951 - 955

128 11 0
                                    

စစ်ဧကရာဇ်(Chapter:951)
(ကျောက်စိမ်းပျား)
.............................
     ဝုန်း ... ဝုန်း ... ဝုန်း ...
     ပဉ္စဂံအိမ်တော်အတွင်း ပေါက်ကွဲသံတွေ အဆက္မပြတ် ထွက်ပေါ်နေခဲ့၏။ လီကွမ်ရီက လရောင်ခြည်ကို စုပ်ယူပြီး ရေနှင့် ပေါင်းစပ်စေသည်။ ပြီးနောက် ငါးဆူပင်ကို ရေလောင်းပေးနေခဲ့သည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ နောက်ဆုံး၌ တစ်လုံးထဲ ရှိနေသည့် သစ်သီးလေးက တဖြည်းဖြည်း ရင့်မည့်လာခဲ့တော့သည်။ အကယ်၍ ယခုအချိန်တွင် တစ်စုံတစ်ယောက်သာ သစ်သီးကို တွေ့ပါက အသီးဟု မထင်လောက်ပေ။ သက်ရှိသတ္တဝါ တစ်မျိုးမျိုး၏ နှလုံးသားတစ်ခုဟုသာ ထင်မှတ်ကြပေလိမ့်မည်။

     ဝုန်း ... 
     နောက်ဆုံး၌ မိုးချုန်းသံလို အသံတစ်ချက် ထွက်လာခဲ့သည်။ အသံက လွန်စွာ ကျယ်လောင်ပြီး ပြင်းထန်သည့် ဖိအားတွေ ပေါင်းစပ်ပါဝင်နေခဲ့သည်။ အားနည်းသူတစ်ယောက်သာ ထိုအသံကို ကြားပါက သေချာပေါက် တုန်လှုပ်ချောက်ချားသွားမည်မှာ မလွဲပေ။

     "အချိန်ကျပြီ"လီကွမ်ရီက တိုးညင်းစွာ ရေရွတ်သည်။ ပြီးနောက် ပန်းကန်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။

     "ဖောက် ..."နောက်ဆုံးတွင် တစ်လုံးတည်းသော ငါးဆူသီးက သစ်ပင်ပေါ်မှ ကြွေကျလာခဲ့၏။ ပြီးနောက် လီကွမ်ရီ၏ ပန်းကန်ပြားအတွင်း ကျဆင်းသွားခဲ့သည်။ ထိုအခါ လီကွမ်ရီက ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
     "အရင်တုန်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းရဲ့ အကျိုးရလာဒ်တွေပဲ ... ဒီနေ့တော့ အောင်မြင်မှု အသီးအပွင့်ကို ဆွတ်ခူးနိုင်ခဲ့ပြီ ..."

     လီကွမ်ရီက ငါးဆူသီးကို အသေအချာ ထုပ်ပိုးပြီး သိမ်းဆည်းလိုက်သည်။ ပြီးနောက် ပဉ္စဂံအိမ်တော်မှ ပြန်လည်ထွက်ခွာလာခဲ့၏။ သူက ဆိုင်ပိုင်ရှင်အား သွားရောက်တွေ့ဆုံပြီး နှုတ်ဆက်သည်။

     ဆိုင်ပိုင်ရှင်က သူ့ကို တောင်ခြေရင်းအထိ လိုက်ပို့သည်။ တစ်နေရာသို့ အရောက္ သူက ဆိုင်ရှင်ကို ပြုံး၍ ပြောသည်။
     "မလွှဲမရှောင်သာပဲ နှုတ်ဆက်ရပြန်တော့မယ် ... အခု ပြန်လို့ရပါပြီ ... ငါ့ကို လိုက္ပို့မနေပါနဲ့တော့ ... နောင်တစ်ချိန် အခါအခွင့်သင့်ရင် ရှုအိမ်တော်ကို ပြန်လာခဲ့မယ် ... မင်လည်း ရှုအိမ်တော်ရဲ့ အနာဂတ်အတွက် အခုလိုပဲ ဆက်ပြီး ကြိုးစားပါ ..."

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now