671 - 675

126 18 0
                                    


စစ်ဧကရာဇ်(Chapter:671)
(ထျဲရီရဲ့ လျှို့ဝှက်ချက်)
....................................
ကျားသစ်မင်းသားမှာ ကြံရာမရတော့သည့်အဆုံး လီကွမ်ရီကို အကြပ်ကိုင်သည့်သဘောနဲ့ အေးစက်စွာ ပြောသည်။
" သခင်လေးယဲ့က ငါ့ကို ဆေးဝါးရှာဖို့ အမိန့်ပေးထားတယ်၊ သူက ဆေးကျောက်တုန်းကမ္ဘာကြီးတစ်ခုလုံးမှာ ထင်ရှားပြီး အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တဲ့ အရည့်အချင်းတွေ ပိုင်ဆိုင်ထားတယ်၊ သမားတော်လီက ငါ့ကို မရောင်းချင်ဘူးဆိုရင်တောင် သခင်လေးယဲ့ကို ရောင်းပေးလိုက်ပါ၊ ဒီလိုဆိုရင် နောင်တစ်ချိန်မှာ သခင်လေးယဲ့ရဲ့ မျက်နှာသာပေးမှုကို မင်းရလာလိမ့်မယ်....."

ကျားသစ်မင်းသား ပြောလိုက်တဲ့ သခင်လေးယဲ့ ဆိုသူမှာ ယဲ့ချင်းချန်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယဲ့ချင်းချန်က ဆေးကျောက်တုန်းကမ္ဘာကြီးရဲ့ နာမ်ပါတ်တစ် သူရဲကောင်းတစ်ယောက် ဖြစ်သည်။ အားလုံးက သူနဲ့ ရင်းနှီးမှု ရလိုကြသည်အထိ သူ့ရဲ့ ဂုဏ်သတင်းက ထင်ရှားကျော်ကြားပေသည်။ ဆေးကျောက်တုန်းကမ္ဘာကြီးတစ်ခုလုံးမှာ ယဲ့ချင်းချန်ကို ယှဉ်နိုင်သူဆို၍ လက်တစ်ဆုပ်စာ ပမာဏခန့်သာ ရှိပေသည်။ ပိုဆိုးသည်မှာ လူငယ်ပါရမီရှင်တွေသာမက ယခင်မျိုးဆက်မှ ကျင့်ကြံသူတွေဖြစ်တဲ့ ကလန်ခေါင်းဆောင်အများအပြားပင် ယဲ့ချင်းချန်ရဲ့ လက်အောက် ခိုဝင်ပြီး အမိန့်ကို နာခံလိုကြပေသည်။

ကျားသစ်မင်းသားက ယဲ့ချင်းချန်ရဲ့ အမည်ကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ လီကွမ်ရီအနေနဲ့ သူ့ကို မရောင်းချင်ရင်တောင်မှ ယဲ့ချင်းချန်ကို လစ်လျူရှုရဲခြင်းမရှိဟု သူက တွက်ဆထားပုံရသည်။ ဒါကလည်း အံ့အားသင့်စရာတော့ မရှိပေ။ ယဲ့ချင်းချန်ရဲ့ နာမည်ကို ကြားရုံနဲ့ အတော်များများက မျက်နှာသာရဖို့ ကြိုးစားကြလေ့ရှိသည် မဟုတ်ပါလား...."

" ငါ့ဆေးမြစ်က ရောင်းဖို့မဟုတ်ဘူး...."
ထိုအချိန်မှာပင် လီကွမ်ရီက အေးတိအေးစက် ပြန်ပြောလိုက်သည်။ ယဲ့ချင်းချန်ဆိုတဲ့ နာမည်တစ်ခုနဲ့တော့ သူက ရင်ပင် မခုန်ပေ။ ဒီနေရာမှာ ယဲ့ချင်းချန်ကိုယ်တိုင်ရောက်လာပြီး သူ့ရဲ့ ဆေးမြစ်ကို ဝယ်ယူလျှင်တောင်မှ ရလဒ်က  ပြောင်းလဲသွားမည်မဟုတ်ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now