486 - 490

158 12 0
                                    

စစ်ဧကရာဇ်(Chapter:486)
(ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်း)

     လူသားမျိုးနွယ်အားလုံးမှာမူ လီကွမ်ရီလွင့်ထွက်သွားတာကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ လီကွမ်ရီက သူတို့ရဲ့မျှော်လင့်ချက် တစ်ခုဖြစ်၍ ဒဏ်ရာရသွားလို့ မဖြစ်ပေ။ သို့သော် ဘုန်းတော်ကြီး၈ပါးရဲ့ပူးပေါင်းတိုက်ကွက်က လွန်စွာ ကြောက်မက်ဖွယ် ကောင်း၍ လီကွမ်ရီကို အပြစ်မတင်ရက်ကြပေ။

     "ဝုန်း"
ထိုစဉ် ကျယ်လောင်တဲ့ အသံအချို့ ထွက်ပေါ်လာခဲ့ပြီး လီကွမ်ရီက မြေကျင်းထဲမှ ထွက်လာခဲ့သည်။ ဘုန်းတော်ကြီး‌တွေရဲ့တိုက်ခိုက်မှုက သူ့ရဲ့သွေးသားစွမ်းအင်တွေကို ပို၍ နိုးကြွလာစေခဲ့သည်။

     "အံ့ဩစရာပဲ၊ သူက ပူးပေါင်းတိုက်ကွက်နဲ့ အတိုက်ခံရတာတောင် ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်သေးတယ်"
လူသားမျိုးနွယ် အားလုံးက လီကွမ်ရီကို အော်ဟစ် ချီးကျူးကြသည်။ သူတို့အနေနဲ့ လီကွမ်ရီ သေဆုံးသွားမှာကို မလိုလားကြပေ။

     ထိုစဉ် လီကွမ်ရီက သူ့ခန္ဓာကိုယ်ရှိ အကြောတွေကို ဆန့်ရင်း ပြုံး၍ ပြောသည်။
"ထိပ်တိုက် ရင်ဆိုင်ရတာကို သဘောကျတယ်၊ ဒါက ခန္ဓာကိုယ်လေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်းပဲ"

     "ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း"
မြည်ဟည်းသံတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး လီကွမ်ရီရဲ့ ဦးခေါင်းထက်၌ ကံစွမ်းအားနန်းတော်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ ကံစွမ်းအားနန်းတော်တွေကို ရေတွက်နေသည်။
"တစ်ခု၊နှစ်ခု၊သုံးခု၊လေးခု ... ခုနှစ်ခု၊ ရှစ်ခု၊ ကိုးခု"
ကံစွမ်းအားနန်းတော် ကိုးခုလား ....
ထိုကျင့်ကြံသူ က စိတ်လှုပ်ရှားစွာ ရေရွတ်သည်။

     သို့သော် ပေါက်ကွဲသံတွေက ရပ်တန့်ခြင်း မရှိသေးပေ။ ကံစွမ်းအားနန်းတော်ရဲ့ ဥပဒေသတွေ လွှမ်းခြုံလာပြီး လီကွမ်ရီက သူ့ရဲ့ ဆယ်ခုမြှောက် ကံစွမ်းအားနန်းတော်ကို ဖွင့်လစ်နိုင်လိုက်သည်။ လီကွမ်ရီက ကျေနပ်စွာ ပြုံးရင် ပြောသည်။
"ဒီတစ်ခုကို ဖွင့်လစ်နိုင်လိုက်တာ မဆိုးဘူးပဲ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now