631 - 635

129 13 0
                                    


စစ်ဧကရာဇ်(Chapter:631)
(ငွေ‌က အပေါများဆုံးအရာပဲ)

     ကောင်းကင်ဆေးဖိုအတွက် စကြာဝဠာအဆင့် သန့်စင်ကျောက်တုန်း သိန်း၅၀နဲ့ လေလံဆွဲခြင်းက တကယ့်ကို ရူးသွပ်ဖွယ် အခြေအနေတစ်ခု ဖြစ်သည်။ သာမန်လူတစ်ယောက်အနေနဲ့ ထိုဈေးနှုန်းကို ကြားရုံဖြင့်ပင် နှလုံးရပ်ပြီး သေဆုံးသွားနိုင်ပေသည်။

     "သန့်စင်ကျောက်တုန်း သိန်း၅၀တစ်ကြိမ် ... နောက်ထပ် ဈေးနှုန်းမြင့်ပေးချင်သူ ရှိပါသေးလား"
ထိုစဉ် လေလံပွဲကြီးကြပ်သူက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်ပြီး ကျယ်လောင်စွာ အော်ပြောသည်။

     သို့သော် မည်သည့်တုန့်ပြန်သံကိုမှ မကြားရပဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ မည်သူက ဈေးနှုန်းကို တိုးမြင့်ပေးနိုင်တော့မည်နည်း။ ကောင်းကင်ဆေးဖိုက အံ့အားသင့်ဖွယ်ကောင်းသည့် ရတနာတစ်ပါး ဖြစ်နေပေမယ့်လည်း စကြာဝဠာအဆင့် သန့်စင်ကျောက်တုန်း သိန်း၅၀ အထိတော့ မထိုက်တန်ဘူးဟု အားလုံးက ယူဆထားကြသည်။ ဒါကြောင့်လည်း သူတို့ရဲ့ရှိစုမယ့်စု ငွေကြေးတွေကို ဒီဆေးဖိုတစ်ခုအတွက် ပုံအောပြီး အသုံးမပြုချင်ကြပေ။

     ဟွမ်ဖုဟောင်မှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတာကို ကြည့်ပြီး သက်ပြင်းကို မသိမသာ ချလိုက်မိသည်။ ယခုမှသာ သူ့စိတ်ထဲ ဖိအားတွေ အနည်းငယ် လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ သူ့အနေနဲ့ ကောင်းကင်ဆေးဖိုကို ဝယ်ယူနိုင်ပါက အယ်လ်ခမီနိုင်ငံတော်ကို ပြန်၍ လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ဒါဆို အယ်လ်ခမီနိုင်ငံတော်ရဲ့မျက်နှာပေးမှုကို ရရှိနိုင်မည် မဟုတ်ပါလား။

     "သန့်စင်ကျောက်တုန်း သိန်း ၁၀၀"
သို့သော် ဟွမ်ဖုဟောင် အတွေးတွေ မဆုံးခင်မှာပင် ဈေးနှုန်းကို ကြောက်မက်ဖွယ် တိုးမြင့်ပေးသူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုသူမှာ လီကွမ်ရီမှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။ သူက သူ့ရဲ့ ကိုယ်ပိုင်နေရာမှာ ထိုင်ပြီး အေးဆေးသက်သာစွာ ပြောလိုက်ခြင်း ဖြစ်သည်။ ခန်းမတစ်ခုလုံးရှိ ကျင့်ကြံသူ အားလုံးမှာမူ လီကွမ်ရီကို မယုံကြည်နိုင်စွာ ဝိုင်းကြည့်လိုက်ကြသည်။ တစ်ချိန်ထဲမှာ သူတို့တွေ နားကြားမှားသွားတာလားဆိုသည့်သဘောနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြန်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now