611 - 615

153 15 0
                                    


စစ်ဧကရာဇ်(Chapter:611)
(သင်ယူခြင်း)

     "ချင်ကလန်ကို စာတစ်စောင်ပို့ထားတယ်၊ သူတို့က ငါတို့နိုင်ငံ ကိုယ်စားပြုပြီး အယ်လ်ခမီညီလာခံမှာ ဝင်ပြိုင်ဖို့ သဘောတူခဲ့တယ်"
ကျစ်ယန်က အကြီးအကဲတွေကို ကြည့်ပြီး ဆက်ပြောသည်။
"ဒါပေမယ့် အခြားပြိုင်ပွဲဝင်တွေ လိုအပ်နေသေးတယ်၊ ဒီတော့ မင်းတို့က ပြိုင်ဝင်မယ့် လူငယ်တွေကိုရှာဖို့ တာဝန်ယူပါ၊ ပြိုင်ပွဲမှာ အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လုံလောက်တဲ့ စွမ်းဆောင်ရည်တစ်ခု ပြနိုင်ခဲ့ရင် ဆုလာဒ်အချို့ ချီးမြင့်မယ်လို ကြေညှာလိုက်"

     ကျစ်ယန်ရဲ့စကားကြောင့် အကြီးအကဲအားလုံးမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ ဒီအလုပ်က အပြောလွယ်သလောက် လုပ်ဆောင်ရတာဘယ်လောက် ခက်ခဲမှန်း သူတို့အသိဆုံး ဖြစ်သည်။

     ဆေးကျောက်တုန်းကမ္ဘာကြီးမှာ အယ်လ်ခမီနဲ့ ပတ်သက်ပြီး ပါရမီရှင်တွေ အများကြီး ရှိသည်မှာ မှန်သည်။ သို့သော် ထိုပါရမီရှင်တွေအားလုံးကို အင်အားကြီးအယ်လ်ခမီဂိုဏ်းတွေက သိမ်းသွင်းထားပြီး ဖြစ်သည်။ ယခုမှ ဘယ်လိုလုပ်ပြီး ပါရမီရှင်တွေကို ရှာဖွေလို့ရတော့မည်နည်း။ ပါရမီရှင်တွေ ရှိနေသေးလျှင်တောင် ဝါးဘီလူးနိုင်ငံတော်ရဲ့အဆင့်အတန်းက အခြားအင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြီး စုဆောင်းဖို့ မလွယ်ကူလှပေ။

     ကျစ်ယန်က အကြီးအကဲအားလုံး မျက်နှာပျက်သွားတာကို သတိပြုလိုက်မိသည်။ သူမက အားလုံးကို တစ်ချက်ဝေ့ဝဲကြည့်ပြီး လေးလေးနက်နက် ပြောသည်။
"ဒါက ခက်ခဲမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အတတ်နိုင်ဆုံးကြိုးစားကြပါ၊ အယ်လ်ခမီညီလာခံက ငါတို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းအချို့ရလာနိုင်တယ်"

     "ကောင်းပြီ၊ ဒါက ငါတို့နိုင်ငံတွေ အခွင့်အရေးတစ်ခုဆိုမှတော့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
အကြီးအကဲတစ်ယောက်က လေးလေးနက်နက် ပြန်ပြောသည်။

     အကြီးအကဲရဲ့ထောက်ခံချက်ကြောင့် ကျစ်ယန်မှာ စိတ်အားထက်သန်သွားရသည်။ သူက အားလုံးကို ကြည့်ပြီး ပြုံးရွှင်စွာနဲ့ ဆက်ပြောသည်။
"ကောင်းပြီ၊ ပါရမီရှင်တွေကို ရနိုင်သလောက် စုဆောင်းပါ၊ အားလုံး စုပြီးသွားရင် အယ်လ်ခမီပညာရှင်အချို့က သူတို့ကို လေ့ကျင့်ပေးလိမ့်မယ်၊ ဒီပွဲမှာ အနိုင်မရရင်တောင် ငါတို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရလာမယ်ဆိုတာ နားလည်ထားကြပါ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now