အပိုင်း ၂၄၉

408 51 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၉ မဟာချင်ကျရှုံးသွားပြီလား? (၁)

ဆုချန်သည် လုံးဝဒေါသထွက်မသွားခဲ့ပေ။ ထိုအစား အေးဆေးတည်ငြိမ်သည့်အပြုံးတစ်ခုက ဆက်လက်ရှိနေလေသည်။
ဒါက ရှန့်ကွမ်းလျို့လီ၏ငြင်းဆိုချက်များကို လုံးဝစိတ်ထဲမထားသလိုပင်။
ဒါမှမဟုတ် သူမကိုအပိုင်ရလိမ့်မည်ဟု သေချာနေခြင်းလဲဖြစ်နိုင်သည်။
“မှန်တာပေါ့၊ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးလေး သန်း၅၀လောက်က ဘယ်များပါ့မလဲ။ မင်းလိုမျိုး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ် ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်လဲဖြစ်တဲ့သူအတွက် သန်း၅၀ဆိုတဲ့ပမာဏက အရမ်း အရမ်းကိုနည်းတာပေါ့။ ဒီလိုဆိုရင်ရော? ငါမင်းကို ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်း၅၀၀ပေးမယ်၊ ပြီးတော့… သိုင်းဘုရင်အဆင့်ချပ်ဝတ်တစ်ခုရော။ ဘယ်လိုလဲ?”
ရှန့်ကွမ်းလျို့လီ၏မျက်လုံးများ လှုပ်ရှားသွားသော်လည်း ဘာမှမပြောလာခဲ့ပေ။
သို့သော်လည်း သူမမျက်လုံးများလှုပ်ရှားသွားမှုသည် ဆုချန်၏အမြင်အာရုံမှ မလွတ်မြောက်ခဲ့ပေ။
တဆက်တည်းလိုပဲ ဆုချန်၏နှုတ်ခမ်းတွင် မြူးထူးသည့်အပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
တစ်ဖက်လူ၏အကြည့်များကလှုပ်ရှားသွားသ၍ ထိုလူကို သူရရှိဖို့ရန် သိပ်မဝေးတော့ကြောင်း ပြသနေလေသည်။
သူမဘာသာ တသီးတသန့်နေတတ်နေတော့ရော?
သူမရာထူးက မြင့်နေတော့ရော?
သူမကျင့်ကြံဆင့်က အရမ်းအားကောင်းနေတော့ရော?
ငွေတစ်ခုတည်းနဲ့ တစ်ဖက်လူကိုအနိုင်မယူနိုင်ဘူးဆိုရင် တခြားအရင်းအမြစ်တွေကို ထုတ်သုံးရုံပေါ့။
ဤကမ္ဘောပေါ်တွင် ကျင့်ကြံသူများကိုဆွဲဆောင်ဖို့ရန် ပစ္စည်းအနည်းငယ်သာလိုအပ်ပေသည်။
သူတို့ကို ကမ်းလှမ်းဖို့ရန် နည်းလမ်းတစ်ခုကတော့ အမြဲရှိနေဦးမည်ပင်။
ဆုချန်ဆိုသည်က ငွေတစ်ခုတည်း ချမ်းသာနေသူမဟုတ်ပေ။
သူ့ဂိုဏ်းချုပ်က ဆုချန်ကို ဆက်ပြီးလျစ်လျူရှုနေသေးသည်ကို မြင်လိုက်ရသည်နှင့် ဝမ်ချန်း၏နှုတ်ခမ်းမှာ စိတ်လှုပ်ရှားမှုကြောင့် ကော့တက်သွားလေသည်။
“ဆုချန်၊ ခွေးကောင်၊ မင်းမြင်လား? ငါတို့ဂိုဏ်းချုပ်က မင်းရဲ့ညစ်ပတ်တဲ့ငွေကိုရော ပစ္စည်းကိုရော သေချာပေါက် ဂရုမစိုက်ဘူးကွ။ မင်းအတွေးတွေကို အမြန်ဆုံးလက်လျှော့လိုက်တော့! ငါတို့ကို မြန်မြန်သာသတ်လိုက်! ဒါမှ အလှောင်ခံရတာ သက်သာမယ်။ ဟဟဟဟ….”
