အပိုင်း ၃၂၇ ငါ့ဘိုးဘေးရဲ့ နတ်တန်ခိုးက ပြိုင်ဘက်ကင်းတယ်
"မဖြစ်သေးဘူး၊ သူမကိုကယ်တင်ဖို့တစ်ယောက်ယောက်ကိုရှာမှဖြစ်မယ်။"
လင်းရှင်းယွဲ့ဟာ ထွက်ခွာတော့မည်ဟန်ပြင်ပြီးမှာ တစ်ခဏအတွင်းတွင်ပင်ရပ်တန့်လိုက်၏။
"ဒါမမှန်သေးဘူး။ ငါကအဲ့ဒီခွေးကောင်လုရှောင်ယန်ဆီကနေ သီးသန့်နေချင်တာရှင်းနေတာပဲ။ ငါကဘာလို့သူ့တပည့်ကိုကယ်ရမှာလဲ။ သူ့ရဲ့တပည့်ကို သူမဘာသာသူမကာကွယ်ခွင့် ဘာလို့မပေးနိုင်ရမှာလဲ? ငါ့မှာ ဘာမှကိုလုပ်စရာလိုမနေဘူး။"
သို့သော် သူမဟာထပ်မံ၍ စိတ်ရှုပ်ထွေးသွားပြန်၏။
"သူမကလုရှောင်ယန်မှမဟုတ်တာ။ လုရှောင်ယန်ကိုမုန်းပေမယ့်လည်း သူမကဘာမှမှားခဲ့တာမှမဟုတ်ဘဲ။ သူမက လုရှောင်ယန်ရဲ့တပည့်ဖြစ်နေတာလေးပဲလေ။ လုရှောင်ယန်နဲ့ဘာဆိုင်လို့လဲ?"
"ငါသွားပြီး ကူညီဖို့တစ်ယောက်ယောက်ကိုရှာရမယ်လို့ထင်တယ်။"
...
တစ်ဖက်တွင်မူ ကောင်းကင်ပင်လယ်မြို့တော်၏ လေ့ကျင့်ရေးကွင်းထဲတွင်။
သခင်ကြီးလုမှာ အစောကြီးကတည်းကရောက်ရှိနေသည်။
သူဟာလက်များကိုနောက်သို့ပို့ထားပြီး လေ့ကျင့်ကွင်းထဲတွင် ဂုဏ်ယူစွာ ရပ်နေ၏။ သူဟာကောင်းကင်ကိုပစ်ခွင်းမည့် လှံတံတစ်စင်းနှင့်ပင်တူနေပြီး လုမျိုးနွယ်စု၏ကမ္ဘာအား ထောက်ပံ့ပေးထားသည်။
လေ့ကျင့်ကွင်းအပြင်ဘက်တွင် မျိုးနွယ်စုခြောက်ခု၏ခေါင်းဆောင်များမှာ လေ့ကျင့်ကွင်းအားစိုက်ကြည့်နေကြပြီး ၎င်းတို့၏မျက်လုံးများမှာ အင်မတန်ပျော်ရွှင်နေသည်ကိုပြသနေ၏။
"အဲ့ဒီလုမျိုးနွယ်က ခွေးအိုကြီး ငါတို့ရဲ့စိန်ခေါ်မှုကို လက်ခံဖို့လောက်ယုံကြည်ချက်ရှိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။"
"သူကမြင့်မြတ်သောနတ်ဆိုးဂိုဏ်းအကြီးအကဲကြောင့် ဒဏ်ရာအကြီးအကျယ်ရခဲ့တာမဟုတ်လား? သူကသေရမှာကိုမကြောက်တာလား?"