အပိုင်း ၂၅၄

405 51 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၄ အစီအစဉ်များချခြင်း

သူ မှားများကြားမိတာလား?
ဆေးလုံး ၂၀၀?
အားလုံးက သိုင်းဘုရင်အဆင့်ဆေးလုံးတွေလည်း ဖြစ်သေးတယ်။ ဒါတွေ အားလုံး ဘာလို့ သူ့ကိုပေးရတာလဲ?
လာနောက်နေတာလား!
သူသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ ကျွင့်မိသားစု၏မြင့်မြတ်သောသားတော်ဖြစ်သော်လည်း ကျွင့်မိသားစုသည် သူစားပစ်ဖို့ရန် သိုင်းဘုရင်အဆင့်ဆေးလုံးပေါင်း ၂၀၀ကို သာမာန်ကာလျှံကာထုတ်ပေးရဲမည်မဟုတ်ပေ။
အမည်မဲ့ဂိုဏ်းက ချမ်းသာတာလား?
သူထိတ်လန့်မှုကို ခံစားနေရတုန်းမှာပဲ ကျီဝူရှားက နတ်သားရဲဥတစ်လုံးကို ကမ်းပေးလာခဲ့သည်။
နတ်သားရဲဥ?
နတ်သားရဲဥကို ဘာကြောင့်ပေးလာမှန်း ကျွင့်ပုကျန်းတစ်ယောက် နားမလည်နိုင်ဖြစ်နေချိန်မှာပဲ အထဲမှာ နတ်သားရဲ၏အရှိန်အဝါကို အာရုံခံမိသွားလေသည်။
ချက်ချင်းပင် သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဒါကကော ဘယ်လိုဟာသမျိုးလဲ?
“ဒါ.. ဒါက.. နတ်.. နတ်သားရဲဥလား?”
ဤနေရာသည် နတ်လောကမဟုတ်ကြောင်း သိထားရမည်။ သူသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလျှင်တောင် မထိတ်လန့်မိဘဲ မနေနိုင်ဖို့ဆိုသည်က မဖြစ်နိုင်ပေ။ ဤအရာကဲ့သို့ နတ်ဘုရားအဆင့်ဖြစ်တည်မှုမျိုးက တကယ်ပဲ သေမျိုးလောကမှ ပေါ်ထွက်လာတယ်တဲ့လား။
ကျီဝူရှားက ပြုံးလိုက်ကာ၊ “မှန်တယ်။ ကြည့်ရတာ ဂျူနီယာမောင်လေးကျွင့်က အသိပညာစုံတာပဲ။ ဒါက နတ်သားရဲဥပါ။ မင်းစားလိုက်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံဆင့်ကို တော်တော်များများတိုးတက်လာစေနိုင်တယ်။ ဒီမြင့်မြတ်အာရုံစုစည်းခြင်းဆေးလုံးကလည်း မင်းရဲ့ပင်ကိုပါရမီကို တိုးများလာစေနိုင်တယ်။ မင်းရဲ့ပါရမီက အရမ်းကောင်းပြီးသားဆိုပေမဲ့ ပိုစားလေ ပိုကောင်းလေပဲ။ မလုံလောက်သေးရင် မင်းရဲ့အကြီးဆုံးအစ်ကိုကြီးကို ပြောနိုင်တယ်။ အကြီးဆုံးအစ်ကိုကြီးက ဆရာ့ကို သတင်းပို့ပေးလိမ့်မယ်။”
ကျွင့်မိသားစု၏ဂုဏ်သိက္ခာကြီးမြတ်လှသော မြင့်မြတ်သောသားတော်တစ်ယောက်အနေနှင့် သူ မမြင်ဖူးတာ ဘာများရှိလို့လဲ?
အရင်တုန်းက သူ မမြင်ဖူးခဲ့တဲ့လူမျိုး ရှိခဲ့ဖူးလို့လဲ?
သို့ပေမဲ့ ယနေ့တွင်တော့ လုရှောင်ယန်နှင့်တွေ့ပြီးနောက် သူ၏လောကအမြင်တို့မှာ ကွဲကြေသွားတော့သည်။
နတ်သားရဲဥတွေက စားဖို့လား?
