အပိုင်း ၂၆၀

354 52 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၆၀ ပြိုင်ဘက်ကင်းကျင့်ကြံသူ

ကျယ်ပြောလှသည့်လောကကြီးတွင် အသံဟူသမျှနတ္ထိ။

သို့သော်လည်း ဖိအားများကတော့ မရေမတွက်နိုင်သောလူများကို သွေးများဆူပွက်လာအောင် ဖိအားပေးနေခဲ့သည်။
ကျင့်ကြံဆင့်နိမ့်ကျသည့် လူသားများ သားရဲများစသည့် တချို့သောဖြစ်တည်မှုများသည်တော့ နေရာတွင်ပင် သေဆုံးသွားကြသည်။
ဖုန်းထျန်းယွမ်သည် ရှိသမျှခွန်အားဖြင့် မဖျက်ဆီးနိုင်သောရွှေကိုယ်ထည်ကို ထုတ်သုံးခဲ့သည်။ ယွင်လီကောနှင့်ကျန်လူများသည်လည်း ချက်ချင်းပင် သူ့ထံသို့ ဝိညာဉ်စွမ်းအားတို့ကို လွှဲပြောင်းပေးကြကာ သူ၏ခွန်အားကို ထိပ်ဆုံးအထိရောက်အောင် ပံ့ပိုးပေးကြသည်။ ဒါကြောင့် သူ၏ခွန်အားသည် သိုင်းဘုရင်အဆင့်တစ်ယောက်နှင့်ပင် ယှဉ်လို့ရသည်အထိဖြစ်သွားခဲ့ပေသည်။
လူတိုင်းကတော့ အကြောင်းအရင်းတချို့ကြောင့် နားမလည်နိုင်ဖြစ်သွားကြသည်။
“အကြီးဆုံးအစ်ကိုကြီ၊ မင်းက သိုင်းဘုရင်အဆင့်ကျင့်ကြံသူဖြစ်နေပြီမဟုတ်ဘူးလား? ဘာလို့ ရှေ့ကနေဝင်မကာပေးတာလဲ?”
“ထျန်းယွမ်ရဲ့ဖျက်ဆီး၍မရနိုင်သောရွှေကိုယ်ထည်က အကာအကွယ်လုပ်ဖို့အတွက် ပိုပြီးသင့်တော်တယ်။ ဒီတော့ သူ့ကိုကာခိုင်းလိုက်တာ မကောင်းဆုံးပဲ။”
ကျူးကောကျီချုံ၏မျက်နှာကတော့ မနေနိုင်စွာ တွန့်ရှုံ့သွားတော့သည်။
“အဟွတ်.. အဟွတ်… အကြီးဆုံးအစ်ကိုကြီး၊ တော်လောက်ပြီထင်တယ်။ မင်း သိုင်းဘုရင်အဆင့် တောက်တာဆေးလုံး စားခဲ့တယ်လို့သာ ပြောလိုက်ပါတော့။”
“သိုင်းဘုရင်အဆင့်တောက်တာဆေးလုံး? အဲ့ဒါဘာလဲ?”
“အဲ့ဒါက လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို အချိန်ခနတာလောက် သိုင်းဘုရင်အဆင့်ကို ရောက်သွားစေနိုင်တဲ့ ဆေးလုံးပဲ။”
“သေစမ်း! သိနေသားပဲ။ အစ်ကိုကြီးရဲ့ကျင့်ကြံဆင့်က ဘယ်လိုလုပ်ပြီး အချိန်တိုလေးအတွင်း သိုင်းဘုရင်အဆင့်ကိုရောက်သွားဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ? ဒီတော့ မင်းက ဆေးလုံးစားလိုက်တာကြောင့်ကိုး။ မင်း ဆရာ့ဖိနပ်ကိုသွားလျက်ပြီးတော့ ဒီသိုင်းဘုရင်အဆင့်တောက်တာဆေးလုံးကို ရခဲ့တာပဲဖြစ်မယ်၊ ဟုတ်တယ်မလား?”
