အပိုင်း ၂၈၂ နဝမမြောက်တပည့်

358 55 0
                                    

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၈၂ နဝမမြောက်တပည့်


"ထာဝရသစ်တောက ယွီမိသားစုမှာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ (၁၁)ယောက်နဲ့ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ(၃၉)ယောက် ရှိတယ်။ သူတို့က အမည်မဲ့ဂိုဏ်းကို တရားဝင် ဝင်လာကြပြီ။"

...

"ထာဝရသစ်တောက လီမိသားစုမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ (၇)ယောက်နဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူ (၁၇)ယောက်ရှိတယ်။ အမည်မဲ့ဂိုဏ်းကို သူတို့ တရားဝင် ဝင်လာကြပြီ။"

...

"ရှေးဟောင်းတောင်နယ်နိမိတ်က ရှေးဟောင်းနဂါးဧကရာဇ်က အမည်မဲ့ဂိုဏ်းမှာ တရားဝင် ဝင်လိုက်ပြီ။"

...

"ထာဝရတောင်နယ်နိမိတ်က ရှီမိသားစုမှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ (၁၄)ယောက်နဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူ(၄၂)ယောက် ရှိတယ်။ အမည်မဲ့ဂိုဏ်းကို သူတို့ တရားဝင် ဝင်လာကြပြီ။"

...

အောက်မှ အဆက်မပြတ်ထွက်ပေါ်လာသော တင်ပြချက်များကို ကြားသောအခါ လုရှောင်ယန်မှာ သက်ပြင်းချလိုက်တော့သည်။

ဤ သေရေးရှင်ရေးကာလကို နောက်ဆုံး၌ သူ ဖြေရှင်းနိုင်ခဲ့လေပြီ။

အရိုးသားဆုံးပြောရရင် ထိုလူများသည် သတ်ဖြတ်ရင်း တကယ်ဒေါသထွက်လာလျှင် ၎င်းက လုရှောင်ယန်ကို ဒုက္ခရောက်အောင် လုပ်ဖို့ လုံလောက်မှာ သေချာလေသည်။

လုရှောင်ယန်ကို သတ်ဖို့က မဖြစ်နိုင်ပေ။ သူက ထိုမျှ အင်အား မနည်းပေမယ့် ဆုံးရှုံးမှု ကြီးကြီးမားမားကိုတော့ သူခံစားရမည်မှာ သေချာပေသည်။

သူဒဏ်ရာရလျှင် ယဲ့မိသားစုက သေချာပေါက် အရင်ဆုံး ရောက်လာမှာဖြစ်သည်။

လုရှောင်ယန်ကို သတ်ဖို့က သာမန်လူများအတွက် အလွန်ခက်ခဲပေမယ့် ယဲ့မိသားစုရှိ ပါရမီထူးပြီးအောင်မြင်သူများကတော့ သူ့ကို သတ်ဖို့ အခွင့်အလမ်း မြင့်မားကြသည်။

ထို့ကြောင့် သူက မတိုက်ချင်ခဲ့ပေ။

ယခုအခါ သူတို့က မတိုက်ခဲ့ယုံသာမက သူ၏လက်အောက်ငယ်သားများပါ ဖြစ်လာခဲ့ကြသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now