916 - 920

119 12 0
                                    

စစ်ဧကရာဇ်(Chapter:916)
(အဆုံးမဲ့ အမှောင်ထု)
.................................
     လီကွမ်ရီသည် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ ပြီးနောက် ကောင်းကင်ထူထောင်ခြင်း ဆေးမှုန့်အချို့ကို ပါးစပ်ထဲထည့်ပြီး မျိုချလိုက်သည်။ ဒီဆေးမှုန့်က သူကိုယ်တိုင် သန့်စင်ထားသည့် ဆီမွှေးဖြစ်၏။ ဒဏ်ရာမှန်သမျှကို သက်သာပျောက်ကင်းစေနိုင်စွမ်း ရှိသည်။ သေချာသည်မှာ ဒီ‌ဆီမွှေးက ကမ္ဘာကိုးခုလုံး၌ နံပါတ်တစ်ဟု ဆိုရပေမည်။

     ဆီမွှေးကို မျိုချပြီးနောက် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပြီးနောက် သစ်သားမြင်းကို စီးပြီး အမှောင်ထုအတွင်း ဝင်ရောက်လိုက်၏။ ချက်ချင်းပင် တွေ့မြင်သမျှ အရာအားလုံး မှောင်အတိကျသွားခဲ့ရတော့သည်။

     လီကွမ်ရီက သစ်သားမြင်းကို စီးပြီး အတွင်းသို့ ဝင်ခဲ့လိုက်သည်။ သန့်စင်ပြီး လွန်စွာ ပြင်းထန်လွန်းသည့် စွမ်းအင်လှိုင်းတွေက သူ့ကို လာရောက်ရိုက်ခတ်နေကြ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်လှိုင်းတွေက လွှမ်းမိုးနိုင်စွမ်း ကြီးမားလွန်းပြီး အလွန်အမင်း အစွမ်းထက်လွန်းလှသည်။

     ထိုအချိန်မှာပင် သစ်သားမြင်းလေးက အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းတွေကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်။ သူက အနက်ရောင်အလင်းအချို့ကို ထုတ်လွတ်ပြီး ခုခံချေဖျက်လိုက်၏။ အနက်ရောင်အလင်းတွေက လီကွမ်ရီ၏ ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်နေသည့် စွမ်းအင်လှိုင်းတွေကိုလည်း အနည်းအကျဉ်း တွန်းလှန်ဖယ်ထုတ်နိုင်ခဲ့သည်။ သို့သော် သန့်စင်သည့် စွမ်းအင်လှိုင်းတွေကို အလုံးစုံ ရပ်တန့်သွားသည်အထိတော့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် အမှောင်ထုအတွင်းမှ ထွက်ပေါ်နေသည့် အင်အားက မည်မျှပြင်းထန်သည်ဆိုတာကို တွေးကြည့်နိုင်ပေသည်။

     မည်သို့ပင်ဆိုစေကာမူ သစ်သားမြင်းလေးက စွမ်းအင်လှိုင်းတွေကို တတ်နိုင်သလောက် အန်တုပြီး လီကွမ်ရီကို အတွင်းသို့ တရွေ့ရွေ့ သယ်ဆောင်သွားခဲ့သည်။ သို့သော် သူ့ခြေလှမ်းတွေက တဖြည်းဖြည်း နှေးကွေးလာခဲ့ရ၏။ ကြောက်မက်ဖွယ်အင်အားက သူ့ကိုလည်း ထိခိုက်စေပုံရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now