466 - 470

170 13 0
                                    


စစ်ဧကရာဇ်(Chapter:466)
(ကုန်းမြေရဲ့လျှို့ဝှက်ချက်)

     မည်သူမဆို မိုးကောင်းကင်ရဲ့ တာအိုကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။ အင်မော်တယ်ဧကရာဇ်တွေပင် မိုးကောင်းကင်ရဲ့တာအိုကို အလုံးစုံ မထိန်းချုပ်နိုင်ပေ။ သူတို့ထိန်းချုပ်နိုင်သည်မှာ သေးငယ်တဲ့ အပိုင်းအစလေး တစ်ခုဟုသာ ဆိုရမည် ဖြစ်သည်။

     "မဖြစ်နိုင်ဘူး"
ချိုးရုန်ဝမ်ရွယ်မှာ လီကွမ်ရီပြောတာတွေ နားထောင်းရင်း အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ သူမသိထားသည်မှာ အင်မော်တယ်ဧကရာဇ်တစ်ယောက်က မိုးကောင်းကင်ကိုပင် ထိန်းချုပ်သည် ဟူ၍ ဖြစ်သည်။ သို့သော် လီကွမ်ရီ ပြောသည်မှာ သူမထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသာမဟုတ်၊ အခြားသူတွေလည်း လီကွမ်ရီရဲ့ စကားကို လက်ခံနိုင်ကြမည် မဟုတ်ပေ။

     "မဖြစ်နိုင်တဲ့ အရာဆိုတွေ အများကြီး ရှ်ိတယ်၊ ငါပြောတာက အမှန်တရား တစ်ခုပဲ၊ လောကဥပဒေသတွေ အားလုံးကို နားလည်းပြီး မိုးကောင်းကင်ကို ထိန်းချုပ်နိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ၊ ဘယ်သူမှ မလုပ်နိုင်သေးဘူး"
လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
"မင်းကို ဥပမာ တစ်ခုပေးမယ်၊ အင်မော်တယ်ဧကရာဇ်တွေက တစ်စုံတစ်ခုကို တိုက်ရိုက်မဖန်တီးနိုင်ဘူး၊ သူ့ဆီမှာသာ မျိုးစေ့တစ်ခု မရှိရင် သူက သစ်ပင်တစ်ပင် ဖြစ်အောင် မလုပ်နိုင်ဘူး၊ ဒါပေမယ့် မျိုးစေ့တစ်ခု ရှိရင်တော့ သူက စိမ်းလန်းစိုပြေတဲ့ သစ်ပင်တစ်ပင်ကို ချက်ချင်း ဖန်တီးပြလိမ့်မယ်၊ ပြောရရင်တော့ အင်မော်တယ်ဧကရာဇ်တွေက မျိုးစေ့ကို မဖန်တီးနိုင်ဘူး၊ သူတို့အတွက် တစ်ခုခုကို ဖန်တီးဖို့ ဆိုရင် စမှတ်တစ်ခု လိုတယ်၊ ဒါက မိုးကောင်းကင်ဆီကနေ အင်မော်တယ် ဧကရာဇ်တွေ နားမလည်သေးတဲ့ အရာတစ်ခုပဲ"

     ချိုးရုန်ဝမ်ရွယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ လီကွမ်ရီရဲ့ စကားတွေက သူမကို ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။ သူမရဲ့ ကိုယ်ပိုင် မဟာတာအိုကို ထုတ်ဖော်နိုင်ခါနီးအထိပင် နားလည်နိုင်စွမ်းတွေ တိုးတက်လာခဲ့တော့သည်။ သူမက နိုဘယ်တစ်ယောက်ဖြစ်ပြီး ခိုင်မာတဲ့ တာအိုအုတ်မြစ်တစ်ခု ရှိပြီး ဖြစ်သည်။ ယခုတော့ စကြာဝဠာအဆင့် ကျင့်ကြံသူတွေသာ ပြုလုပ်နိုင်တဲ့ ကိုယ်ပိုင် မဟာတာအိုရဲ့ ဥပဒေသတွေကို နားလည်သဘောပေါက်ဖို့ နီးစပ်နေပြီ ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now