ဒါ့အပြင် ပင်ကိုပါရမီကို တိုးလာစေနိုင်တဲ့ နတ်ဆေးလုံးကလည်းရှိတယ်လား?
သူ ဒါတွေကို ဘယ်နေရာက ရလာတာလဲ?
သူထက် ကျင့်ကြံဆင့်မြင့်တဲ့လူဆီကနေ ခိုးလာတာလား?
ရယ်စရာအကောင်းဆုံးအချက်ကတော့ မလောက်သေးရင် နောက်ထပ်,ထပ်တောင်းနိုင်တယ်လို့တောင် ပြောလာသေးတာကိုပဲ။
ဒါကတင် အရမ်းများနေပြီ မဟုတ်ဘူးလား?
ဤလောကတွင် လူတိုင်း သိုင်းဘုရင်အဆင့်ဆေးလုံးများကို စားကြသည်။ သို့ပေမဲ့ အမည်မဲ့ဂိုဏ်းကတော့ နတ်ဆေးလုံးများနှင့် နတ်သားရဲဥများကို စတင်စားသုံးနေကြပေပြီ။
သူ မှင်သက်နေချိန်မှာပဲ ဖုန်းထျန်းယွမ်က နောက်ထပ် ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။
“ဒါက ဆရာ မင်းအတွက် အထူးပြင်ဆင်ထားတဲ့ ဆေးလုံးပဲ။ ငါတို့တောင် မစားနိုင်သေးဘူး၊ ဒီတော့ အရင် ယူထားလိုက်။”
ဆေးပုလင်းကို လက်ခံလိုက်ပြီးနောက် နတ်အာရုံဖြင့် ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်နှာအကြောတို့ တွန့်ရှုံ့ကုန်တော့သည်။
နတ်ဆေးလုံး!
နောက်ထပ်နတ်ဆေးလုံးပဲ!
ဒါ့အပြင် အလုံး၃၀တောင်မှ!
တစ်ခုခုများ မှားနေလား?
နတ်ဆေးလုံး ၃၀ လေ!
ဤသတင်း ထာဝရသစ်တောထဲသို့ ပျံ့သွားပါက ထာဝရသစ်တောကြီးတစ်ခုလုံး ပေါက်ကွဲသွားနိုင်သည်။
နှစ်ပေါင်းများစွာပုန်းကွယ်နေခဲ့သော ထိုနတ်ဆိုးအိုကြီးများသည် ချက်ချင်းလက်ငင်း အမည်မဲ့ဂိုဏ်းကို သူသေကိုယ်သေလာတိုက်ခိုက်နိုင်ဖွယ်ရှိပေသည်။
“ဂျူနီယာညီလေး၊ အဲဒါ ဘာဆေးလုံးလဲ?!”
ယွင်လီကော သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။ ဒါကြောင့် ကျွင့်ပုကျန်းက ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်လိုက်ကာ၊ “စီနီယာအစ်ကိုကြီး၊ ဒါတွေအားလုံးက နတ်သွေးဆေးလုံးတွေပါ။ နတ်သားရဲရဲ့သွေး ဒါမှမဟုတ် နတ်ဘုရားအဆင့်ကျွမ်းကျင်သူရဲ့ သွေးနဲ့ ဖန်တီးထားတဲ့ ဆေးလုံးတွေပါ။”
ယွင်လီကော ငြိမ်ကျသွားလေသည်။
ဒါ ဆေးအသစ်လား?
သေစမ်း၊ သူ့ဆရာက တကယ်ပဲ ဆေးအသစ်ကို သူ့ကိုအရင်ဆုံးပေးမစမ်းခဲ့ဘူးပဲ? သူ့အစား အသစ်ဝင်တဲ့ဂျူနီယာညီငယ်ကို ပေးလိုက်တာလား?
တစ်ခုခုတော့မှားနေပြီ၊ တကယ်ပဲ တစ်ခုခုတော့ မှားနေပြီ။ မဟုတ်မှ ဆရာ အကြိုက်သစ်တွေ့သွားတာလား?
