801 - 805

163 12 0
                                    

စစ်ဧကရာဇ်(Chapter:801)
(လက်ဆောင်)
......................
     လက်သီးတစ်ချက်ထဲဖြင့် ကျန့်ဝူရွှမ်းကို သတ်ဖြတ်နိုင်သော်လည်း လီကွမ်ရီက မလုပ်ခဲ့ပေ။ ကျန့်ဝူရွှမ်း၏စိတ်ဓာတ်ကို သူနှစ်သက်သည်။ ထို့ကြောင့် ကျန့်ဝူရွှမ်းကို သူ့အတွက် အလုပ်လုပ်စေချင်သည်။

     "မင်းရှုံးသွားပြီ"နောက်ဆုံးတွင် လီကွမ်ရီက အချုပ်အနှောင်များကို ဖယ်ရှားပြီး ကျန့်ဝူရွှမ်းကို ပြုံးပြလိုက်သည်။

     ကျန့်ဝူရွှမ်းမှာ ယခုမှ စိတ်ထဲပေါ့ပါးသွားခဲ့ရသည်။ သို့သော် ကြောက်စိတ်မပြေနိုင်သေးပေ။ အစောပိုင်း ဖြစ်ရပ်တွေက သူမ၏ဘဝတစ်လျှောက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဟု ဆိုနိုင်ပေသည်။ ထိုဖြစ်ရပ်က သူမ၏စိတ်ကို ခြောက်လန့်နေကြဆဲ ဖြစ်သည်။

     "ဘာပြောစရာရှိသေးလဲ ..."လီကွမ်ရီက ကျန့်ဝူရွှမ်းကို ပြုံး၍မေးသည်။

     ကျန့်ဝူရွှမ်းမှာ အနည်းငယ်ကြာမှ သတိပြန်ဝင်လာခဲ့သည်။ သူမ၏ မျက်လုံးတွေက နဂါးတစ်ကောင်ကို တွေ့လိုက်ရသည့်အလား လီကွမ်ရီကို ငေးကြည့်နေမိသည်။ သူမ၏ဘဝတစ်လျှောက် ယခုလို ကြောက်မက်ဖွယ်ကောင်းသူအား တစ်ခါမှမတွေ့ဖူးခဲ့ပေ။

     လက်ရှိအချိန်၌ သူမက ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သို့သော် ဤရှုံးပွဲသည် ရှက်စရာမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဂုဏ်ယူစရာတစ်ခုဟုပင် ထင်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲ၏လောင်းကြေးကိုတော့ ပယ်ဖျက်လို့ မရတော့ပေ။

     လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
     "စိတ်မပူပါနဲ့၊ လောင်းကြေးအတိုင်း ငါ့အတွက် အချိန်နည်းနည်း လုပ်ပေးရင်ရပါပြီ၊ လုံလောက်တဲ့ အချိန်တစ်ခု ပြီးသွားရင် မင်းဆန္ဒရှိတဲ့အတိုင်း ဆက်လုပ်နိုင်တယ်"

     "ဘာမှ ပြောစရာမရှိဘူး၊ အရှုံးကိုလက်ခံတယ် ..."ကျန့်ဝူရွှမ်းက သက်ပြင်းတစ်ချက်ချပြီး ဖြည်းဖြည်းချင်း ပြောသည်။ တစ်ဆက်ထဲမှာ လီကွမ်ရီကို သစ္စာရှိပါမည်ဟု ကံကြမ္မာကိုတိုင်တည်ပြီး ကျိန်ဆိုလိုက်သည်။

     သူမအနေဖြင့် လောင်းကြေးကိုလက်ခံဖို့ တွေဝေနေစရာအကြောင်း မရှိပေ။ ပုံမှန်အားဖြင့် အခြားတစ်ယောက်အတွက် အလုပ်လုပ်ပေးဖို့ဆိုသည်မှာ မလွယ်ကူပေ။ သို့သော် လက်ရှိပြဿနာတွေကို သူမဘက်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ လောင်းကြေးကိုလည်း သူမကိုယ်တိုင် သဘောတူခဲ့သည်။ ထို့ကြောင့် ပြောပြီးသားစကားကို ပယ်ဖျက်မည်မဟုတ်ပေ။ လောင်းကြေးကို ငြင်းပယ်ပြီး ထွက်ပြေးဖို့အထိလည်း သွေးမကြောင်ပေ။ ထိုပြင် လီကွမ်ရီ၏ပုံစံအရ သူမကို တန်ဖိုးထားမှန်း သိသာသည်။ ထိုအချက်လည်း အလောင်းအစားအတိုင်း လုပ်ဖို့ သဘောတူညီခဲ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now