“အဓိပ္ပါယ်မရှိလိုက်တာ။”
ယွင်လီကော ဒေါသတကြီးပြန်ပြောလိုက်သည်။ “တပည့်တစ်ယောက်က သူ့ဆရာကို လေးလေးစားစားဆက်ဆံတာကို ဘယ်လိုလုပ်ပြီး ဖိနပ်လျက်တယ်လို့ ခေါ်ရမှာလဲ? ငါ့အတွက်တော့ ဆရာက ငါ့အဖေရင်းထက်တောင်မှ ငါနဲ့ပိုပြီးရင်းနှီးလေးစားမိတဲ့သူပဲ။ ဒါကို ဘယ်လိုများ ဖိနပ်လျက်တယ်ဖြစ်ရမှာလဲ? ဒါကို သားသမီးဝတ်လို့ခေါ်တယ်ကွ!”
လူတိုင်း : “….”
အချိန်မည်မျှအထိ ကြာသွားသည်မသိလိုက်ချိန်မှာပဲ အဆုံးမှာတော့ ကောင်းကင်ထက်ရှိ အဖြူရောင်အလင်းတန်းသည် မှေးမှိန်သွားခဲ့ကာ နေရာလွတ်အကွဲအပြဲတို့သည်လည်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ထက်ရှိ သိုင်းဘုရင်အဆင့်သားရဲများနှင့် သိုင်းဘုရင်အဆင့်လူသားကျင့်ကြံသူများအားလုံးသည် ထိုပေါက်ကွဲမှုကြောင့် တကွဲတပြားပြုတ်ကျလို့နေကာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ပေါ်၌ ဆုချန်တစ်ယောက်သာ ကျန်ရစ်လေသည်။
သူ့ပုံစံသည်လည်း ကြည့်ကောင်းမနေခဲ့ပေ။
သူ့ရှေ့တွင် သိုင်းဘုရင်အဆင့်ချပ်ဝတ်၆-၇ခုလောက်က ကွဲကြေနေကာ နတ်ဘုရားတစ်ပိုင်းအဆင့်ချပ်ဝတ်တစ်ခုတောင်မှ ပါသေးသည်။
ပြောရမည်ဆိုလျှင်တော့ ထိုချပ်ဝတ်များ၏အကာအကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် သူ့တွင် အသက်ရှင်ဖို့အခွင့်အရေးရှိခဲ့လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ထိုမျှများပြားလှသည့်ချပ်ဝတ်များက ကွဲကြေသွားပြီးနောက်မှာတော့ ဆုချန်သည်လည်း ပိုကောင်းနေစရာအကြောင်းမရှိပေ။
သူ၏ခန္ဓာကိုယ်တွင် အပေါက်ကြီးငယ်တို့ဖြင့် ပြည့်နှက်နေကာ သွေးတစိမ့်စိမ့်နှင့် ကိုယ်၌ဝတ်ထားသည့်ချပ်ဝတ်ပင် စိုရွှဲနေခဲ့သည်။
သူ၏လက်ကိုကြည့်မည်ဆိုလျှင်လည်း ဆုပ်ကိုင်ထားသည့် ပုဆိတ်သွားလုံရှည်တစ်လျှောက် စီးကျန်နေသည့် ရွှေရောင်သွေးစီးကြောင်းကို မြင်ရပေမည်။
ဤတိုက်ပွဲတွင် သူ့ဘက်ကလည်း ဆုံးရှုံးမှု အလွန်ကြီးမားခဲ့သည်။
သူ အင်တိုက်အားတိုက်တည်ဆောက်ခဲ့ရသည့် နတ်ဘုရားခန်းမကြီးသည် ပြိုလဲလို့သွားပေပြီ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးမျှပင် ကျန်ရစ်မနေတော့ပေ။
ပြောရရင်တော့ သူ၏ယခင်ဘဝသို့ ညတွင်းချင်းပြန်လည်ရောက်ရှိသွားသလိုပင်။
ဒါပေမဲ့ အရမ်းတန်တယ်!