သူက ဆရာ့ရဲ့ အချစ်ဆုံးတပည့်မဟုတ်တော့ဘူးလား?
သေစမ်း!
လတ်တလော သူ့ရဲ့မြှောက်ပင့်တဲ့စွမ်းရည်က ကျဆင်းသွားတာဖြစ်နိုင်မလား?
အဲဒါတော့ မဖြစ်နိုင်ဘူး။ အမည်မဲ့ဂိုဏ်းတစ်ခုလုံးမှာ ဘယ်သူကမှ သူတို့ဆရာကို မြှောက်ပင့်တဲ့နေရာမှ သူနဲ့အဆင့်တစ်နေရာကို ပြိုင်မလဲရဲဘူး။
ယွင်လီကော ငြိမ်ကျသွားသည်ကိုမြင်လိုက်ရတာကြောင့် ကျွင့်ပုကျန်း၏နှလုံးမှာ ချက်ချင်းပင် တုန်လှုပ်သွားလေသည်။
“အကြီးဆုံးအစ်ကိုကြီး၊ ငါ တစ်ခုခုများ မှားပြောမိသွားလို့လား?”
“မဟုတ်ဘူး၊ မဟုတ်ဘူး… မပြောပါဘူး။”
ယွင်လီကော ပါးစပ်ကတော့ ဘာမှဟုတ်ဘူး ပြောနေသော်ငြား စိတ်ထဲတွင်တော့ လျှို့ဝှက်စွာ ကြံစည်နေပေပြီ။
မဖြစ်ဘူး၊ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်မှ ဆရာ့ကိုရှာပြီး ဒီအကြောင်းမေးမြန်းဖို့ အချိန်ယူရမယ်။
သူ့ဆရာသာ သူ့အပေါ် အလေးပေးခြင်းရပ်သွားခဲ့မည်ဆိုလျှင် သူလုံးဝအဆုံးသတ်သွားပေမည်။
“ပုကျန်း၊ မင်း အခုပဲ သွားပြီး ကျင့်ကြံနိုင်ပြီ။ ခဏလောက်ကျင့်ကြံဖို့အတွက် လိုအပ်တာအားလုံးယူပြီး တောင်နှင့်မြစ်ပန်းချီထဲ ဝင်သွားလိုက်။ မင်း အပြင်မှာ ကျင့်ကြံမယ်ဆိုရင် အချိန်လောက်မှာမဟုတ်ဘူး။ နတ်ဘုရားခန်းမက လာတိုက်ခိုက်ရင် ဒီအရာတွေကို အချိန်မီစုပ်ယူဖို့အတွက် အရမ်းအခက်အခဲဖြစ်ရလိမ့်မယ်။”
ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်ကာ သူ့နှလုံးသားထဲတွင် တီးတိုးပြောမိလိုက်သည်။
တောင်နှင့်မြစ်ပန်းချီကားဆိုတာ ဘာလဲ?
သူကဘာလို့ ကျင့်ကြံဖို့အတွက် တောင်နှင့်မြစ်ပန်းချီထဲကို ဝင်ရမှာလဲ?
အထဲမှာဆိုရင် သူ့ကျင့်ကြံနှုန်းက ပိုမြန်သွားနိုင်တာကြောင့်လား?
စိတ်ရှုပ်နေရင်းဖြင့်ပင် ကျွင့်ပုကျန်း၏ တခြားတပည့်များနောက်လိုက်ကာ တောင်နှင့်မြစ်ပန်းချီထဲသို့ ဝင်ရောက်လိုက်သည်။
သို့သော်လည်း မည်သည့် ထူးခြားမှုကိုမှ အာရုံမခံမိခဲ့ပေ။
“ဒီတောင်နှင့်မြစ်ပန်းချီထဲမှာ ဘာမှဖြစ်မယ့်ပုံမပေါ်ပါဘူး၊ ဟုတ်တယ်မလား?”
