အပိုင်း ၂၈၆ အနေထားနိမ့်ကျသည့် ဂိုဏ်းတစ်ဂိုဏ်းမျှသာ...

346 51 0
                                    

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၂၀။ အပိုင်း၂၈၆ အနေထားနိမ့်ကျသည့် ဂိုဏ်းတစ်ဂိုဏ်းမျှသာ...


"ဒါပေမယ့် အဲ့ဒီအချိန်မှာ လက်ဆောင်အိတ်တွေအများကြီးကို ငါဖွင့်နိုင်လောက်တယ်။ ဒီအချိန်မှာ ပစ္စည်းကောင်းတချို့ ရနိုင်မယ်လို့ ငါမျှော်လင့်တာပဲ။"

လုရှောင်ယန်က လက်ဆောင်အိတ်ပေါင်းများစွာကို ရရှိခဲ့သည်။

လောလောဆယ်တွင် ဝမ့်ခိုက်လည်း အဆင့်ပေါင်းများစွာ တိုးတက်ခဲ့ပြီး တပည့်များသည်လည်း အလွန်အဆင့်မြင့်လာသောကြောင့် သူတို့ကိုယ်ကို အဆင့်နိမ့်နေဖို့က မဖြစ်သင့်တော့ပေ။

မကြာမီ လုရှောင်ယန်က ပထမဆုံး လက်ဆောင်အိတ်ကို စဖွင့်လိုက်သည်။

ရှစ်ထုန်လင်းရှီ x 98765

အင်း... အဖွင့်ကတော့ အရမ်းကောင်းတော့သည်။ အင်ပါယာနှင့်ဆိုင်သော စစ်သည်အားလုံးကို နတ်စစ်သည်များ အဖြစ်သို့ တက်လှမ်းရန် လုံလောက်သော ရှစ်ထုန်လင်းရှီ ကျောက်တုံးများစွာ ရှိနေခဲ့သည်။

ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ်သို့ တက်လှမ်းရန် ရှစ်ထုန်လင်းရှီ ကျောက်တုံးကို အသုံးပြုရသည်။

အကောင်းဆုံးပဲ။

ဒုတိယလက်ဆောင်အိတ်...

ရှစ်ထုန်ကျင်းယီ x 180

ဒုတိယလက်ဆောင်သေတ္တာက စိတ်ဝင်စားစရာ နည်းလေသည်။

သို့သော် ရှစ်ထုန်ကျင်းယီက နတ်ဘုရား၏ ဝိညာဉ်ကျောက်တုံးစစ်စစ်နှင့် သက်ဆိုင်ပြီး ရှစ်ထုန်ဝိညာဉ်ကျောက်တုံးက သိုင်းပါရမီများ၏ စစ်မှန်သောအဓိပ္ပာယ်နှင့် သက်ဆိုင်လေသည်။

ရှစ်ထုန်ကျင်းယီသည် ထိုသိုင်းပါရမီများထက် များစွာ ပိုမြင့်ပြီး ဤဖလှယ်မှုအချိုးက ဘာမှ မမှားပုံပါပဲ။

ထိုအရာကို ပြောရလျှင် အရာအားလုံးသည် ဝမ့်ခိုက်သိမ်းဆည်းထားတာဖြစ်ပြီး ဝမ့်ခိုက်သည် ၎င်းထဲရှိ ပမာဏကို တိုးစေနိုင်တာလား(သို့မဟုတ်) ပစ္စည်းကောင်းတချို့ကို ပေးနိုင်လားဆိုတာကို သူမသိပေ။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now