321 - 325

213 13 0
                                    


စစ်ဧကရာဇ်(Chapter:321)
....................................
(တိုက်ပွဲစတင်ခြင်း)
.........................
ဆောင်းဦးလေးရဲ့ စွမ်းအင်လုံးတွေ ထိမှန်ခံရပြီးနောက်မှာတော့ ကျားရဲဘုရင်မှာ နာကျင်စွာ အော်ဟစ်ရင်း သေဆုံးပျောက်ကွယ်သွားရတော့သည်။ များစွာသော ကျင့်ကြံသူတွေမှာ ထိုမြင်ကွင်းကို ကြည့်ပြီး စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြရတော့သည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကား တီကောင်တစ်ကောင်ရဲ့ လက်ချက်ကြောင့် သေဆုံးသွားရပြီ ဖြစ်သည်။ ဤအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့သာ မဟုတ်ပါက မည်သူမှ ယုံကြည်နိုင်မည် မဟုတ်ပေ။

" လူမိုက်တွေ...မင်းတို့က ငါ့သခင်လေးကို ဆန့်ကျင်ရဲတာလား၊ ဒါက ကိုယ့်သေတွင်းကိုယ် တူးတာဘဲ "
ဆောင်းဦးလေးက ကျားရဲဂိုဏ်းနဲ့ အင်မော်တယ်သူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူတွေကို ကြည့်ပြီး အေးစက်စွာ ပြောသည်။ တစ်ချိန်ထဲမှာ သူ့ရဲ့ ရွှံ့စေးအမြှောက်တွေနဲ့ လူအုပ်ကြားထဲကို အဆက်မပြတ် စတင်ပစ်ခတ်တော့သည်။

" ဘန်း....ဘန်း....ဘန်း..."
ပေါက်ကွဲမှုတွေ အဆက်မပြတ် ဖြစ်ပေါ်လာပြီး စွမ်းအင်လုံးတွေက လူအများအပြားကို ထိမှန်သွားတော့သည်။ နိုလ်ဘယ်၊ ညဏ်အလင်းရသူ အစရှိသည့် ကျင့်ကြံသူ အများအပြားမှာ ကိုယ်လက်အင်္ဂါတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြပြီး မရှုမလှ သေဆုံးကုန်ကြရတော့သည်။ကြည့်ရတဲ့ မြင်ကွင်းမှာ လွန်စွာ စက်ဆုပ်ဖွယ်ကောင်းလှပြီး သုသာန်တစပြင်အဖြစ် ပြောင်းလဲသွားတော့သည်။

" သေစမ်း...."
စစ်ခုန်ထုန်ထျန်းကလည်း လူအုပ်ကြားထဲ လျင်မြန်စွာ လှုပ်ရှားနေပြီး ရက်ရက်စက်စက် သတ်ဖြတ်နေသည်။ သူ့ရဲ့ ကိုယ်ပွားတွေကလည်း စစ်ခုန်ထုန်ထျန်းနည်းတူ ကျင်လည်စွာ သတ်ဖြတ်နေကြသည်။ အချိန်ခနလေးအတွင်းမှာပင် မြေပြင်အနှံ့ သွေးပင်လယ်ကြီး ဖြစ်သွားပြီး မြင်တွေ့ရတာပင် အော်ဂလီဆန်ချင်စရာ ကောင်းနေတော့သည်။

လီကွမ်ရီမှာမူ ယခုအချိန်ထိ တိုက်ပွဲထဲ ဝင်ရောက်ခြင်း မရှိသေးဘဲ ဆောင်းဦးလေး နဲ့ စစ်ခုန်ထုန်ထျန်းတို့ တိုက်ခိုက်နေတာကိုသာ ပြုံး၍ ကြည့်နေလိုက်သည်။ လူအများအပြား သေကြေပျက်စီးနေရပေမယ့် သူ့မျက်နှာမှာ အနည်းငယ်သော ခံစားမှုကိုမှ မတွေ့မြင်ရချေ။ များစွာသော ကျင့်ကြံသူတွေမှာလည်း ယခုအချိန်အထိ လီကွမ်ရီကို ထိတ်လန့်စွာ ကြည့်နေမိကြသည်။ တစ်ချိန်ထဲမှာ အင်အားကြီးဂိုဏ်းနှစ်ခုကို လီကွမ်ရီ ဘာကြောင့် အန်တုရဲသည် ဆိုတာကို နားလည်သွားကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now