လုရှောင်ယန်လိုမျိုး အလွန်အန္တရာယ်များတဲ့ ဘေးအန္တရာယ်ကောင်မျိုးကို သတ်ခဲ့နိုင်လိုက်တာပဲ။
သူသာ ဒီနေ့မှာ လုရှောင်ယန်ကို မသတ်နိုင်ခဲ့လျှင် နောင်တစ်ချိန်မှာ သေချာက်ပေါက် လုရှောင်ယန် သတ်တာကို ခံရပေလိမ့်မည်။
အခုတော့ဖြင့် အားလုံးအဆင်ပြေသွားပေပြီ။ အောက်ဘက်တွင် ဒဏ်ရာရနေသည့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာရှိသည်။ သူတို့အားလုံးကို သူ့အစေခံဖြစ်လာဖို့ရန် ဖိအားပေးလိုက်မည်ဆိုလျှင် သူလည်း ထပ်ပြီးတော့ သိုင်းဘုရင်အဆင့်လက်အောက်ခံများစွာ ပြန်ရလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် ခဏတာမျှ အနားယူလိုက်ပြီးနောက် နောက်ထပ်နိုင်ငံပေါင်းများစွာကို သိမ်းပိုက်ကာ ထာဝရသစ်တောဆီသို့ ခရီးဆက်ရပေမည်။
အဲဒီအချိန်ကျရင် သူဆိုတဲ့ ဆုချန်က အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မယ်!
“ဟဟဟဟ…. ငါနိုင်ပြီ! ငါနိုင်ပြီ! အဆုံးသတ်အောင်နိုင်သူက ငါပဲကွ! ငါကသာ ကောင်းကင်ဘုံရဲ့ရွေးချယ်ခြင်းခံရသူဖြစ်…”
“ဖူး!”
သူ အဆုံးထိမပြောနိုင်လိုက်ခင်မှာပင် ရုတ်တရက် သူ့ရင်ဘက်သို့ ဓားတစ်ချောင်းစိုက်ဝင်လာခဲ့သည်။
လေထုသည့်ပုံပျက်သွားပြီး လုရှောင်ယန်၏ရုပ်သွင်သည် သူ့ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။
လုရှောင်ယန်က အကောင်းအတိုင်းပဲ!
“မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”
ထိုမျှ ပြင်းထန်လှသောပေါက်ကွဲမှုနှင့် ပြင်းထန်လှသောစွမ်းအားများကို ခံလိုက်ရတာတောင်မှ လုရှောင်ယန်၏ဝတ်ရုံတစ်စွန်းတစ်ကိုတောင် ဆုတ်ပြဲမသွားစေခဲ့ပေ။ ဒါ ဘယ်လိုလုပ်များ ဖြစ်နိုင်မှာတဲ့လဲ?
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလောက်တဲ့အခြေအနေမျိုးကို ခံနိုင်ရည်ရှိနေခဲ့တယ်တဲ့လား?
“ဘာကို မဖြစ်နိုင်ရမှာ?”
လုရှောင်ယန် အေးစက်စွာ တံတွေးတစ်ချက်ထွေးထုတ်လိုက်သည်။ ဒါက သူပထမဆုံးအကြိမ်အဖြစ် ဆုချန်ကိုစကားပြောလိုက်ခြင်းဖြစ်ပြီး နောက်မှာတော့ ချက်ချင်းစတင်တိုက်ခိုက်ကြတော့သည်။
တကယ်တော့ လုရှောင်ယန်၏လက်ရှိကျင့်ကြံဆင့်နှင့် နည်းလမ်းများအရ ခွန်အားဆယ်ဆတိုးမြှင့်ထားသော သိုင်းဘုရင်ပဉ္စမအဆင့်ကျွမ်းကျင်သူ၏ခွန်အားကို တောင့်ခံနိုင်ဖို့ဆိုသည်က ဘယ်လိုမှမဖြစ်နိုင်ပေ။
ဒါ့အပြင် တစ်ဖက်လူ၏ကျင့်ကြံခြင်းနည်းလမ်းသည် နတ်ဘုရားအဆင့်လဲ ဖြစ်နေသေးသည်။
တစ်ဖက်လူတွင် နတ်လက်နက်တစ်ခုလည်း ရှိနေပြန်သေးသည်!
