406 - 410

172 14 0
                                    


စစ်ဧကရာဇ်(Chapter:406)
.....................................
(ငါးကြင်းမြစ်ဂိုဏ်းရဲ့ အစီအစဉ်)
...........................................
" ကောင်းပြီ၊ ယန်လုံနဲ့ လန်ယွင်ကျူးတို့အကြောင်း နောက်မှ ပြောတာပေါ့....."
အကြီးအကဲလင်းက အားလုံးကို ကြည့်ပြီး ဆက်ပြောသည်။
" အရင်ဆုံး ပြောရရင် လီကွမ်ရီက လန်ယွင်ကျူးနဲ့ မထိုက်တန်ဘူး၊ သူ့လို သာမာန်လူတစ်ယောက်က လန်ယွင်ကျူးနဲ့ ယှဉ်ရင် ဘယ်နေရာမှ မမှီဘူးလေ "

ထိုစဉ် လွန်စွာ ဩဇာညောင်းတဲ့ အသံတစ်ခု ထွက်လာခဲ့သည်။
" လူငယ်တွေကို သူ့တို့ကိုယ်တိုင် ဆုံးဖြတ်ပါစေ....."
အသံပိုင်ရှင်က တိုတိုတုတ်တုတ် ပြောလိုက်ပေမယ့် အားလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေနိုင်စွမ်း အပြည့်ရှိနေပေသည်။

" အရှင်ယန်....."
အကြီးအကဲ အားလုံးက အသံပိုင်ရှင်ကို ကြည့်ပြီး ငြိမ်သက်သွားကြသည်။ အရှင်ယန်က ငါးကြင်းမြစ်ဂိုဏ်းအတွင်းမှာ ဩဇာကြီးမားတဲ့ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ အမှန်ဆို လန်ယွင်ကျူးရဲ့ ကိစ္စမှာ သူ့ထက်ပိုပြီး မည်သူမှ စွက်ဖက်ခွင့် မရှိချေ။ အကြောင်းမှာ အရှင်ယန်က လန်ယွင်ကျူးရဲ့ လက်ဦးဆရာ တစ်ယောက် ဖြစ်သည့်အပြင် အောက်မေ့ခြင်း ကျေးရွာကနေ လာတဲ့သူ မဟုတ်ပါလား.....။

" အရှင်ယန်...လန်ယွင်ကျူးက ငါးကြင်းမြစ်ဂိုဏ်းရဲ့ အနာဂတ်မျိုးဆက်တစ်ယောက်ပါ....."
အကြီးအကဲလင်းက အရှင်ယန်ကို ဇောတကတက်ဖို့ ပြင်သည်။

" ဟမ်....ငါကြင်းမြစ်ဂိုဏ်းရဲ့ တပည့်ဖြစ်တာနဲ့ သူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလား ၊သူမ လက်ထပ်ချင်တဲ့သူကိုတောင် မလက်ထပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး အင်မော်တယ် ဧကရီတစ်ယောက် ဖြစ်လာတော့မလဲ "
အရှင်ယန်က အကြီးအကဲလင်းကို ချက်ကျလက်ကျ ပြန်ချေပသည်။
" လန်ယွင်ကျူးက ငါးကြင်းမြစ်ဂိုဏ်းရဲ့ မျိုးဆက် ဆိုတာ မှန်တယ်၊ ဒါပေမယ့် သူမက အောက်မေ့ခြင်းကျေးရွာကနေလာတယ်၊ ဒီတော့ ငါကြင်းမြင်းဂိုဏ်းက သူမရဲ့ အိမ်ထောင်ရေး ကိစ္စမှ ဝင်စွက်ဖက်ခွင့် မရှိဘူး "

သိသိသာသာပင် အရှင်ယန်က လန်ယွင်ကျူးဘက်မှ ပြောဆိုပေးနေခြင်း ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now