သူ့သံသယတို့ကို ထုတ်ပြောကြည့်ဖို့ ကြိုးစားလိုက်သည်။
ယွင်လီကောနှင့်ကျန်လူများ၏နှုတ်ခမ်းတို့မှာ တွန့်ကွေးသွားလေသည်။
“တောင်နဲ့မြစ်ပန်းချီရဲ့အတွင်းပိုင်းက အရမ်းကြီးမားတယ်။ ဒီနေရာက အားလုံးက အပြင်ဘက်နဲ့ တူညီနေတာတော့မဟုတ်ဘူး။ လေ့ကျင့်ရေးနေရာကို သွားကြရအောင်။”
လုရှောင်ယန်သာ တောင်နဲ့မြစ်ပန်းချီကားတစ်ခုလုံးကို ထိုက်ရွှမ်ပေသို့ဖြင့် ဖုံးအုပ်ထားချင်လျှင် တန်ဖိုးက အလွန်မြင့်မားပေမည်။
ဒါကြောင့် လုရှောင်ယန်သည် ကျင့်ကြံခြင်းနေရာတစ်ခုကိုသာ ချမှတ်ခဲ့သည်။ ထိုနေရာအတွင်းရှိအချိန်စီးဆင်းမှုသည်သာ ထိုက်ရွှမ်ပေသို့၏သက်ရောက်မှု ရှိမည်ဖြစ်သည်။
ကျွင့်ပုကျန်း တောင်နဲ့မြစ်ပန်းချီကားထဲရှိ လေ့ကျင့်ရေးနေရာသို့ရောက်သွားသည်နှင့် သူ့နှလုံးက ခုန်လှုပ်သွားလေသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်အနေနှင့် သူ၏အာရုံခံနိုင်စွမ်းသည် ထူးကဲသာလွန်သည်။ ဒါကြောင့် တစ်ချက်တည်းနဲ့ပင် အရာရာတိုင်းကို သဘာဝအ‌လျောက် မြင်တွေ့နိုင်ပေသည်။
အတွင်းဘက်ရှိအချိန်စည်းမျဉ်းသည် ပြောင်းလဲသွားခဲ့ပေပြီ။ ဤနေရာတွင် သူ၏ကျင့်စဉ်ကို တစ်ကြိမ်လှည့်ပတ်လိုက်သည်က အပြင်တွင် ဆယ်ကြိမ်လှည့်ပတ်စာနှင့် ညီမျှနေသည်။
“ဆရာတူ အစ်ကိုနဲ့ အစ်မတို၊ ဒါက…”
“ဒီနေရာရဲ့ အချိန်စီးဆင်းမှုကို ဆရာက ပြုပြင်ထားတာ။ မင်း ဒီမှာတစ်ရက်ကျင့်ကြံရုံနဲ့ ဆယ်ရက်စာကျင့်ကြံမှုကို ရနိုင်တယ်။”
“ဆရာက အချိန်ရဲ့စွမ်းအားကိုပါ ပြောင်းလဲနိုင်တာလား! ဆရာ့ရဲ့ကျင့်ကြံခြင်းက ဘယ်လောက်တောင်မှ အားကောင်းလိုက်လဲ?”
“တကယ်တော့ ငါတို့လဲ ပြောဖို့ခက်တယ်။ ဆရာ့ရဲ့ တပည့်ဖြစ်လာပြီးကတည်းက ဆရာ ဒုက္ခရောက်တာကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ငါတို့ရဲ့ ကနဦးခန့်မှန်းချက်အရ ဆရာ့ရဲ့ကျင့်ကြံဆင့်က အနည်းဆုံး နတ်ဘုရားအဆင့်လောက်ကို ရောက်သင့်နေပြီ!”
ကျွင့်ပုကျန်း : “…..”
ထိုအချိန်တွင်တော့ သူလုံးဝ ဆွံ့အသွားလေတော့သည်။
သူ့ဆရာက သိုင်းနတ်ဘုရားလား?
သေစမ်း!
