256 - 260

235 13 0
                                    

စစ်ဧကရာဇ်(Chapter:256)
....................................
(ကိုးထောင်ကိုးရာရှစ်ဆယ့်တစ်ကွက် ပြောင်းလဲခြင်း)
..............................................................
ချီရှောင်းတာအိုက လီကွမ်ရီကို သူ့အမနဲ့ အကြီးအကျယ်စနေပေသည်။ သူ့ရဲ့ စိတ်ထဲတွင် လီကွမ်ရီနဲ့ သူ့အမသာ လက်ထပ်နိုင်ပါက အလွန်တင့်တယ်သည်ဟု တွေးမြင်နေမိသည်။ သူက လီကွမ်ရီကို အလွန်အမင်း ခင်တွယ်မိနေပြီဖြစ်၍ သူ့ရဲ့ အမတစ်ယောကို နှမျှောတွန့်တိုမနေတော့ပေ။

" ငါ့ရဲ့ အသက်က ငယ်သေးသလို ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်၊ အခုအချိန်မှာ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ ငါ့အတွက် စောလွန်းသေးတယ် "
လီကွမ်ရီက ပြုံး၍ ပြန်ပြောသည်။ ထိုအခါမှသာ ချီရှောင်းတာအိုက ဘာမှမပြောတော့ဘဲ ပါးစပ်ပိတ်နေလိုက်တော့သည်။

နောက်တစ်ရက်အရောက်မှာ သူတို့သုံးယောက်က အရှေ့ပိုင်းဆက်ခံသူမြို့တော်သို့ ခရီးစထွက်ခဲ့ကြသည်။ အရှေ့ပိုင်းဆက်ခံသူမြို့သို့ ရောက်ရှိတဲ့ အခါမှာ လွန်စွာ စည်ကားလှတဲ့ ဈေးရောင်းဈေးဝယ် အချို့ကို တွေ့လိုက်ကြရသည်။

အရှေ့ပိုင်းဆက်ခံသူမြို့သည် အလွန်ကျယ်ပြန့်ပြီး သူ့ရဲ့ မြို့ရိုးတွေက လွန်စွာ မြင့်မားလွန်းလှသည်။ မြို့ရိုးနံရံမှာ ဓားခြစ်ရာ၊ မြှားမှန်ထားတဲ့ အရာတွေနဲ့ ရှုပ်ပွနေသည်ကို တွေ့ရသည်။ ထိုအရာတွေက ရှေ့ခေတ်စစ်ပွဲတစ်ခုကြောင့် မြို့ရိုးရဲ့ အလှက အရုပ်ဆိုး အကျဉ်းတန်နေခြင်း ဖြစ်သည်။

လီကွမ်ရီက မြို့အတွင်း လှည့်ဝင်ပြီးသွားတဲ့ အခါမှာ သူ့ရဲ့ အတွေ့တွေက အတိတ်ကို ပြန်ပြောင်း သတိရမိလိုက်သည်။ ရှေ့ခေတ်အချိန်အခါက မိစ္ဆာတွေနဲ့ လူသားတွေအကြား ကြီးမားတဲ့ စစ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး လူသားတွေ အမြောက်အများ သေဆုံးခဲ့ကြရသည်။ လူသားမျိုးနွယ်စုတွေက မိစ္ဆာတွေရဲ့ ထိုးစစ်ကြောင့် တရပ်စပ် ဆုတ်ခွာခဲ့ကြရသည်။ ‌အရှေ့ပိုင်းဆက်ခံသူမြို့က လူသားတွေရဲ့ နောက်ဆုံးခံတပ် ဖြစ်လာပြီး ဒီနေရာမှာ မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခုခံခဲ့ကြရသည်။ ဒါကြောင့်လည့် မြို့ရိုးနံရံတွေမှာ ဓားခြစ်ရာတွေ၊ မြှားမှန်ရာတွေနဲ့ ပြည့်နှက်နေခြင်း ဖြစ်တော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now