ဆုချန်ကတော့ သူ့ကိုလျစ်လျူရှုထားတုန်းပင်။ ဒီလိုအသေးအမွှားဇာတ်ကောင်လေးတွေနဲ့ အလုပ်ရှုပ်ခံပြီး စကားမပြောလိုပေ။
ထို့အပြင် ရှန့်ကွမ်းလျို့လီသာ သူ့မိန်းကလေးဖြစ်ဖို့ သဘောတူလိုက်သ၍ သူ့ကိုချက်ချင်းသတ်ပစ်လိုက်မှာပင်။
ထိုအချိန်ကျလျှင် သူ့အပျော်ဆုံးအချိန်ဖြစ်လာပေလိမ့်မည်။
ဒါကြောင့် သူဆက်ပြီးတော့၊ “ရှန်းကွမ်းလျို့လီ၊ မင်း ဒီအတိုင်း သူတို့နဲ့အတူသေလိုက်ချင်တာလား? အဲလိုသာဆို အရမ်းသနားဖို့ကောင်းတယ်လို့ မထင်မိဘူးလား? မင်းက အသက်၂,၀၀၀ပဲရှိသေးတာ အရမ်းငယ်သေးတယ်။ သိုင်းဘုရင်အဆင့်တစ်ယောက်ရဲ့အသက်အရွယ်အရဆို မင်းက အခုချိန်မှာ ငယ်ရွယ်မှုအထွတ်အထိပ်ကိုရောက်နေတာပဲ။ မင်းက သိုင်းဘုရင်အဆင့်ကိုဖြတ်ကျော်ပြီး နတ်ဘုရားအဆင့်ကျွမ်းကျင်သူဖြစ်လာနိုင်ချေ အရမ်းများတယ်။ ဒီနေရာမှာပဲ တကယ်သေပစ်လိုက်ချင်ပြီလား?”
ရှန့်ကွမ်းလျို့လီက သူမမျက်လုံးများကို အသာမှိတ်လိုက်သော်လည်း သူမ၏ဆန္ဒမရှိသည့်မျက်ဝန်းများကို ဆုချန် ဖမ်းမိလိုက်တုန်းပင်။
ဆုချန်က ဆက်လက်ပြီး၊ “ထိပ်တန်းဝိညာဉ်ကျောက်တုံး၅ဘီလီယံ။ သိုင်းဘုရင်အဆင့်လက်နက်နဲ့ နောက်ထပ်သိုင်းဘုရင်အဆင့်ချပ်ဝတ်ကိုပါ ပေးဦးမယ်။ မင်းဆန္ဒရှိမယ်ဆိုရင် ငါမင်းကို လတိုင်း သိုင်းုရင်အဆင့်ဆေးလုံး၃လုံးပါ ပေးဦးမယ်။ ဒါတင်မကဘူး၊ နောက်လာမယ့်သုံးနှစ်အတွင်း မင်းအဆင့်တစ်ဆင့်ဖြတ်ကျော်နိုင်ရမယ်လို့လည်း အာမခံတယ်။”
ရှန့်ကွမ်းလျို့လီ၏ သိမ်မွေ့သည့်ခန္ဓာကိုယ်လေးမှာ သိသာလုနီးနီးတုန်ရီသွားခဲ့သည်။
ဆုချန်ကမ်းလှမ်းလာခဲ့သည့်အခြေအနေများမှာ သူမအတွက် မငြင်းနိုင်လောက်စရာကောင်းနေသည်။
တစ်ဖက်မှာတော့ သေခြင်းနှင့်ဂုဏ်သိက္ခာရှိနေကာ တစ်ဖက်တွင်တော့ ဂုဏ်သိက္ခာကိုစွန့်လွှတ်ဖို့ရှိနေသည်။ သို့သော်လည်း အသက်ဆက်ရှင်ဖို့ရွေးမည်ဆိုလျှင် သူမ၏ခွန်အားတို့ တိုးတက်လာနိုင်ကာ ဝိညာဉ်ကျောက်တုံးများ၊ သိုင်းဘုရင်အဆင့်လက်နက်များနှင့် သိုင်းဘုရင်အဆင့်ဆေးလုံးများကိုလည်း ရနိုင်သည်။
အရေးအကြီးဆုံးအချက်ကတော့ သုံးနှစ်အတွင်း နောက်ထပ်အဆင့်တစ်ဆင့်ကို ချိုးဖြတ်နိုင်မည်ဆိုလျှင် သူမ၏သက်တမ်းသည်လည်း ပိုရှည်သွားမည်ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး၊ ဆေးလုံးနှင့် တခြားသော အရင်းအမြစ်တွေ… ဒါတွေနဲ့သာဆို သူမတကယ်ကို အနာဂတ်တွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားနိုင်သည်။
သူမသာ သေသွားခဲ့လျှင် အခုချိန်ထိ ကြိုးစားခဲ့ရသမျှအားလုံး သဲထဲရေသွန်ဖြစ်သွားပေမည်။
သို့သော်လည်း သူမသာ မသေခဲ့လျှင်တော့ သူမ၏အနာဂတ်မှာ မှန်းဆလို့ပင်မရနိုင်လောက်အောင် မြင့်တက်သွားပေလိမ့်မည်။
နှစ်တစ်သောင်းကြာပြီးနောက်တွင် အရာအားလုံးပြောင်းလဲသွားပေလိမ့်မည်။ ရှန့်ကွမ်းလျို့လီဟုခေါ်သော သိက္ခာရှိသည့်မိန်းမတစ်ယောက်ကို ဘယ်သူကများ မှတ်မိနေဦးမှာလဲ?
