၂၆ - ၃၀

508 35 0
                                    


စစ်​ဧကရာဇ်​ (Chapter:26)
..................................
(ကောင်ကင်ဘုံ ကျီးကန်းတောင်ထိပ် ၂ )
...................................................
ကောင်းကင်ဘုံ ကျီးကန်းတောင် နဲ့ ပတ်သက်၍ နန်ဟွာရန်ပြောတာတွေကို နားထောင်းပြီး လီကွမ်ရီက တောက်ပစွာ ပြုံးလိုက်သည်။ အမှန်တကယ်တော့ ဒီတောင်ရဲ့ နာမည်က လီကွမ်ရီကြောင့်ဖြစ်လာခြင်း ဖြစ်သည်။ ဧကရာဇ်မင်ရန်ဆီ ရောက်လာတဲ့ ကျီးကန်းမှာ အခြားမဟုတ်ပေ။ လီကွမ်ရီပိတ်မိနေသော ကျီးကန်းနက်ဖြစ်ပြီး ဧကရာဇ်မင်ရန်က သူ့ကို အစွဲပြုပြီး ကောင်းကင်ဘုံ ကျီးကန်းတောင် လို့ နာမည်ပေးထားခြင်း ဖြစ်သည်။

ထိုတောင်ထိပ်ပေါ်မှာ တြိဂံပုံစံ ရှေ့ဟောင်းသင်တန်းကျောင်းတစ်ခုကို တွေ့လိုက်ရသည်။  အဆောက်အဦးရဲ့ အရွယ်အစားက သိပ်တော့မကြီးလှပေ။ အဆောက်အဦးတစ်ခုလုံးကို အနက်ရောင်ဆေးနဲ့ သုတ်ထားတာကို တွေ့ရသည်။ ဒီအဆောက်အဦးက ဘာကြောင့်ဒီတောင်ပေါ်ဆောက်ထားလဲ ဆိုတာကို ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းက မည်သူတစ်ဦးတစ်ယောက်မှ မသိကြပေ။

လီကွမ်ရီနဲ့ နန်ဟွာရန်တို့ အနက်ရောင် သင်တန်းကျောင်းရှေ့ရောက်တဲ့ အခါမှာ လီကွမ်ရီရဲ့ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးတာတောင် ဒီအဆောက်အဦးက ခိုင်ခိုင်မာမာရှိနေသေးသည်။

အနက်ရောင်အဆောက်အဦးရဲ့ရှေ့မှာ ကြီးမားတဲ့ ဗိမာန်ကြီးရှိနေပြီး အဲ့ဟာက လီကွမ်ရီရဲ့ မျက်လုံးကိုတော်တော်ဆွဲဆောင်နေပါတယ်။ လီကွမ်ရီက သူ့မှတ်ဉာဏ်ကို ပြန်ဖော်ထုတ်ကြည့်နေပြီး အရင်အချိန်က ဒီနေမှာမှာ ဘာဗိမာန်မှ မရှိသေးဘူးဆိုတာကို သူသတိရလိုက်သည်။

ဗိမာန်ရဲ့ရှေ့မှာ အမျိုးသားတစ်ယောက်ကို ထိုင်လျက် တွေ့လိုက်ရသည်။ ထိုလူကြီးရဲ့ ရှည်လျားတဲ့ဆံပင်တွေနဲ့ ပသိုင်းမွေးတွေကြောင့် သူ့အသက်ကို ခန့်မှန်းဖို့မလွယ်လှပေ။ သူက မြက်ပင် ခြုံနွယ်တွေကြားထဲရှိနေပြီး သူ့မျက်လုံးတွေကို ပိတ်ထားသည်။ အဝေးမှကြည့်လျှင် သေဆုံးပြီးသား အလောင်းကောင်ကြီးနှင့် အလွန်တူလှသည်။

ထူးဆန်းသည်က ထိုလူကြီးရဲ့ လက် နဲ့ ခြေထောက်တွေကို ကြီးမားတဲ့ သံကြိုးတွေနဲ့ ချည်နှောင်ခံထားရခြင်း ဖြစ်သည်။ ဘယ်လို ပြစ်ဒဏ်မျိုးကျူ းလွန်ထားလို့များ အနက်ရောင် သံမဏိကြိုးတွေနဲ့ ချုပ်နှောင်ထားတာပါလိမ့်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now