641 - 645

140 18 0
                                    


စစ်ဧကရာဇ်(Chapter:641)
(ဖိတ်ခေါ်ခြင်း)

     ယခုလက်ရှိ ရှီဟောင်ရဲ့ရည်မှန်းချက်က ဒဏ္ဍာရီအဆင့် အယ်လ်ခမီပညာရှင်တစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ ဒီရည်မှန်းချက်က လီကွမ်ရီကို အမှီပြုပြီး ဖြစ်တည်လာခြင်းဟု ဆို၍ ရပေသည်။

     ဆက်လက်ပြီး လီကွမ်ရီက ပိုင်ဝမ်ကို ရှီဟောင်ရဲ့ ကြီးကြပ်သူတစ်ယောက်အဖြစ် လုပ်ကိုင်ဖို့ တာဝန်ပေးလိုက်သည်။ လက်ရှိအချိန်မှာ ရှီဟောင်က ငယ်ရွယ်သေးပြီး အတွေ့အကြံနုနယ်သေးသည်။ ဒါကြောင့် ပိုင်ဝမ်လို ဝါရင့်သဘာရင့်တစ်ယောက်ရဲ့ သွန်သင်ပြသမှုကို အထူးလိုအပ်မှန်း လီကွမ်ရီက နားလည်ထားပေသည်။

     နောက်ဆုံးမှာတော့ ပိုင်ဝမ်နဲ့ ရှီဟောင်တို့က လီကွမ်ရီကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားကြတော့သည်။ ရှီဟောင်တို့ ထွက်သွားပြီးနောက်မှာတော့ ကျစ်ယန်က လီကွမ်ရီကို ပြုံး၍ ပြောသည်။
"သခင်လေးလီ၊ အယ်လ်ခမီညီလာခံမှာ ပါဝင်ဖို့အတွက် ဘယ်လိုပြင်ဆင်မှုတွေ လိုအပ်လဲ"

     "ပြင်ဆင်မှုလား"
လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
"ငါနဲ့တွဲဖက်ပေးမယ့် အကူအကြောင်း ပြောနေတာလား၊ ငါ့အနေနဲ့ ဒါကို တစ်ယောက်ထဲလည်း လုပ်ဆောင်နိုင်တယ်၊ အခြားသူတွေနဲ့ တွဲဖက်လေ့ကျင့်တာက ငါ့ရဲ့အချိန်ကို ဖြုန်းတီးတာသက်သက်ပဲ"

     ကျစ်ယန်မှာ လီကွမ်ရီရဲ့ စကားကြောင့် ခေါင်းညိတ်ပြီး အလျင်အမြန် ပြန်ပြောသည်။
"သခင်လေးလီ စိတ်မပူပါနဲ့၊ အယ်လ်ခမီညီလာခံအတွက် ဝါးဘီလူးနိုင်ငံကိုယ်စားပြုမယ့်သူက သခင်လေးလီတစ်ယောက်ထဲ ဖြစ်စေရပါမယ်"

     ကျစ်ယန်ရဲ့စကားက လင်းယုန်နတ်ဆိုးဘုရင်ကို မျက်နှာပျက်သွားစေခဲ့သည်။ လင်းယန်နတ်ဆိုးဘုရင်အနေနဲ့ ချင်ကလန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိသည်။ ဒါကြောင့် ချင်ကလန်ကို အယ်လ်ခမီညီလာခံ အတွက် ကိုယ်စားလှယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်စေလိုခဲ့သည်။ သို့သော် ယခုမှာတော့ တော်ဝင်ဘုရင်မ ကျစ်ယန်က လီကွမ်ရီတစ်ယောက်ထဲကိုသာ ရွေးချယ်မည်ဟု ကတိပြုနေ၍ လင်းယန်နတ်ဆိုးဘုရင်မှာ စိတ်ဓာတ်ကျသွားရတော့သည်။ ဒါ့အပြင် သူက လီကွမ်ရီရဲ့ အရည်အချင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ဖူးသေးချေ။ ဒါကြောင့် သူ့စိတ်ထဲမှာ တော်ဝင်ဘုရင်မရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေမိတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now