်ထိုးလိုက်သည်။ အားလှိုင်းနှစ်ခုတွေ့ဆုံသည်နှင့် ချက်ချင်းဆိုသလို ပြင်းထန်သည့်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

ဘုန်း!

ထိုပေါက်ကွဲမှုကြောင့် အကြောင်းအရင်းမရှိ နေအသေးစားလေးတစ်ခုထွက်ပေါ်လာခဲ့သလိုပင်။

ထိုအခိုက်အတန့်တွင်ပဲ လုရှောင်ယန်သည် မြန်မြန်ဆန်ဆန် လှည့်ပြေးတော့သည်။

“ဟမ့်! ဒီတစ်ခေါက်ကတော့ ကံကောင်းသွားတယ်မှတ်။ ငါ့အပေါင်းအဖော်တွေအားလုံးကို စုစည်းပြီးသွားတာနဲ့ မင်းတို့တွေအားလုံးကို အရှင်လတ်လတ် ဆေးလုံးဖော်ပြီး လက်နက်ထုပစ်မယ်။”

“ခွေးကောင်! ဒီခွေးကောင်တော့! ငါတို့သားရဲမျိုးနွယ်ကိုများ သူက ခြိမ်းခြောက်ရဲတယ်ပေါ့!”

အကြီးမြတ်ဆုံးအဆင့် နွားထီးသားရဲသည် ချက်ချင်းပြေးထွက်ကာ ဟိန်းဟောက်လိုက်သော်လည်း လုရှောင်ယန်ကတော့ ပျောက်ကွယ်သွားပေပြီ။

လိုက်ဖမ်းလဲ မမိနိုင်တော့တာကြောင့် နွားထီးသားရဲမှာ ဆက်တိုက်ဟိန်းဟောက်လို့သာ နေတော့သည်။

“သောက်လူသားကောင်။ နောက်တစ်ကြိမ်ထပ်တွေ့လိုက်ကတော့ မင်းကိုအလွတ်ပေးမယ်မထင်နဲ့။”

ခဏကြာပြီးနောက် နွားထီးသားရဲသည် မြေပေါ်သို့ပြန်ဆင်းလာကာ ဖိဂုလျန်ဘေးသို့ သွားခဲ့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now