သူ့ဆရာရဲ့တိုက်ပွဲခွန်အားက ဘာလို့များ အရမ်းမြင့်ပြီး သူ့ထက်အဆင့်ပိုမြင့်တဲ့လူကိုတောင်မှ တိုက်ခိုက်နိုင်ရတာလဲလို့ အံ့ဩနေခဲ့တာ။ ကြည့်ရတာ သူ့ဆရာက နတ်ဘုရားအဆင့်ဖြစ်နေတာဆိုတော့ နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံခဲ့လို့ပဲဖြစ်ရမယ်။ ဒါကြောင့်ပဲ အဆင့်ပိုမြင့်တဲ့လူတွေကို တိုက်ခိုက်နိုင်တာဖြစ်မယ်။
ဒါတင်မကဘူး နတ်ဘုရားအဆင့်ကျွမ်းကျင်သူတွေကသာ မြင်းနက်တွေ ဘယ်လောက်တောင် အင်အားကြီးလဲ သိနိုင်မှာပဲ။
နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်ကသာ နဂါးနတ်ဘုရားပညာလို ကျင့်ကြံခြင်းနည်းလမ်းမျိုးကို နားလည်နိုင်တာ။
ပြီးတော့ နတ်ဘုရားအဆင့်ကျွမ်းကျင်သူကသာ ဒီလောက်များပြားတဲ့ နတ်သားရဲဥတွေနဲ့ နတ်ဘုရားအဆင့်ဆေးလုံးတွေ ရှိနိုင်တာပေါ့။
သူနားလည်သွားပြီ!
ဒီတစ်ခေါက်တော့ သူတကယ်ကံကောင်းမှုကြီးကို မတော်တဆကြုံတွေ့ခဲ့မိတာပဲ။
ဒီအချိန်မှာ ကျွင့်မိသားစုက အကြီးအကဲချုပ်ကိုကြီးပို့ကာ သူ့ကိုပြန်လာခေါ်ရင်တောင် သူ ပြန်လိုက်မှာမဟုတ်ဘူး။
ဒီလောက်အင်အားကြီးတဲ့ဆရာနဲ့ဆို သူ့ဆရာရဲ့ခြေသလုံးမွေးတစ်ချောင်းကတောင် ကျွင့်မိသားစုထက် အဆရာပေါင်းများစွာ သန်မာနေဦးမယ်။
ဒါက သူသည် ကျေးဇူးကန်းသူတစ်ယောက်ဟု မဆိုလိုပေ။ သူက ကျွင့်မိသားစုနဲ့ ရန်သူတွေဖြစ်လာမှာမဟုတ်ပေ။ သို့သော်လည်း အခုချိန်ကစပြီး လုရှောင်ယန်နောက်ကိုပဲ လိုက်တော့မည်။
ဒါပေါ့ ကျွင့်မိသားစုမှာ ရန်သူတွေရှိလာမယ်ဆိုရင်လည်း သူကူညီပေးနေဦးမှာပါ။
ထို့နောက် သူ ချက်ချင်းပင် စတင်ကျင့်ကြံတော့သည်။ သိုင်းဘုရင်အဆင့်ဆေးလုံးများ၊ နတ်ဆေးလုံးများနှင့် နတ်သားရဲဥများကို စားလိုက်ကာ… အချိန်တိုလေးအတွင်းမှာပဲ သူ့ခွန်အားကို တိုးပွားစေနိုင်သည့် အရာအားလုံးကို ဝါးမြိုလိုက်သည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ၏ခန္ဓာကိုယ်သည် သေမျိုးလောကကို ကျော်လွန်ခြင်းမပြုမီအထိ အချိန်ကြာရှည်စွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ၎င်းသည် အလွန်အားကောင်းကာ ဆေးလုံးများကို လွှမ်းမိုးမှုကို တွန်းလှန်နိုင်ပြီး ဆေးလုံးများထဲမှခွန်အားကို ဖိနှိပ်နိုင်သည်။
တောင်နှင့်မြစ်ပန်းချီကား၏အပြင်ဘက်တွင် လုရှောင်ယန်မှာ အမိန့်များဆက်တိုက်ပေးနေခဲ့သည်။
