အပိုင်း ၃၁၉ အဆင့်တက်ခြင်း၊ ဆယ်ပါးသောသိုင်းနတ်ဘုရား

185 25 0
                                    

အပိုင်း ၃၁၉ အဆင့်တက်ခြင်း၊ဆယ်ပါးသောသိုင်းနတ်ဘုရား


နတ်ဘုရားလောက၊ ထိုက်ယိဓားတာအို။

ပထမဆုံး နေထွက်လာချိန်တွင် ဓားတစ်ချောင်း၏ အငွေ့အသက်မှာ ထိုက်ယိဓားတာအို၏ တားမြစ်နယ်မြေမှ ထွက်ပေါ်လာ၏။

ထိုတားမြစ်နယ်မြေအဝင်ဝတွင် မြေပြင်ကို လှဲကျင်းနေသောဆံဖြူအဘိုးကြီးတစ်ဦးမှာ သူ၏မုတ်ဆိတ်များကိုသပ်လိုက်ပြီး ပြုံးလိုက်၏။

"ဒီကလေးကတကယ် ပါရမီရှိပြီး ဉာဏ်ထက်မြတ်တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ သူက တတိယမြောက်နတ်ဘုရားအဆင့်ကနေ နတ်ဘုရားအားဖန်ဆင်းခြင်း ပထမအဆင့်ထိရောက်အောင် ဖြတ်ကျော်နိုင်ခဲ့တယ်။ ငါ့ရဲ့ထိုက်ယိဓားတာအိုကတော့ နောက်နှစ်ပေါင်း တစ်သောင်းတိုင်အောင် ပူပန်စရာမလိုတော့ဘူး။"

တစ်ခဏအကြာတွင် ဓားတန်ခိုးရှင်ဟုထင်ရသော အဖြူရောင်ဝတ်ရုံဝတ်ပုံရိပ်တစ်ခုမှ တားမြစ်‌နယ်မြေအဝင်ဝတွင် ပေါ်ထွက်လာသည်။

အဘိုးအိုကိုမြင်သည်နှင့် သူဟာချက်ချင်းပင် လက်နှစ်ဖက်ဖြင့် ဂါရဝပြုပြီး ပြောလိုက်သည်။

"လီချန်းရှန်က စီနီယာကို နှုတ်ဆက်ပါတယ်။"

အဘိုးအိုမှာ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"မင်းက အနိမ့်ပိုင်းလောက,ကနေရောက်ရှိလာခဲ့တယ်။ နှစ်ပေါင်းအနည်းငယ်အတွင်းမှာပဲ နတ်ဘုရားအားဖြစ်ပေါ်စေခြင်း ပထမအဆင့်ကိုရောက်ပြီး မင်းရဲ့ ကိုယ်ပိုင်နေရာကိုတောင် ဖွဲ့စည်းနေပြီ။ မင်းရဲ့တိုးတက်မှုကို နှေးတယ်လို့ပြောမရပါဘူး။"

ထိုက်ယိဓားတာအိုက မင်းကိုရှာတွေ့ပြီး ခေါ်လာခဲ့တာက မှန်တဲ့ပုံပါပဲ။

"ဘာလဲ မင်း ငါ့ရဲ့ထိုက်ယိဓားတာအိုမှာ ဆရာတစ်ယောက်ရှာဖို့ ဆန္ဒမရှိသေးဘူးလား။"

လီချန်းရှန်ဟာ သူ၏လက်များဖြင့် ဂါရဝပြုလိုက်ပြန်သည်။

"စီနီယာ၊ ကျွန်တော်ကထိုက်ယိဓားတာအိုကနေ အထောက်အပံ့တွေလည်းရရှိပြီး ထိုက်ယိဓားတာအိုရဲ့ ဂိုဏ်းသားတစ်ယောက်လည်းဖြစ်နေပြီးသားပါ။ ဒါပေမယ့် ကျွန်တော့ကို ဆရာတစ်ယောက်ရှာခိုင်းမယ်ဆိုရင်တော့ ကျွန်တော်မရှာနိုင်မှာကို ကြောက်ရွံ့မိပါတယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now