၁၉၆ - ၂၀၀

272 20 0
                                    

စစ်ဧကရာဇ် ( Chapter:196 )
.....................................
( ရတနာကို ခွဲဝေပေးခြင်း ၂ )
.....................................
လက်ရှိအချိန်တွင် အားလုံးက ခေါင်းတလားကြီးကို တုန်လှုပ်စွာ ကြည့်နေမိကြသည်။ လီကွမ်ရီရဲ့ စကားကို စိတ်ဆိုးပြီး လူထူးဆန်းကြီးက တိုက်ခိုက်လာမည်ဆိုပါက သူတို့အားလုံး သေဆုံးသွားရတော့မည်ဟု တွေးတောနေမိကြသည်။ သို့သော် ခေါင်းတလားကြီးကတော့ အနည်းငယ်မျှ လှုပ်ရှားမလာတော့ဘဲ ငြိမ်သက်တိတ်ဆိတ်နေတော့သည်။

" အခုခရီးစဉ်က ငါတို့အတွက် အများကြီး အကျိ ုးရှိတယ်လို့ ပြောလို့ရတယ်၊ ပြီးတော့ ဒီရတနာ နှစ်ခုက ဘာဟိုဂျီယာအိုနဲ့ ကိုက်ညီတယ်လို့ ငါမြင်တယ် "
ထိုစဉ် လီကွမ်ရီက အားလုံးစိုးရိမ်နေတာကို လစ်လျ ူ ရှုပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။

" ဟင်...ဒ...ဒါက ငါ့ကို ပေးမလို့လား "
ဘာဟိုဂျီယာအိုမှာ လီကွမ်ရီရဲ့ စကားကြောင့် တစ်ကိုယ်လုံး တုန်ခါသွားသည်အထိ စိတ်လှုပ်ရှားသွားပြီး ပြန်မေးလိုက်သည်။ ယခုရလာသည့် ရတနာနှစ်ခုက ကျင့်ကြံသူအားလုံးအတွက် မျက်စိကျစရာ ရတနာတွေ ဖြစ်သည်။ ယခုတော့ လီကွမ်ရီက သူမကို ပေးမည်ဆို၍ ဘာဟို ဂျီယာအိုမှာ ထက မိမတတ်ပင် ဖြစ်သွားတော့သည်။

ထိုစဉ် လီကွမ်ရီက အားလုံးကို ကြည့်ပြီး ပြောလိုက်ပြန်သည်။
" ရှောင်းရန်က မိုးကောင်းကင် ပုဂံပြားကို ရပြီးပြီ၊ အဖိုးရှီကလည်း ရှေ့ဟောင်းစေတီကို ရပြီးပြီဆိုတော့ ဒီရတနာ နှစ်ခုကို ဘာဟိုဂျီယာအိုကို ပေးလိုက်တော့မယ်၊ အားလုံး သဘောတူကြတယ်မလား "

လီရှောင်းရန်က ဘာမှ ပြန်မပြောဘဲ လီကွမ်ရီကို ခေါင်းညိမ့်ပြလိုက်သည်။ သူမအနေနဲ့ လီကွမ်ရီရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ကန့်ကွက်မည် မဟုတ်ချေ ။

ရှီဂန်ဒန်းကလည်း လီကွမ်ရီကို ဦးညွှတ်ပြီး ပြောလိုက်သည်။
" သခင်လေးက ကျွန်တော့်အပေါ် ကျေးဇူးတွေ အများကြီး ရှိနေပါပြီ ၊ ရှေ့ဟောင်းစေတီကို ပေးထားကတည်းက ကျေးဇူးတင်နေတာပါ၊ ကန့်ကွက်စရာ မရှိပါဘူး "
ရှီဂန်ဒန်း အနေနဲ့ ဒီကိစ္စကို ဘာကြောင့် ကန့်ကွက်မည်နည်း။ ဘာဟိုဂျီယာအိုကား သူ့ရဲ့ သမီးရင်း တစ်ယောက်လို ချစ်ခင်ခဲ့ ရသူ တစ်ယောက် မဟုတ်ပါလား။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now