အပိုင်း ၂၂၃ ဆရာ တပည့် ဆက်ဆံရေးကို ငါဖြတ်လို့ရလား..

437 54 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၅။ အပိုင်း ၂၂၃ ဆရာ တပည့် ဆက်ဆံရေးကို ငါဖြတ်လို့ရလား..

ဒီနေ့ဟာ စုန့်ရှင်းနျန်ရဲ့အဆုံးသတ်လား?

စုန့်ရှင်းနျန်သည် သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ အလွန်အမင်း စိတ်ပျက်အားငယ်စွာဖြင့် လဲလျောင်းပြီး သေချင်ယောင်ဆောင်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

တစ်ခါက ပင်လယ်လိပ်အသက်ရှူနည်းစနစ်ကို အပျော်သဘော သင်ယူခဲ့ဖူးသည်။ ဒီနေ့လိုအချိန်အခါမျိုးမှာ အသုံးဝင်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဒါက ဒီပညာရှင်ကို လှည့်စားနိုင်မလားဆိုတာ သူမသိပေမယ့် အခုချိန်မှာတော့ အကောင်းဆုံးကြိုးစားရမှာပဲ။

လုရှောင်ယန်ကမူ စုန့်ရှင်းနျန်ရဲ့ လုပ်ရပ်ကြောင့် သူ ထိတ်လန့်သွားရလေသည်။

သူသည် မအောင်မြင်နိုင်သလို ထွက်လည်းမပြေးနိုင်သော အခြေအနေတွင်၊ သူ တကယ်ကို ... သေချင်ယောင်ဆောင်နေခဲ့တာပဲ။

အေး၊ ဒီကောင်က တကယ့်ဉာဏ်ကြီးရှင်ပဲကွ။

ရှားပါးပါရမီရှင်။

ဒီလိုအခြေအနေမျိုးမှာ သူလုပ်ခဲ့တာက ဉာဏ်ကြီးရှင်ရဲ့ လုပ်ရပ်ပဲ။

ဤအချက်ဖြင့် လုရှောင်ယန်သည် စုန့်ရှင်းနျန်၏စွမ်းရည်သည် ကောင်းကင်ဘုံကို အံတုနိုင်သည်ဟု ဆုံးဖြတ်နိုင်သည်။

လီချန်းရှန်သည် လီကော ၃၀ နှင့် ညီမျှပါက စုန့်ရှင်းနျန်သည် အနည်းဆုံး လီကော ၄၀ နှင့် ညီမျှသည်။

မဆိုးဘူး၊ မဆိုးဘူး။ လုရှောင်ယန်သည် ဤလူကို အတော်လေးနှစ်သက်သွားတော့သည်။

အကယ်၍ ဤတပည့်ကို ကျင့်ကြံပေးခဲ့လျှင် နောင်တွင် သူသည် သူ့အတွက် ကြီးမားသောအကူအညီ ဖြစ်လာနိုင်သည်။

"ကောင်းပြီ၊ သရုပ်ဆောင်တာကို ရပ်ပြီး ထလိုက်တော့။"

စုန့်ရှင်းနျန် : "???"

စုန့်ရှန်းနျန်၏ ပင်လယ်လိပ်အသက်ရှူနည်းစနစ်သည် အဆင့်နိမ့် သူတော်စင်အဆင့် ကျင့်ကြံနည်းလမ်း တစ်ခုဖြစ်သည်။ သူသည် သူ့ဟန်ဆောင်မှုကို တစ်ဖက်လူက သိများသိနေသလားဟု တွေးမိသွားတော့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now