သိက္ခာရှိသည့်မိန်းကလေးတစ်ယောက်ဖြစ်ရတဲ့ တကယ့်အကြောင်းအရင်းကဘာလဲ?
သိုင်းလောကကြီးမှာ အသက်ရှင်သန်ပြီး သန်မာလာသည့်လူသည်သာ အောင်မြင်ကျော်ကြားလာနိုင်ပေသည်။
ထို့အပြင် အခုဆို ဆုချန်သည် အလွန်အင်အားကြီးနေသည်။ အနာဂတ်မှာ ဆုချန်သည် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်မလာပါဘူးလို့ ဘယ်သူကများ အာမခံနိုင်လဲ?
ဒဏ္ဍာရီလာတစ်ယောက်၏အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာကိုများ ရှက်နေဖို့လိုတော့ဦးမှာလဲ?
ဝမ့်ချန်းကတော့ ထေ့ငေါ့လှောင်ပြောင်နေတုန်းပင်။
“ဆုချန်၊ မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်။ ငါတို့ဂိုဏ်းချုပ်ကိုများ ဘာထင်နေလဲ? သူက မင်းပစ္စည်းတွေကို ဂရုစိုက်မယ်များထင်နေလား? ငါပြောပြီးပြီပဲ။ အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့။ လက်လျှော့ပြီး မြန်မြန်လေး ငါတို့ကို သတ်လိုက်တော့။”
သို့သော်လည်း သူ့စကားဆုံးရုံရှိသေး ရုတ်တရက်ဆိုသလို သူ့နားထဲသို့ အသံတစ်သံကဝင်ရောက်လာခဲ့သည်။
“ငါ အခုချက်ချင်း ဝိညာဉ်ကျောက်တုံးတွေ၊ သိုင်းဘုရင်အဆင့်လက်နက်တွေနဲ့ သိုင်းဘုရင်အဆင့်ဆေးလုံးတွေ လိုချင်တယ်။”
ထိုအသံကြောင့် ဝမ်ချန်း၏အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားရတော့သည်။
ချက်ချင်းဆိုသလို မယုံကြည်နိုင်ခြင်းများစွာဖြင့် သူ့ဂိုဏ်းချုပ်ကို ကြည့်လိုက်လေသည်။ ဤအမျိုးသမီးသည် အနာဂတ်တွင် သူ့ဇနီးဖြစ်လာမည့်သူဟု အမြဲတမ်းအိပ်မက်မက်နေခဲ့ရသည့်သူပင်။
သူ့နှလုံးသားထဲတွင် သူမသည် အမြဲတမ်း မြင့်မြတ်ဖြူစင်သည့်ငန်းမလေးတစ်ကောင်ဖြစ်နေခဲ့ကာ အေးစက်ကာ လေးစားဖွယ်ကောင်းသော အမျိုးသမီးပင်။
သို့သော်လည်း လက်ရှိအချိန်တွင်တော့ သူမသည် တကယ်ကိုပဲ ငွေအတွက်ကြောင့်နဲ့ လိင်ပိုင်းဆိုင်ရာစည်းမရှိသည့်ယောက်ျားတစ်ယောက်ထံသို့ ဦးညွှတ်လိုက်လေပြီ။
ဒီရိုက်ချက်က အလွန်ပြင်းထန်လွန်းကာ သူ့ကိုလုံးဝကွဲကြေသွားစေတော့မတတ်ပင်။
“ဂိုဏ်းချုပ်၊ မင်းဘာတွေပြောနေတာလဲ? မင်းရူးသွားပြီလား? ဘယ်လိုလုပ် သဘောတူနိုင်လိုက်ရတာလဲ? မရဘူး! သူက…”
“ပါးစပ်ပိတ်ထား။”
ရှန့်ကွမ်းလျို့လီက အေးစက်သောအမူအရာဖြင့် ကြိမ်းမောင်းလိုက်သည်။ “ဝမ်ချန်း၊ ငါဘာပဲလုပ်ချင်လုပ်ချင် မင်းနဲ့မဆိုင်ဘူး။ ကိုယ်ကိစ္စကိုယ်သာ ဂရုစိုက်ပါ။ မဟုတ်လို့ မင်းအပေါ်ရိုင်းမိရင် ငါ့ကိုအပြစ်လာမတင်နဲ့။”
