ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၂၀။ အပိုင်း၂၉၁ ဉာဏ်စွမ်းတိုက်ပွဲ?
လုရှောင်ယန်က နတ်ဘုရားစစ်သည်များကို ဦးဆောင်ပြီး ယဲ့မိသားစုခြံဝင်းထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်လာခဲ့သည်။
အဆုံးတွင် ယဲ့အိမ်၏ အကြီးဆုံးရင်ပြင်၌ ရပ်လိုက်သည်။
ဤအချိန်၌ ယဲ့မိသားစု၏ သားမြေးစဉ်ဆက်အားလုံးနီးပါးမှာ အမြစ်ဖြတ် သုတ်သင်ခံရပြီး ဖြစ်လေသည်။
သို့သော် လုရှောင်ယန်က ၎င်းနှင့်ပတ်သက်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
ခန်းမ၏ထောင့်တွင် အဖြူရောင် လူငယ်တစ်ယောက်က တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။
သူ့မျက်လုံးများကို အနည်းငယ် ပိတ်ထားပြီး သူက လူတိုင်းအား စောင့်ဆိုင်းနေသကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒေါသယိုစီးမှုက ရှိမနေခဲ့ပေ။
သူ့အား ပထမအကြိမ် သူတွေ့လိုက်သည်နှင့် ဝမ့်ခိုက်က ပြောလိုက်သည်။
[မြင်းနက်ကို ရှာတွေ့ပြီ။ သခင် ကျေးဇူးပြုပြီး သတ်လိုက်ပါ။ ဆုလာဘ်ရရှိပါလိမ့်မယ်]
လုရှောင်ယန်က ၎င်းကို ကျင့်သားရပြီးသားဖြစ်ပေမယ့် သူ့နောက်ရှိ စုလင်းဝူကမူ ဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းလာခဲ့သည်။
"သုံးနှစ်ရှိပြီ။ ယဲ့ကျွင်းလင် ဒီအဖိုးကြီးက မင်းကို ရှာဖို့ ပြန်လာခဲ့ပြီ။"
စုလင်းဝူ၏ မျက်လုံးများက အေးစက်နေပြီး ယဲ့ကျွင်းလင်ကို စိုက်ကြည့်နေသော သူ့မျက်လုံးများက အေးစက်သော သတ်ပစ်ချင်စိတ်ကို ပြသနေတော့သည်။
ယဲ့ကျွင်းလင်က သူ့မျက်လုံးများကို မဖွင့်လာသောကြောင့် စုလင်းဝူက ထပ်ပြောလိုက်သည်။
"လွန်ခဲ့တဲ့သုံးနှစ်က စကားတချို့အတွက် ယဲ့မိသားစု တွေ့ဆုံပွဲမှာ ဒီအဖိုးကြီး မင်းကို ထိပ်တိုက်တွေ့ခဲ့လို့ မင်းက လူမြင်ကွင်းမှာ ငါ့ကို အပြင်းအထန်ဒဏ်ရာရအောင်လုပ်ပြီး ငါ့ကိုသတ်ဖို့ ယဲ့မိသားစုကို လွှတ်ခဲ့တယ်။ ဒီနေ့ ဒီအဖိုးကြီးက မင်းဆီက သွေးကြွေးပြန်တောင်း ရလိမ့်မယ်!"