421- 425

192 16 0
                                    


စစ်ဧကရာဇ်(Chapter:421)
.....................................
(ရှေ့ဟောင်းသင်္ချိုင်း)
............................
လီကွမ်ရီက အမြင့်ဆုံးတောင်ထိပ်ပေါ်မှာ ရောက်ရှိနေပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုနေသည်။ ချိုင့်ဝှမ်းအလယ်မှာတော့ ရှေ့ဟောင်းသင်္ချိုင်းမြေဟု ရေးထားသည့် ကျောက်တိုင်တစ်ခုကို တွေ့ရသည်။

ထိုသင်္ချိုင်းမြေထဲသို့ ဝင်ရောက်ရန် သော့တစ်ချောင်းလိုအပ်ပေသည်။ ထိုကြောင့် လီကွမ်ရီက သော့ကို အရင်ဆုံးရှာရန် ပြင်လိုက်သည်။ သူက သင်္ချိုင်းမြေရဲ့ အပြင်ဘက်မှာ တောင်ကြားလမ်းအတိုင်း လျှောက်သွားလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်မှာတော့ ကြီးမားတဲ့ ခံတပ်ကြီး ရှိနေတဲ့ ရှေ့ဟောင်းမြို့တော်တစ်ခုဆီ ရောက်သွားတော့သည်။

ထိုရှေ့ဟောင်းမြို့က ဆိုးယုတ်တဲ့ သင်္ချိုင်းမြေနားမှာ တည်ရှိပေမယ့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားသည်။ လူအများစုကတော့ ဒီမြို့ကို တစ္ဆေမြို့တော်ဟု ခေါ်ဆိုကြပေသည်။

တစ္ဆေမြို့တော်က ဆိုးယုတ်တဲ့သင်္ချိုင်းမြေအပြင်ဘက်ရှိ အကြီးဆုံးမြို့တစ်မြို့ ဖြစ်သည်။ မြို့အတွင်းမှာ ကြီးမားတဲ့ အဆောက်အဦးတွေနဲ့ ဘုရားကျောင်းဆောင်တွေကို အမြောက်အများ တွေ့ရသည်။ အချို့ဘုရားကျောင်းတွေဆိုရင် လွန်စွာဟောင်းနွမ်းနေပြီး ရွှံ့စေးနဲ့ ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ မြို့က တောင်ကုန်းတောင်တန်းတွေပေါ်မှာ တည်ရှိနေပြီး အချို့သော ချိုင့်ဝှမ်းတွေမှာလည်း အဆောက်အဦးအချို့ ရှိနေပေသည်။

မြို့အတွင်းမှာတော့ တည်ငြိမ်အေးချမ်းနေဟန် ရှိပြီး လမ်းမထက်မှာ ဈေးသည်အချို့ အော်ဟစ်ဈေးရောင်းနေသည်ကို တွေ့ရသည်။ သို့သော် တစ္ဆေမြို့တော်ကို အေးချမ်းတဲ့ မြို့တစ်မြို့အဖြစ် ထင်မှတ်လျှင်တော့ မှားယွင်းသွားပေမည်။ မြို့အတွင်းမှာ များစွာသော ကျင့်ကြံသူတွေ နေထိုင်ကြပြီး တိုက်ပွဲတွေ ရံဖန်ရံခါ ဖြစ်လေ့ရှိကြသည်။ တကယ်တော့ ကောင်းကင်ဘုံကမ္ဘာက တစ္ဆေမျိုးနွယ်စုဝင်တွေရဲ့  ကျက်စားရာ နေရာတစ်ခု ဖြစ်သည်။ တစ္ဆေမျိုးနွယ်တွေကို  ကောင်းကင်ဘုံကမ္ဘာရှိ လူအများစုက တကယ့်တစ္ဆေသရဲမျိုးနွယ်တွေ အဖြစ်ယူဆထားကြသည်။ အမှန်က ထိုသို့မဟုတ်ပေ။ တစ္ဆေမျိုးနွယ်စုဝင်တွေလည်း လူသားတွေလို အသွေးအသားနဲ့ ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now