376 - 380

190 15 0
                                    


စစ်ဧကရာဇ်(Chapter:376)
....................................
(အတိတ်က နာကြည်းချက်)
...................................
လီကွမ်ရီက ကောင်းကင်ဘုံကမ္ဘာသို့ မသွားခင် ကျစ်ချွင်ထံသွားပြီး နဂါးနက်လှံတံကို ပြန်ပေးလိုက်သည်။ ကျစ်ချွင်က လှံကို လက်ခံရယူပြီး လီကွမ်ရီကို ပြုံး၍ ပြောသည်။
" ငါကောင်းကင်ဘုံကာကွယ်စောင့်ရှောက်ရေးမြို့တော်ကို ပြန်တော့မယ်၊ ဒီမတိုင်ခင် ငါ့ကို တစ်ခုခု လုပ်စေချင်တာ ရှိသေးလား "

လီကွမ်ရီက သူမကို ငှဲ့စောင်းကြည့်ရင်း ပြုံးသည်။
" ရတယ်၊ တစ်ချိန်ကျရင် ငါကိုယ်တိုင် ကောင်းကင်ဘုံကိုယ်ရံတော်မြို့ကို လာခဲ့မယ် "

အမှန်တကယ်လည်း လီကွမ်ရီက ကောင်းကင်ဘုံကိုယ်ရံတော်မြို့ကို တစ်ချိန်မှာ သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သို့သော် အလျင်လိုခြင်းတော့ မရှိပေ။ နဂါးနက်ဘုရင်နဲ့ သူ့ရဲ့ ပတ်သက်မှုက လွန်စွာ လေးနက်နေ၍ သူ့အနေနဲ့ တစ်ကြိမ်လောက်တော့ ပြန်လည်သွားရောက်လိုပေသေးသည်။

" လိုအပ်တာ ပြောပါ၊ ငါတကယ်တတ်နိုင်ရင် မင်းကို ကူညီပေးမယ် "
ကျစ်ချွင်က ခေတ္တမျှ စဉ်းစားပြီး ပြန်ပြောသည်။

သို့သော် လီကွမ်ရီက ခေါင်းကို ခါရမ်းပြလိုက်ရင်း ပြန်ပြောသည်။
" ငါမင်းကို အကြံပေးမယ်၊ မင်းတို့ရဲ့ ဘိုးဘေးကူကျန့်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်လိုက်ပါ "

ကျစ်ချွင်မှာ လီကွမ်ရီရဲ့ စကားကြောင့် စိတ်ရှုတ်ထွေးသွားရသည်။ ကူကျန့်က ကောင်းကင်ဘုံကိုယ်ရံတော်မြို့ရဲ့ အကြီးအကဲဖြစ်သည့်အပြင် အဆင့်မြင့်ဘိုးဘေးလည်း ဖြစ်သည်။ သို့သော် အပြင်လူတစ်ယောက်က ကူကျန့်အတွက် စိတ်ပူဟန်ဖြင့် လာပြောနေခြင်းက ကျစ်ချွင်ကို ပို၍ နားမလည်နိုင်စေအောင် ဖြစ်နေရတော့သည်။

ကျစ်ချွင်က ခေတ္တမျှ တွေဝေနေပြီးမှ လီကွမ်ရီကို မဝံ့မရဲ ပြန်မေးသည်။
" ဘိုးဘေးကူကျန်နဲ့ နင် ဘယ်လိုပတ်သက်နေတာလဲ၊ သူ့နဲ့ မကျေနပ်ချက်တွေ တစ်ခုခု ရှိနေတာလား "

" မကျေနပ်ချက်လား...."
လီကွမ်ရီက ကျစ်ချွင်ကို ပြုံးဖြီးဖြီးနဲ့ ဆက်ပြောသည်။
" ပွင့်ပွင့်လင်းလင်း ပြောရရင် ကူကျန့်က ငါနဲ့ ရန်ဘက်ဖြစ်ဖို့ မထိုက်တန်သေးဘူး "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now