566 - 570

134 13 0
                                    

စစ်ဧကရာဇ်(Chapter:566)
(မရေမတွက်နိုင်တဲ့ လက်သီးထိုးချက်)

     နောက်ဆုံးမှာတော့ တိကျောက အင်ပါယာလှံကို ဖန်တီးနိုင်ခဲ့ရုံမျှမက ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကိုလည်း ဖန်တီးခဲ့သည်။ ယင်းကျင့်စဉ်ရဲ့ နည်းစနစ်က သတ်ဖြတ်ခြင်းကို ဦးတည်ခြင်း ဖြစ်၍ မကောင်းတဲ့ မိစ္ဆာအငွေ့အသက်တွေက တိကျောကို ဝန်းရံထားကြတော့သည်။ တိကျောက သူ့ရဲ့ကောင်းကင်စုဆောင်းမှုအဆင့်၉ရှိတဲ့ ကံကြမ္မာကျောက်တုနကို အသုံးပြုပြီး ယခုကဲ့သို့ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

     အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြရတော့သည်။ သူတို့ကိုယ်တိုင်လည်း သတ္ထုဘုံအတွင်းမှ ကံကြမ္မာကျောက်တုန်းတွေ ရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် တိကျောလိုတော့ မိမိနဲ့ လိုက်ဖက်မယ့် ကံကြမ္မာလက်နက်နဲ့ ကျင့်စဉ်တွေကို ဖန်တီးတီထွင်နိုင်စွမ်း မရှိကြသေးပေ။ ဒါကလည်း သူတို့ရဲ့ အပြစ်တစ်ခုဟုတော့ ပြော၍မရချေ။ ယခုလို ဖန်တီးနိုင်ဖို့က မိုးကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီတစ်ခုရှိဖို့ လိုအပ်သည် မဟုတ်ပါလား။

     "ဝုန်း"
ထိုစဉ် တိကျောက အင်ပါယာလှံကို ဝေ့ရမ်းသည်။ များပြားလှတဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါတွေ ထွက်ပေါ်လာပြီး လီကွမ်ရီထံ အလုံးအရင်းနဲ့ တိုးဝင်သွားကြသည်။ လီကွမ်ရီရဲ့မီးနိယာမတွေမှာ အင်ပါယာလှံရဲ့ဖိနှိပ်မှုကို စတင်ခံစားလာခဲ့ရတော့သည်။ အချိန်တိုအတွင်းမှာပင် လီကွမ်ရီမှာ အနောက်ကို တဖြည်းဖြည်း ဆုတ်ခွာပေးနေရတော့သည်။

     "လီကွမ်ရီတော့ အခြေအနေမကောင်းတော့ဘူး"
လီကွမ်ရီ အနောက်ဆုတ်နေရတာကို ကြည့်ပြီး ကျင့်ကြံသူတစ်ယောက်က ရေရွတ်သည်။ လီကွမ်ရီကို သေစေချင်နေကြတဲ့ တစ္ဆေမျိုးနွယ်တွေပင် တိုက်ပွဲပြီးသွားမှာကို မလိုလားသလို ဖြစ်နေမိကြသည်။

     "ဂရား"
ထိုစဉ် အင်ပါယာလှံမှ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး များပြားလှတဲ့ နဂါးပုံရိပ်တွေ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်ထဲမှာ ထိုပုံရိပ်တွေအားလုံး စုစည်းသွားကြပြီး လှံက ဧရာမနဂါးကြီးတစ်ကောင်အလား ဖြစ်သွားခဲ့သည်။ ယင်းက တိကျောကိုယ်တိုင်ဖန်တီးထားတဲ့ လှံကျင့်စဉ်တစ်ခု ဖြစ်သည်။ လှံကို တစ်ချက်ဝေ့ရမ်းလိုက်တိုင်းမှာ နဂါးတစ်ကောင်အလား လှုပ်ရှားနေပြီး လီကွမ်ရီရဲ့ သေကွင်းသေကွက်နေရာတွေကို တိုးဝင်လာခဲ့ကြသည်။ လှံရဲ့ အဟုန်က လွန်စွာ အားကောင်းလှပြီး လီကွမ်ရီမှာ ကြီးမားတဲ့ ဖိအားအောက်မှာ အလူးအလဲ ခံစားနေရတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now