အပိုင်း ၃၁၅ ဒီကလေးကတကယ်ကြီးဂရုမစိုက်ဘူး။သူ့ကိုဇနီးတစ်ယောက်လောက် ကူရှာပေးလိုက်ရအောင်
တစ်ခဏလောက် လုရှောင်ယန်ဟာ သူ၏ဝမ်းကွဲအစ်ကိုအား မည်သို့ပြန်ဖြေရမှန်းမသိဖြစ်သွားသည်။ သူဟာ ရယ်သာရယ်လိုက်နိုင်ပြီး ထိုကိစ္စကိုသာ ထင်ရှားစေလိုက်သည်။
"ဒါနဲ့ ကျွန်တော်တို့ ပင်လယ်ခုနှစ်သွယ်စင်မြင့်ဆီကနေ ကမ်းလှမ်းချက် တံစိုးလက်ဆောင်တွေရပြီးပြီ။ လုမျိုးနွယ်စုဆီကို ပြန်သွားသင့်ပြီလား။"
"ဟုတ်တယ်၊ ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ပါတယ်။ ရှောင်ယန် ငါပြန်ရောက်ရင် မင်းကအနာဂတ်မှာ မျိုးနွယ်စုရဲ့စီးပွားရေးလုပ်ငန်းတချို့ကိုလည်း ဂရုစိုက်နိုင်တယ်လို့ အဘိုးကို ငါသေချာပေါက်ပြောမယ်။ အဲဒါဆိုရင် ကျင့်ကြံဖို့အတွက် ငွေလွယ်လွယ်ရှာလို့ရပြီ။"
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို"
"ငါတို့က ညီအစ်ကိုတွေပဲ။ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။ အိမ်ပြန်ကြစို့။"
အိမ်အပြန်လမ်းတွင် ဘဏ္ဍာထိန်းလုမှ လုရှောင်ယန်လုပ်ခဲ့သည်များကို လုရှောင်ချန်ထံသို့ ပြန်လည်တင်ပြသောအခါ သူဟာထပ်မံ၍ အံ့အားသင့်သွားပြန်သည်။
လုရှောင်ယန်ဟာထိုကဲ့သို့ ကောင်းမွန်သည့်အလုပ်ကိုလုပ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
ထို့ထက် အရေးကြီးဆုံးမှာ၊ သူသည် အမှန်တကယ်ပင် အလှတရားဖြင့် လွှမ်းမိုးခြင်းမခံခဲ့ဘဲ ပင်လယ်ခုနှစ်သွယ်စင်မြင့်မှ မြင့်မြတ်သောမိန်းမပျိုကို ပြတ်ပြတ်သားသားပင် သတ်ပစ်ခဲ့သည်။
ဒီသတ္တိက တကယ်ကို ပြတ်ပြတ်သားသားပဲ။
"ရှောင်ယန်၊ ဒီလောက်လှတဲ့ မြင့်မြတ်သောမိန်းမပျိုကို ဘယ်လိုတောင် သတ်နိုင်တာလဲ"
လုရှောင်ယန်ဟာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး "ဘာလို့လဲ? ငါ သူ့ကို သတ်လို့မရနိုင်ဘူးလား"
"ဒီလိုပြောတာမဟုတ်ပါဘူး။"
သူတို့၏လောကတွင် အားနည်းသူဟာ အားကြီးသူ၏ သားကောင်ဖြစ်သည်။ ဒါကထာဝရတည်မြဲနေမည့် စည်းမျည်းပင်။