781 - 785

135 14 0
                                    


စစ်ဧကရာဇ်(Chapter:781)
(အပြတ်အသတ်အနိုင်ယူခြင်း)
..............................................
     စကြာဝဠာအဆင့် ဘိုးဘေးရဲ့မေးခွန်းက ကျင့်ကြံသူအားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။ အကဲဖြတ်အဖွဲ့ထဲ ပါဝင်တဲ့ အယ်လ်ခမီပညာရှင်က ထိုမေးခွန်းကို ခေတ္တ စဉ်းစားနေခဲ့သည်။ အနည်းငယ်ကြာပြီးနောက်မှာမှ တွေးတွေးဆဆနဲ့ ပြန်ဖြေသည်။
"ငါတို့အကဲ့ဖြတ်အဖွဲ့ရဲ့အမြင်အရ ဒီဆေးလုံးကို အစောပိုင်းစကြာဝဠာအဆင့်တွေ သုံးစွဲဖို့ မသင့်ဘူး၊ ဒီဆေးလုံးရဲ့အဆင့်အတန်းက ငါတို့တွေထင်ထားတာထက် ပိုပြီး မြင့်မားတယ်လေ၊ အနိမ့်ဆုံးအနေနဲ့ နတ်ဘုရားစစ်သည်တော်အဆင့်တွေပဲ အသုံးပြုသင့်တယ်"

     "နတ်ဘုရားစစ်သည်တော်အဆင့်တွေအတွက် သက်တမ်းဘယ်လောက် တိုးမြင့်နိုင်သလဲ"
ထိုအချိန်မှာပင် အယ်လ်ခမီနိုင်ငံရဲ့ဘိုးဘေးမြေပြင်ရှိရာဘက်မှ ရှေးကျတဲ့ အသံတစ်သံ ထွက်လာခဲ့သည်။ ကြည့်ရသည်မှာ တော်ဝင်နန်းတော်ကလည်း လီကွမ်ရီနဲ့ ငွေရောင်ဆံနွယ်ရှင်တို့ရဲ့ပြိုင်ပွဲကို စောင့်ကြည့်နေပုံရသည်

     "အစောပိုင်း ငါပြောခဲ့သလိုပါပဲ၊ အသက်ရှည်ဆေးတွေ တစ်ခါမှ မသုံးဖူးသေးတဲ့ နတ်ဘုရားစစ်သည်တော်အဆင့်ဆိုရင် ဒီဆေးလုံးက သက်တမ်း ခြောက်ရာနဲ့ ခုနှစ်ရာအကြား တိုးမြင့်စေနိုင်တယ်"
အယ်လ်ခမီပညာရှင်က လေးလေးနက်နက်နဲ့ ပြန်ဖြေသည်။

     သို့သော် နတ်ဘုရားစစ်သည်တော်အဆင့်ကို ရောက်ရှိနေသူတွေအတွက် အသက်ရှည်ဆေးကို မသောက်ဖူးသေးဖို့ဆိုသည်မှာ မဖြစ်နိုင်လှပေ။ ထိုအဆင့်ကို ရောက်ရှိသူတိုင်းက အသက်ရှည်ဆေးကို အနည်းဆုံးတော့ တစ်ကြိမ်ခန့် သောက်သုံးဖူးသူတွေသာ ရှိပေလိမ့်မည်။ အသက်ရှည်ဆေး မမှီဝဲဘဲ ထိုအဆင့်ကို ရောက်ရှိဖို့ဆိုသည်မှာ မလွယ်ကူလှပေ။

     "ဒီဆေးလုံးက ငါတို့တွေ မတွေ့ဖူးသေးတဲ့ ရှားပါးရတနာတစ်ခုပါ"
အယ်လ်ခမီပညာရှင်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆက်ပြောသည်။
     "မှတ်တမ်းတွေထဲမှာ ဖော်ပြထားချက်အရတော့ အသက်ရှည်ဆေးကို ဒုတိယအကြိမ်မြောက် သောက်သုံးမယ့် နတ်ဘုရားစစ်သည်တော်တွေအတွက် နှစ်ပေါင်း လေးနဲ့ ငါးရာအကြား အသက်ပိုရှည်လာမယ်၊ တတိယအကြိမ်အတွက်ဆိုရင်တော့ ပြောဖို့ခက်တယ်၊ နှစ်ပေါင်းတစ်ရာ၊ ဒါမှမဟုတ် နှစ်ပေါင်း ခုနှစ်ဆယ်အထိ အသက်ပိုရှည်လာစေနိုင်လိမ့်မယ်"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now