ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၂၀။ အပိုင်း၂၉၀ ဘယ်သူတိုက်တာလဲ...
ကျီဝူရှားသည် ခဏတာ ငြိမ်သက်သွားတော့သည်။
"နင် မြန်မြန်ထွက်သွားတာ ပိုကောင်းတယ်။"
"ကောင်းပြီ... ဒါဆို ငါသွားတော့မယ်။"
ယွင်လီကောသည် ထွက်မသွားမီ တစ်ခုခုကို ထပ်စဉ်းစားမိပုံရပြီး ပြန်လှည့်လာကာ ပြောလိုက်သည်။
"ဂျူနီယာညီမ အနာဂတ်မှာ မင်း ဒိုင်ယာရီရေးတာကို ရပ်သင့်တယ်။ အဲ့ဒါက နည်းနည်း တုံးအပုံပေါ်စေတယ်။"
"လိမ့်လိုက်တော့!"
ကျီဝူရှားထံမှ ဟစ်အော်သံနှင့်အတူ ယွင်လီကောသည် ရှောင်တိမ်းကာ နတ်ဘုရားဂိတ်ပေါက်သို့ ဝင်သွားတော့သည်။
ကျီဝူရှားက ခေါင်းခါလိုက်သည်။
" ငါ့ရဲ့မှတ်ဉာဏ်တွေအားလုံးက အတုအယောင်တွေဖြစ်ဖို့ ငါ တကယ်မျှော်လင့်တယ်။ မဟုတ်ရင် ဆရာ ရန်သူကို အနိုင်ရအောင် ကူညီတဲ့ နေရာမှာ အဲဒီငတုံးအပေါ် အားထားရတာက ဆန္ဒတွေအပေါ်မှာ အခြေခံထားတဲ့ ယုံကြည်မှုပဲ ဖြစ်သွားနိုင်တယ်။"
သူမ ပြန်ခါနီးအချိန်တွင် သူမ၏ အသိက တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံစားမိခဲ့သည်။
ကျီဝူရှား မျက်မှောင်ကြုံ့သွားပြီး တောထဲတွင် ချက်ချင်း ပုန်းအောင်းလိုက်သည်။
ခဏကြာပြီးနောက် တောထဲ၌ သတ်ပွဲတစ်ခုရှိတာကို သူမ တွေ့လိုက်ရသည်။
"ရှီမိသားစုရဲ့ လူတွေကို သတ်ကြ။ ဘယ်သူမှ မသွားစေနဲ့။"
"ယဲ့မိသားစု! မင်းတို့က ထာဝရသစ်တောတစ်ခုလုံးကို သတ်ပစ်ချင်နေကြတာလား? မင်းတို့တွေက အရမ်းရူးနေကြပြီ။ မင်းတို့ကို ကောင်းကင်ဘုံက ပြစ်ဒဏ်ချမှတ်လိမ့်မယ်!"
"ဒါက..."
ကျီဝူရှား၏ ခေါင်းကြောတို့ထုံကျင်သွားပြီး ထိုနေရာမှ ချက်ချင်း ထွက်သွားတော့သည်။
အမည်မဲ့ဂိုဏ်းသို့ သူမ ပြန်ရောက်သောအခါ လုရှောင်ယန်က တောင်ဂိတ်တံခါးတွင် စောင့်နေတာကို သူမ တွေ့လိုက်ရသဖြင့် ထိတ်လန့် အံ့အားသင့်သွားတော့သည်။