ဤကဲ့သို့ နည်းစနစ်ကို လက်နက်ပါညီမျှနေချိန်မျိုးတွင် တစ်ဖက်လူက သူ့ထက် ဆယ်ဆပိုသန်မာသည့်ခွန်အားဖြင့် တိုက်ခိုက်လာမှုကို ခုခံနိုင်မည်ဆိုခြင်းကမှ ပိုလို့ထူးဆန်းနေဦးမည်။
သို့သော်လည်း ဒီလိုဆိုတိုင်း တစ်ဖက်လူကို လုရှောင်ယန် မရှင်းနိုင်ပါဘူးလို့ မဆိုလိုပေ။
သူ့တွင် ဓားထိန်းချုပ်ခြင်းကျင့်စဉ်ရှိသည်။
သူ့အတွက် လက်နက်တွေကို သူ့ဘာသာတိုက်ခိုက်အောင် ထိန်းချုပ်ဖို့ဆိုတာက အလွလုရှောင်ယန်ဟုသာန်လွယ်ကူလှသည်။
ဒါကြောင့် တစ်ချိန်လည်း သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် အဝေးတစ်နေရာတွင်ရှိနေခဲ့ခြင်းဖြစ်ကာ နတ်လက်နက်ကို ထိန်းချုပ်ပြီး တိုက်ခိုက်နေခဲ့ရုံသာဖြစ်သည်။
ပုံရိပ်ယောင်နည်းစနစ်ကြောင့် ဘယ်သူကမှ သူ့ကိုမမြင်နိုင်ခဲ့ပေ။ အားလုံးက ထိုသေသွားသည့် ပုံရိပ်ယောင်ကိုယ်ထည်ကို  ထင်နေခဲ့ကြသည်။
ဒါကြောင့် သူ အသတ်ခံလိုက်ရဖို့ဆိုတာ မဖြစ်နိုင်ပေ။
သူရှုံးနိမ့်သွားပြီဆိုတာ သိလိုက်ရသည်နှင့် ဆုချန် အလွန်ဒေါသထွက်ကာ စိတ်တို့လွတ်ထွက်သွားတော့သည်။
“မင်းကို သတ်မယ်!”
သူ၏နှလုံးသားထဲက ကြုံးဝါးနေသော်လည်း ဒီအချိန်မှာမှ စားပွဲကိုလှန်(အခြေအနေကိုပြောင်းပြန်လှန်)လိုက်နိုင်မယ်တဲ့လား?
ပုဆိတ်သွားလှံရှည်ဖြင့် လုရှောင်ယန်ကို ထိုးလိုက်ချိန်တွင် လုရှောင်ယန်သည် ထိုအခြေအနေကို ခန့်မှန်းထားပြီးသားဖြစ်တထပ်မံအသက်သွင်းရန်အတွက်ာကြောင့် အသက်တစ်ရှိုက်စာအချိန်ကို အကျိုးကျိုးရှိရှိ ရှောင်ထွက်သွားခဲ့သည်။
ဘုန်း!
ပုဆိန်သွားလှံရှည်သည် လေဟာနယ်ကိုသာ ထိုးခွဲမိလိုက်နိုင်သည်။
လုရှောင်ယန်သည်တော့ သူ၏နတ်လက်နက်ဓားရှည်ကို ပြန်သိမ်းလိုက်သည်။ ဆုချန်၏ဒဏ်ရာများသည်လည်း ချက်ချင်းပင် လျင်မြန်စွာ ပြန်လည်ပျောက်ကင်းသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပဲ လုရှောင်ယန်သည် ထာဝရမီးတောက်ကို  စစ်မှန်သောအမြင်အာရုံသုံးပါးကို အသုံးပြုလိုက်သည်။ မီးတောက်တို့က ဆုချန်၏ဓားဒဏ်ကို ထိမိသွားပြီး
“မဖြစ်ဘူး!”
ဆုချန်အော်ဟစ်လိုက်ကာ သူ၏စိတ်အစဉ်မှာ ပြိုလဲလို့နေပေပြီ။ မီးတောက်များကိုတွန်းလှန်ဖို့ရန် ချက်ချင်းပင် အားကုန်သုံးကာ ကျင့်ကြံဆင့်ကိုလှည့်ပတ်လို့သည်။
သို့သော်လည်း ဤအခြေအနေမျိုးအတွက် လုရှောင်ယန်မှာ အရင်ကတည်းက အစီအစဉ်ရှိပြီးသားပင်။ ဘယ်လိုလုပ်များ သူ့ကို ခုခံဖို့အခွင့်အရေးပေးမှာလဲ?

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now