၁၇၁ - ၁၇၅

255 20 0
                                    


စစ်ဧကရာဇ် ( Chapter:171 )
.....................................
( ဖွင့်မရနိုင်သော ကျောက်ဗီရို ၁ )
..........................................
ရှေ့ဟောင်းလမ်အတွင်းသို့ ကြိုပြီးရောက်နှင့်နေကြတဲ့ ကျင့်ကြံသူအများအပြားက လီကွမ်ရီကို သတ်ဖြတ်ချင်နေတဲ့ ပုံစံတွေနဲ့ အေးစက်စွာ စိုက်ကြည့်နေကြသည်။ သို့သော် လီကွမ်ရီက အားလုံးကို လစ်လျ ူ ရှုပြီး မမြင်ချင်ယောင်ဆောင်ကာ အရှေ့ကို ဆက်သွားလိုက်သည်။

ရှေ့ဟောင်းလမ်းက ကျင့်ကြံသူတိုင်းအတွက် သေချာပေါက်လာရောက်သင့်တဲ့ နေရာတစ်ခု ဖြစ်သည်။ ကျင့်ကြံသူ အတော်များများမှာ ဒီနေရာကို ရတနာပစ္စည်းဝယ်ယူရန် လာရောက်ခြင်း မဟုတ်ဘဲ သူတို့ရဲ့ အတွေးအမြင်ဗဟုသုတတွေ မြင့်မားရန်နှင့် မိတ်ဆွေသစ်တွေ ရရှိရန် လာရောက် မိတ်ဖွဲ့ကြခြင်း ဖြစ်ကြသည်။ ဒီနေရာက နေရာပေါင်းစုံ၊ လူပေါင်းစုံက လာရောက်ခြင်းဖြစ်၍ အားလုံးအတွက် မိတ်သစ်ဆွေသစ်တွေ ရှာဖွေဖို့ကလည်း အထူးသင့်လျော်လှသည်။

လီကွမ်ရီက ရှေ့ဟောင်းလမ်းတစ်လျှောက် သွားလာနေပြီး များစွာသော ရတနာတွေကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေလိုက်သည်။ ဒီနေရာမှာရှိတဲ့ ရတနာအတော်များများက ရှားပါးပစ္စည်းတွေသာဖြစ်၍ လီကွမ်ရီရဲ့ မျက်လုံးကို အထူးဆွဲဆောင်နေတော့သည်။

လမ်းထောင့်ချိ ုး တစ်နေရာသို့အရောက်တွင် ကျင့်ကြံသူအဖိုးအို တစ်ယောက်က ထူးဆန်းတဲ့ ရတနာပစ္စည်း တစ်ခု ထိုင်ရောင်းနေသည်ကို တွေ့လိုက်ကြရသည်။ ထိုရတနာ ပစ္စည်းပေါ်တွင် ' ငွေရောင်သစ်ရွက် အရည်ဖွဲ့ရတနာ ' ဆိုပြီး စာကပ်ထားသည်ကို တွေ့ရသည်။

ထိုကျင့်ကြံသူရဲ့ နဘေးတွင် အခြားကျင့်ကြံသူ တစ်ယောက်ကလည်း ကြီးမားတဲ့ ဗီရိုကြီးတစ်လုံးကို ထိုင်ပြီး ရောင်းချနေသည်။ ထိုဗီရိုကြီးပေါ်မှာ ' အလယ်အလတ် သူတော်စင်အဆင့်ဆေးလုံး၊ ဝိညဉ်မီးတောက် ကျင့်စဉ်နဲ့ လဲမည် ' ဟု ရေးထားသည်ကို တွေ့ရသည်။

သို့သော် လီကွမ်ရီက ထိုပစ္စည်းတွေကို တစ်ချက်မျှသာ ကြည့်ပြီး အရှေ့ကို ဆက်လျှောက်သွားလိုက်သည်။ လီရှောင်းရန်နဲ့ ဘာဟိုဂျီယာအိုတို့ကလည်း လီကွမ်ရီရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ခြံရံပြီး လိုက်သွားလိုက်ကြသည်။ ကျင့်ကြံသူအများအပြားမှာမူ ထိုမြင်ကွင်းကိုကြည့်ပြီး နာကျင်သလို ခံစားနေကြရသည်။ ဖြစ်နိုင်လျှင် သူတို့အားလုံးက လီကွမ်ရီကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် သတ်ဖြတ်ပစ်ချင်နေကြသည်။ သူတို့တွေ အိမ်မက်ထဲမှာပင် ထည့်မမက်ရဲလောက်သော မိန်းမပျိ ုနှစ်ယောက်ကို လီကွမ်ရီက ပိုင်ဆိုင်ထား၍ အဘယ်မှာ ကျေနပ်တော့မည်နည်း။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now