ဝမ်ချန်းတစ်ယောက် လုံးဝဆွံ့အသွားလေတော့သည်။ သူက ရှန့်ကွမ်းလျို့လီကိုသာ သူမကိုတစ်ခါမှမသိခဲ့ဖူးသလိုမျိုး မယုံကြည်နိုင်စွာကြည့်နေခဲ့သည်။
ဆုချန်၏နှုတ်ခမ်းစွန်းက သိသိသာသာကော့တက်သွားသည်။ သူ့လက်ချောင်းကိုတစ်ချက်လှုပ်လိုက်ပြီး ရှန့်ကွမ်းလျို့လီ၏ကိုယ်ပေါ်မှ ထိန်းချုပ်မှုကို ဖယ်ရှားပေးလိုက်ကာ သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်သည်။
ရှန့်ကွမ်းလျို့လီကကလည်း ချက်ချင်းပင် သိုလှောင်အိတ်ကို လှမ်းယူလိုက်လေသည်။ သူမ၏နတ်အာရုံဖြင့် သိုလှောင်အိတ်ကိုခြုံငုံကြည့်လိုက်ရာ အထဲတွင်ရှိသည်များကိုမြင်ပြီး အံ့ဩထိတ်လန့်သွားလေသည်။
ဆုချန် မည်မျှရက်ရောတတ်မှန်း သူမအတော်ကြာကတည်းက ကြားဖူးထားခဲ့သော်လည်း…
သို့သော်လည်း ဂတိအတိုင်း တကယ်တမ်းရရှိလာခဲ့ချိန်မှာတော့ သူမ မအံ့ဩမိဘဲ မနေနိုင်ခဲ့ပေ။
အရမ်းများတာပဲ!
သိပ်သည်းလှသည့်ဝိညာဉ်ကျောက်တုံးများသည် တောင်ကြီးတစ်ခုသဖွယ် စုပုံလို့နေသည်!
ဒါ့အပြင် သိုင်းဘုရင်အဆင့်လက်နက်များ၊ သိုင်းဘုရင်အဆင့်ချပ်ဝတ်နှင့် သိုင်းဘုရင်အဆင့်ဆေးလုံးများလည်း ရှိသေးသည်။
သူမလို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတောင်မှ ထိုအရာများကြောင့် စိတ်မလှုပ်ရှားမိဘဲ မနေပေ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်းများစွာ သူ့နားမှာဝိုင်းဝိုင်းလည်နေဖို့ ဆန္ဒရှိနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။
ဒီလိုပစ္စည်းကောင်းတွေအများကြီးနဲ့မှတော့ ဘာလို့များ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူရဲ့ဂုဏ်သိက္ခာဆိုတာ လိုနေတော့ဦးမှာလဲ?
ဂုဏ်သိက္ခာဆိုတာ ဆေးလုံးတွေလို စားလို့ရနိုင်လို့လား?
မဟုတ်ရင် သိုင်းဘုရင်အဆင့်လက်နက်လို အသုံးပြုလို့ရနိုင်လို့လား?
ဒါမှမဟုတ်ရင်လည်း ထိပ်တန်းဝိညာဉ်ကျောက်တုံးတွေအများကြီးနဲ့ လဲလှယ်လို့ရနိုင်လို့လား?
“တွားသွားလာခဲ့။”
ဆုချန်က သူမရှိရာသို့ လက်ချောင်းအသာကွေးကာ ခေါ်လိုက်သည်။
ရှန့်ကွမ်းလျို့လီ အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူမတကယ်ကိုပဲ ဒူးထောက်ချကာ ခွေးတစ်ကောင်လိုမျိုး ဆုချန်ဆီသို့ တွားသွားခဲ့လေသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now