၂၁၆ - ၂၂၀

246 16 0
                                    


စစ်ဧကရာဇ် ( Chapter:216 )
.....................................
( ပိုင်ကျန့်ကျန်းရဲ့ ဓားသုံးကွက် ၂ )
..........................................
များစွာသော ကျင့်ကြံသူတွေက လီကွမ်ရီကို အထူးအဆန်းသဖွယ် ကြည့်နေမိကြသည်။ ဒီကောင်လေးကား ယခုမှာ ၁၅နှစ်ကျော် ၁၆နှစ်အတွင်းသာ ရှိသေးသည်။ ဒါ့အပြင် ဒီနေရာမှာ ရောက်နေသူအားလုံးထဲမှာ အသက်ငယ်ဆုံးဖြစ်သည်။ သို့သော် ဒီကောင်စုတ်လေးက ဓားနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူကို သူ့ရဲ့ ကိုယ်ရံတော်လုပ်ရန် ပြောဆိုရဲသည်တဲ့လား..........။

" ဒီကောင်စုတ်လေးက မိန်းကလေးတွေကို ဒီလောက်ထိ ကြိုက်မယ်လို့ငါ မထင်ထားမိဘူး "
ကျင့်ကြံသူတစ်ယောက်က လီကွမ်ရီကို ကြည့်ကာရယ်မောရင်း ပြောသည်။

" ဖားပြုတ်က ငန်းရဲ့အသားကို စားချင်နေတာဘဲ "
ထိုစဉ် ဂိုဏ်းတစ်ခုမှ ပါရမီရှင်တစ်ယောက်ကလည်း လီကွမ်ရီကို ကြည့်ကာ ပြောလိုက်သည်။

သို့သော် လီကွမ်ရီက ထိုသူတွေရဲ့ စကားကို ဂရုမစိုက်ဘဲ ပိုင်ကျန့်ကျန်းကို ကြည့်ကာ ပြောသည်။
" ကောင်းပြီ၊ အခု မင်းက ငါနဲ့တိုက်ခိုက်ရင် နိုင်မယ်လို့ ယုံကြည်တယ်ပေါ့ "

တစ်ဆက်ထဲမှာ သူက ပိုင်ကျန့်ကျန်းရဲ့ အေးစက်စက်အမူအယာကို ကြည့်ပြီး စချင်စိတ်ပေါ်လာကာ ဆက်ပြောသည်။
" မင်းရဲ့ ပုံစံ ကြည့်ရတာ အရမ်းကို အေးတိအေးစက်နိုင်လွန်းတယ် ၊အစက မင်းငါ့ကို ရှုံးသွားရင် ငါ့နဲ့ လက်ထပ်ရခိုင်းဖို့ စဉ်းစားမိသေးတယ်၊ ဒါပေမယ့် အခုငါ နည်းနည်း စိုးရိမ်မိတယ်၊ အခုလို အေးတိအေးစက်ပုံစံနဲ့ဆို မင်းက ဇနီးမယားတစ်ယောက်လို နွေးထွေးမှု မပေးနိုင်လောက်ဘူး ထင်တယ် "

လီကွမ်ရီရဲ့ စကားက အနီးနားရှိကျင့်ကြံသူအားလုံးကို စကားမပြောစေနိုင်တော့လောက်အောင် ဆွံ့အသွားစေတော့သည်။ သို့သော် ဘာဟိုဂျီယာအိုနဲ့ လီရှောင်းရန်တို့မှာမူ မျက်နှာရှစ်ခေါက်ချိ ုးဖြစ်သွားပြီး သုန်မှုန်နေကြတော့သည်။

ပိုင်ကျန့်ကျန်းက ဓားနတ်ဘုရားဂိုဏ်းရဲ့ ဆက်ခံသူဖြစ်သည့်အပြင် လူများစွာကို သတ်ဖြတ်ဖူးသူတစ်ယောက် ဖြစ်သည်။ ထိုအချင်းအရာတွေက သူမကို ယောကျ်ားလေးအများစု စဖို့ဝေးပြီး ရှောင်ဖယ်သွားစေပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now