751 - 755

134 13 0
                                    


စစ်ဧကရာဇ်(Chapter:751)
(မဟူရာမြွေဆိုး)
.........................
     လီကွမ်ရီရဲ့တိုက်ခိုက်မှုက မဟာသခင်ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ လီကွမ်ရီရဲ့ မိစ္ဆာခေါင်းလောင်းက သူ့ကို ဒဏ်ရာပြင်းထန်စွာ ရသွားစေခဲ့သည်။ သို့သော် သူ့အသက်ကို နှုတ်ယူဖို့အထိတော့ မစွမ်းသာသေးပေ။

     သူ့ရဲ့ ဦးခေါင်းထက်မှာတော့ ကြောက်မက်ဖွယ် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ သူသာ စကြာဝဠာအဆင့်တစ်ယောက် မဟုတ်ပါက မိစ္ဆာခေါင်းလောင်းရဲ့ ဖိအားကြောင့် တစ်ချက်ထဲနဲ့ သေဆုံးသွားရမည်ဖြစ်သည်။ စကြာဝဠာအဆင့်တစ်ယောက် ဖြစ်နေလို့သာ သူ့ရဲ့ ကံစွမ်းအားက မပြိုကွဲသေးဘဲ ယခုအချိန်အထိ ရှင်သန်နေရခြင်း ဖြစ်သည်။

     ထိုအချိန်မှာပင် မဟာသခင်က အနောက်ကိုလှည့်ပြီး ထွက်ပြေးဖို့ပြင်သည်။ လက်ရှိဒဏ်ရာအခြေအနေနဲ့သာ ဒီနေရာမှာဆက်ပြီးနေပါက သူ့အတွက် သေဆုံးဖို့မှလွဲ၍ အခြားမရှိတော့ပေ။

     "မင်းက ဘယ်ကိုထွက်ပြေးမလို့လဲ"
ထိုစဉ် လီကွမ်ရီက လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူက သူရိယမင်မော်တယ်ခန္ဓာကိုယ်ကို အသုံးပြုပြီး မဟာသခင်ထံ ပျံသန်းသွားသည်။ ပြီးနောက် မဟာသခင်ရဲ့ ဦးခေါင်းကို ချုပ်ကိုင်ပြီး ဖမ်းဆီးလိုက်တော့သည်။ မဟာသခင်မှာ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရရှိထားပြီး ဖြစ်တာကြောင့် လီကွမ်ရီကို ပြန်လည်ခုခံနိုင်ခြင်း မရှိတော့ပေ။

     "ဝုန်း"
ထိုစဉ် လီကွမ်ရီရဲ့ လက်ဝါးရိုက်ချက်တစ်ချက်က မဟာသခင်ရဲ့ ဦးခေါင်းတည့်တည့်ပေါ် ကျဆင်းသွားခဲ့သည်။ ငရဲထိန်းချုပ်ခြင်းခန္ဓာကိုယ်ရဲ့ စွမ်းအားတွေ ပေါင်းစပ်ထားသည့်အပြင် နဂိုရှိရင်းစွဲဒဏ်ရာကြောင့် မဟာသခင်မှာ လုံးဝတွန်းလှန်နိုင်ခြင်း မရှိတော့ပေ။ သူ့ရဲ့ ဦးခေါင်းတစ်ခုလုံး ကြေမွသွားပြီး ဦးနှောက်အပိုင်းအစတွေက နေရာအနှံ့ကို လွင့်ထွက်သွားခဲ့တော့သည်။ သို့သော် သူက သေဆုံးခြင်း မရှိသေးပေ။ တကယ်တော့ စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့က သိပ်ပြီးမရိုးရှင်းလှပေ။ ကံစွမ်းအားကို ဖျက်ဆီးပစ်ရမည့်အပြင် ထိုစကြာဝဠာအဆင့်ကျင့်ကြံသူရဲ့ စိတ်ဝိညဉ်ကိုပါ ချိုးဖျက်ပစ်ရမည်ဖြစ်သည်။ ဒါမှသာ ပြန်လည် ရှင်သန်နိုင်ခြင်းမရှိတော့ဘဲ အပြီးပိုင်သေဆုံးခြင်းကို ရောက်ရှိပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now