561 - 565

130 13 0
                                    

စစ်ဧကရာဇ်(Chapter:561)
(ထင်မှတ်မထားတဲ့ အဖြစ်အပျက်)

     တစ္ဆေမျိုးနွယ်အများအပြားမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ အားလုံးက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်တော့မှာကို မြင်ယောင်ပြီး ဘေးလွတ်ရာသို့ ဆုတ်ခွာလိုက်ကြသည်။ သို့သော် သူတို့က အပြီးပိုင် ထွက်ခွာသွားခြင်း မဟုတ်ဘဲ တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေကြသည်။

     "အခုတော့ တိုက်ပွဲက ရှောင်လွဲလို့ရတော့မှာ မဟုတ်ဘူး"
ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။ လက်ရှိမှာ သူအပါအဝင် အားလုံးက ထိပ်တန်းအဆင့် ပါရမီရှင်နှစ်ယောက်ရဲ့တိုက်ပွဲကို ကြည့်ချင်နေကြပြီ ဖြစ်သည်။ ယခုတိုက်ပွဲကို ကြည့်ခြင်းဖြင့် သူတို့အတွက် ကြီးမားတဲ့ အသိအမြင်တွေ တိုးပွားလာနိုင်ပေသည်။

     လက်ရှိကာလမှာ မည်သူတစ်ဦးတစ်ယောက်ကမှ လီကွမ်ရီရဲ့ပါရမီကို မေးခွန်းထုတ်စရာ မလိုတော့ပေ။ အားလုံးက လီကွမ်ရီအနေနဲ့ တိကျောထက်မသာရင်တောင် နိမ့်ကျတဲ့ အခြေအနေမဟုတ်ကြောင်း လက်ခံထားကြပြီး ဖြစ်သည်။

     ထိုအချိန်မှာပင် တိကျောက ကြောက်မက်ဖွယ် အော်ရာတွေကို စတင်ထုတ်ဖော်သည်။ သူ့ရဲ့သတ်ဖြတ်ခြင်းအော်ရာတွေက ရေဘုံတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ကမောက်ကမ ဖြစ်သွားစေခဲ့သည်။ ဘိုးဘေးတွေမှလွဲ၍ အားလုံးမှာ အသက်ရှူဖို့ပင် အနိုင်နိုင် ဖြစ်လာကြရတော့သည်။

     "လီကွမ်ရီ"
တိကျောက ကြောက်မက်ဖွယ် အော်ဟစ်သည်။ သူ့ရဲ့မျက်ဝန်းတစ်စုံက လွန်စွာ အေးစက်နေပြီး လီကွမ်ရီကို အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်နေမှန်း သိသာလွန်းလှသည်။

     လီကွမ်ရီကလည်း တိကျောကို ကြည့်သည်။ ချက်ချင်းပင် သူက ဘာတွေဖြစ်နေမှန်း နားလည်သွားပြီး ပြုံး၍ ပြန်ပြောသည်။
"တိကျော"

     တိကျောက အေးစက်စွာ ပြုံးသည်။ သူက ယုံကြည်မှုအပြည့်နဲ့ ဆက်ပြောသည်။
"အခုလာပြီး အသေခံစမ်း၊ ရေကန်ထဲမှာ လိပ်လို ပုန်းအောင်းမနေနဲ့"

     "ဟမ်၊ တိုက်ခိုက်မယ်ဆိုလည်း ရပါတယ်"
လီကွမ်ရီက ပြုံးလိုက်ရင်း ဆက်ပြောသည်။
"ဒါပေမယ့် မင်းရဲ့ဇနီးချောလေးက မသေခင် မှာသွားတယ်မဟုတ်လား၊ သူက လက်စားမချေစေချင်တာကို မင်းက ဘာလို့ လာတိုက်ခိုက်တာလဲ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now