၂၃၆ - ၂၄၀

254 17 0
                                    


စစ်ဧကရာဇ်(Chapter:236)
....................................
( ကျောက်ကြက်ဥ ၂ )
............................
ရက်ပေါင်း နှစ်ဆယ်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် လီကွမ်ရီကား ယခုအချိန်အထိ ပြန်ရောက်မလာခဲ့သေးပေ။ ဘာဟိုဂျီယာအိုမှာ မစားနိုင်မသောက်နိုင် ဖြစ်နေသလို လီရှောင်းရန်တစ်ယောက်လည်း မျှော်လင့်ချက်မဲ့သလို ခံစားနေရပြီး မှိုင်တွေနေမိတော့သည်။

" သူပြန်လာနိုင်မှာပါ ၊ သူက ငါတို့ထင်ထားတာထက်ကို ပိုပြီး အစွမ်းထက်တယ် "
လီရှောင်းရန်က သူမကိုယ်သူမ အားတင်းပြီးပြောလိုက်သည်။ သို့သော် သူမရဲ့ စိတ်ထဲမှာတော့ လီကွမ်ရီပြန်လာနိုင်ဖို့ အခွင့်အရေးက မရှိသလောက်ကို နည်းပါးနေပြီ ဖြစ်သည်။

ရက်ပေါင်း နှစ်ဆယ်ကား ကုန်လွန်သွားပြန်ပြီ ဖြစ်သည်။ သို့သော် လီကွမ်ရီရဲ့ အရိပ်အရောင်ကိုမှ မတွေ့ရသေးချေ။ လီကွမ်ရီမှာကြားထားသည့် အတိုင်းဆိုရင် သူတို့အားလုံးက ဂျူနီယာတွေကို ခေါ်ပြီး ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းသို့ ‌ပြန်ရောက်သင့်နေပြီဖြစ်သည်။ သို့သော် သူတို့အားလုံးက ယခုအချိန်ထိ ထွက်မသွားနိုင်ကြသေးဘဲ သေးငယ်တဲ့ မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ပြီး ဆက်လက်စောင့်မျှော်နေကြသည်။

လီကွမ်ရီထွက်ခွာသွားပြီး နှစ်ဆယ့်တစ်ရက်မြောက်နေ့......ယနေ့က ကောင်းကင်မြို့ဟောင်းအတွင်း လွန်စွာမှ တိတ်ဆိတ်ခြောက်ကပ်နေသည်။ မိုးကောင်းကင်ယံမှာ အနည်းအကျဉ်းရှိနေပေမယ့် ရာသီဥတု သာယာသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် သူတော်စင်နတ်ဆိုးကိုးပါးဂိတ် အဆောက်အဦးအတွင်းမှာတော့ ရာသီဥတုကို ခံစားနိုင်ခြင်းမရှိဘဲ စိတ်ပျက်ဝမ်းနည်းနေကြပေသည်။

" ဘန်း....ဘန်း...ဘန်း...."
ထိုစဉ် လွန်စွာ ကျယ်လောင်တဲ့ အသံအချို့က ကောင်းကင်ယံထက်မှာ ထွက်ပေါ်လာပြီး ကောင်းကင်မြို့ဟောင်းအတွင်း ဆူညံသွားစေသည်။ ချက်ချင်းပင် ကောင်းကင်ယံထက်၌ ကြယ်ရောင်အလင်းရောင်တွေ လင်းလက်ပြီး တစ်စုံတစ်ခု ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။

" ဥက္ကာပျံ "
များစွာသော သူတွေက နေ့ခင်းကြောင်တောင် ထွက်ပေါ်လာတဲ့ ထူးဆန်းတဲ့ အရာကြီးကို အံ့အားသင့်စွာ ကြည့်သည်။
" မ...မဟုတ်ဘူး၊ ဒါက လူတစ်ယောက် မဟုတ်လား "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now