ပထမဦးဆုံး၊ လိပ်နက်နှင့်အခြားသောသိုင်းဘုရင်အဆင့်သားရဲများကို ရှေးဟောင်းတောင်နယ်နိမိတ်အတွင်းမှ အဆင့်မြင့်မိစ္ဆာသားရဲအားလုံးကို ခေါ်ဆောင်ခိုင်းထားသည်မှာ ရလာပြီဖြစ်သည်။
၎င်းတို့သည် တိုက်ပွဲတွင် ကြီးမားသည့်အကူအညီတစ်ရပ်ဖြစ်လာပေမည်။
ထို့နောက် မဟာကျိုးအင်ပါယာနန်းမြို့တော်မှ ကျင့်ကြံသူများအား ချက်ချင်းဆုတ်ခွာစေပြီး နန်းမြို့တော်မှထွက်ခွာဖို့ပြောရန် ကျီဝူရှန်ကို အမိန့်ပေးခဲ့သည်။
မကြာခင် တိုက်ပွဲစတင်တော့မည်ဖြစ်၍ တစ်ဖက်က မဟာကျိုးနန်းမြို့တော်ကို ဦးတည်ကာ တိုက်ရိုက်တိုက်ခိုက်လာပေလိမ့်မည်။
မဟာကျိုးနန်းမြို့တော်၏အင်အားဖြင့်ဆိုလျှင် သေချာပေါက် အသက်ဆယ်ရှိုက်စာမျှပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
လုရှောင်ယန်သည် ရှေးဟောင်းတောင်နယ်နိမိတ်မှ မိစ္ဆာသားရဲများကို ထိန်းချုပ်ပြီးနောက် ရှေးဟောင်းတောင်နယ်မိမိတ်၏နယ်မြေကိုလည်း ထိန်းချုပ်ခဲ့သည်။
ရှေးဟောင်းတောင်နယ်နိမိတ်သည် မဟာကျိုးအင်ပါယာနှင့်မဟာချင်အင်ပါယာကြားတွင် တည်ရှိသော်လည်း ရှေးဟောင်းတောင်နယ်နိမိတ်သည် အလွန်ရှည်လျားကာ တခြားနိုင်ငံများနှင့်လည်း နယ်မြေအစိတ်အပိုင်းအများစုသည် ချိတ်ဆက်နေသည်။
လုရှောင်ယန်သည် ထိုနေရာများတွင် ကူးပြောင်းခြင်းအစီအရင်များတည်ဆောက်ပြီးနောက် ကျီဝူရှန်ကို နန်းမြို့တော်တွင် ကူးပြောင်းခြင်းအစီအရင်များတည်ဆောက်စေသည်။
ဤနည်းဖြင့် တစ်ရက်တောင်မလိုဘဲ မဟာကျိုးအင်ပါယာရှိကျင့်ကြံသူအများအပြားကို အခြားနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိပ်စပ်နေသော ပဏာမတောင်တန်းဒေသများသို့ ကူးပြောင်းပေးနိုင်ခဲ့သည်။
တိုက်ပွဲပြီးဆုံးပြီးနောက် ကူးပြောင်းခြင်းအစီအရင်တစ်ခုဆောက်ကာ သူတို့ကိုပြန် ကူးပြောင်းပေးနိုင်ပေသည်။
ဤအစီအစဉ်သည် အတော်လေးကိုပြီးပြည့်စုံပေသည်။ ၎င်းသည် မဟာကျိုးအင်ပါယာ၏အင်အားကို ထိန်းသိမ်းထားနိုင်ရုံသာမက မဟာချင်အင်ပါယာနှင့် တိုက်ပွဲအဆုံးအဖြတ်တွင်လည်း နှောင့်နေစေတော့မည်မဟုတ်ပေ။
အားလုံးကို လုပ်ဆောင်ပြီးနောက် လုရှောင်ယန်သည် ချက်ချင်းပင် မဟာကျိုးအင်ပါယာ၌ ကူးပြောင်းခြင်းအစီအရင်တစ်ခုတည်ဆောက်ကာ ဆုချန်၏တပ်ရောက်လာမည်ကို စောင့်နေလိုက်သည်။
…..
***
free-ဇာတ်သိမ်းအထိ (group/pdf)
kpay/wave - 6000ks
bill- 7000ks

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now