[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၁၈။ အပိုင်း ၂၇၀ ဒါတွေအားလုံး အရင်ကငါသုံးခဲ့တဲ့ ရက်စက်တဲ့လှည့်ကွက်တွေပဲဝူဝမ်ပင်လယ်တွင် အနက်ရောင်ဝတ်ရုံနှင့်ပုဂ္ဂိုလ်သည် ချောက်ကမ်းပါးစွန်းတွင်ရပ်နေပြီး သူ၏အေးစက်သောမျက်နှာမှာ နှင်းတစ်လွှာဖုံးလွှမ်းနေခဲ့သည်။
ခဏကြာပြီးနောက် သူ့နောက်ဘက်ရှိလေထုသည် ပုံပျက်သွားကာ လှပသည့်ပုံရိပ်တစ်ခုက သူ့နောက်တွင် ပေါ်လာခဲ့ပြန်သည်။
"သခင်၊ စနစ်က လီချင်းဖန်ရဲ့ကိုယ်ထဲ နောက်တစ်ကြိမ်ပြန်လည်ပေါင်းစပ်သွားပါပြီ။"
"ကောင်းတယ်။"
"သခင်၊ ဘာလို့ ယဲ့ကျွင်းလင်နဲ့လီချင်းဖန်တို့ကို တစ်ချိန်တည်း မတိုက်ခိုက်ခိုင်းရတာလဲ? သူတို့နှစ်ယောက်သာပေါင်းတိုက်ရင် အကျိုးသက်ရောက်မှု ပိုမကောင်းသွားနိုင်ဘူးလား? လုရှောင်ယန်ကို ဖမ်းဖို့အခွင့်အရေးပိုမမြင့်သွားနိုင်ဘူးလား?"
"ငါဒီလိုမျိုးမတွေးဖူးဘူးလို့များ မင်းထင်နေလား? ဒါပေမဲ့ ယဲ့ကျွင်းလင်က လီချင်းဖန်နဲ့အတူတိုက်ခိုက်ပြီး ရှုံးသွားမယ်ဆိုရင် ငါတို့မှာစားပွဲကိုပြန်လှန်နိုင်မယ့် အခွင့်အရေးတစ်ခုကိုပါ ဆုံးရှုံးသွားလိမ့်မယ်။
ဟန်ကျန့်က စနစ်နဲ့ပေါင်းစပ်တာ မအောင်မြင်ဘူးဆိုမှတော့ ငါတို့ပိုပြီး သတိထားသင့်တယ်။
ဒါပေါ့ လီချင်းဖန် လုရှောင်ယန်ကို သတ်နိုင်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။
သူမသတ်နိုင်ဘူးဆိုရင်လည်း ငါတို့ရဲ့နောက်အစီအစဉ်အပေါ် သက်ရောက်မှုမရှိပါဘူး။"
"ဒါပေမဲ့ သခင်၊ ကျွန်မအခုထိ နားမလည်နိုင်သေးဘူး။ ကျွန်မတို့လက်ထဲမှာ ကတ်နှစ်ကတ်ရှိနေတယ်ဆိုရင်တောင် သူတို့နှစ်ယောက်ကို အတူအသုံးချလိုက်ရင် အောင်မြင်နိုင်မယ့်အခွင့်အရေးက ပိုမများသွားဘူးလား?"
"ဟဟဟဟ..."
အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားက ယုတ်မာစွာရယ်မောလိုက်သည်။