721 - 725

131 13 0
                                    


စစ်ဧကရာဇ်(Chapter:721)
(ထင်းရှူးဖိုးဖိုးရဲ့အလှည့်)
.....................................
မှန်ထဲတွင် အနက်ရောင်နဂါးကြီးရဲ့ ပုံစံက လုံးဝ ခြားနားနေခဲ့သည်။ ယင်းက လက်သည်းတွေ မရိသလို နဂါးတစ်ကောင်ရဲ့ ပုံစံလည်း ပိုင်ဆိုင်မထားပေ။ ၎င်းက လွန်စွာ ကြီးမားတဲ့ အနက်ရောင် သစ်မြစ်ကြီးတစ်ခုသာ ဖြစ်နေသည်။

ဧည့်သည်အများအပြားမှာ အစစ်အမှန်နဂါးမဟုတ်ဘဲ သစ်မြစ်တစ်ခုသာ ဖြစ်ကြောင်း သိချိန်မှာတော့ အံ့အားသင့်သွားကြရသည်။ အချို့သော ကျင့်ကြံသူတွေမှာ ထင်းရှူးဖိုးဖိုးအား အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။ သူတို့ရဲ့ စိတ်ထဲတွင် ထင်းရှူးဖိုးဖိုးက လီကွမ်ရီကို ကူညီနေသည်ဟု တွေးမိသွားကြသည်။

ထင်းရှူးဖိုးဖိုးရဲ့ မူလအစမှာ ထင်းရှူးပင်ဖြစ်သည်။ ယခုတော့ သစ်မြစ်ကြီးတစ်ခုက နဂါးအသွင်နဲ့ တိုက်ခိုက်နေ၍ သူတို့တွေ အထင်မှားတာကိုလည်း အပြစ်ပြော၍ မရချေ။ အတော်များများရဲ့ စိတ်ထဲတွင် လီကွမ်ရီကို ထင်းရှူးဖိုးဖိုးက ကာကွယ်ပေးနေခြင်းဟုသာ တွေးလိုက်ကြတော့သည်။ မရဏဝိညဉ်ရဲ့ မရဏအချုပ်အနှောင်ပညာရပ်ကို လီကွမ်ရီမှ အသုံးပြုပြီး သေဆုံးပြီးသား အလောင်းတွေကို ဆင့်ခေါ်တိုက်ခိုက်နေသည်ဟုတော့ မည်သူမှ မတွေးမိကြပေ။

တကယ်တော့ အနက်ရောင်သစ်မြစ်ကြီးက ထင်းရှူးဖိုးဖိုးရဲ့ ဖြတ်တောက်ထားတဲ့ အဓိက အမြစ်ဖြစ်သည်။ ယင်းက မြေအောက်ထဲ ကျန်ရှိနေဆဲ ဖြစ်ပေမယ့် အသက်မရှိတော့ပေ။ ဒါကြောင့် လီကွမ်ရီက မရဏအချုပ်အနှောင်ကျင့်စဉ်ကို အသုံးပြုကာ အသက်သွင်းပြီး ဒုတိယဘိုးဘေးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

" ဝုန်း...."
ထိုစဉ် အနက်ရောင် သစ်မြစ်ကြီးက အရှိန်အဟုန်ပြင်းစွာ လှုပ်ရမ်းသွားသည်။ ဒုတိယဘိုးဘေးမှာ ရှောင်တိမ်းဖို့ အချိန်မမီတော့ပေ။ သူ့ရဲ့ ခန္ဓာကိုယ်မှ အရိုးကျိုးကြေသံအချို့ ထွက်လာပြီး အဝေးကို ကစဥ့်ကလျား လွင့်ထွက်သွားရတော့သည်။ သူက နာကျင်စွာ ငြီးတွားရင်း သွေးတစ်လုတ် အန်ထုတ်သည်။

" ထင်းရှူးဖိုးဖိုး၊ဘာလို့ အခုလို တိတ်တဆိတ် တိုက်ခိုက်နေရတာလဲ......"
ဒုတိယဘိုးဘေးမှာ နာကျင်စွာ ငြီးတွားရင်း ထင်းရှူးဖိုးဖိုးကို နားမလည်နိုင်စွာ မေးသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now