၂၀၆ - ၂၁၀

267 17 0
                                    

စစ်ဧကရာဇ် ( Chapter:206 )
.....................................
( မိုးပြာရောင်ရှေ့ဟောင်းနိုင်ငံအဖွဲ့ကို တိုက်ခိုက်ခြင်း ၂ )
..............................................................
" မှန်တယ်.....ဒီကောင်စုတ်လေးလီက အဆင်အခြင်ကင်းမဲ့သူဘဲ၊ ရှေ့ဟောင်းနိုင်ငံနဲ့ ရန်သူဖြစ်ခြင်းက သူ့အတွက် သေဆုံးဖို့ဘဲ ရှိတော့တယ်၊ သူ မနက်ဖြန်ထိ အသက်ဆက်ရှင် မရှင်ဆိုတာ စောင့်ကြည့်ကြတာပေါ့ "
ဂိုဏ်းတစ်ခုမှ ပါရမီရှင် လူငယ်မျိ ုးဆက်သစ်တစ်ယောက်ကလည်း လီကွမ်ရီကို အထင်သေးစွာ ကဲ့ရဲ့ပြောဆိုလိုက်သည်။

လက်ရှိအချိန် ကောင်းကင်မြို့ဟောင်းအတွင်း၌ များစွာသော ကျင့်ကြံသူတွေက လီကွမ်ရီအကြောင်းကိုသာ ပြောဆိုနေကြသည်။ တစ်ဆက်ထဲမှာ လီကွမ်ရီနေရာ သူတို့သာ ဆိုပါက မိုးပြာရောင်ရှေ့ဟောင်းနိုင်ငံကို ဘယ်တော့မှ စိတ်ဆိုးအောင်မလုပ်ဘဲ အလိုက်သင့် ပေါင်းသင်းဆက်ဆံမည်ဟုသာ တွေးတောနေကြသည်။ သူတို့အားလုံးရဲ့ စိတ်ထဲတွင် လီကွမ်ရီအနေနဲ့ ရှေ့ဟောင်းနိုင်ငံကို အနိုင်ရဖို့ မြူ တစ်မှုန်စာမျှပင် အခွင့်အရေးမရှိဟု ယူဆထားကြသည်။

မိုးပြာရောင်ရှေ့ဟောင်းနိုင်ငံရဲ့ တည်းခိုရာစံအိမ်က ကောင်းကင်းမြို့ဟောင်းရဲ့ အရှေ့ဘက်စွန်းစွန်းတွင် ရှိပြီး ကြီးကျယ်ခမ်းနားလှသည်။ လက်ရှိအချိန်တွင် လီကွမ်ရီနဲ့ အကြီးအကဲ ချီယွန်တို့က အဖွဲ့သားတွေကို ဦးဆောင်ပြီး ထိုနေရာသို့ ဦးတည်ကာ သွားနေကြသည်။ သူတော်စင်နတ်ဆိုးကိုးပါးဂိတ်ရဲ့ တပည့်အများအပြားမှာလည်း ရှေ့ဟောင်းနိုင်ငံကို တိုက်ခိုက်ရမည်ဆို၍ ကြောက်လန့်ရမည့်အစား သူတို့ရဲ့ သွေးတွေဆူပွက်ပြီး တိုက်ပွဲဝင်စိတ်ဓာတ်တွေ နိုးကြားနေကြတော့သည်။ မည်သူက ကိုယ့်ကို လာရောက်စော်ကားသူကို အသာတကြည် သည်းခံနိုင်မည်နည်း။

ဒါ့အပြင် ဂိုဏ်းအသီးသီးမှ အစွမ်းထက်ကျင့်ကြံသူတွေနဲ့ ဂိုဏ်းချ ုပ်တွေကလည်း တိုက်ပွဲကို အကဲခတ်ရန် လီကွမ်ရီတို့ရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်း နေရာမှ လိုက်ပါလာခဲ့ကြသည်။ သူတို့အားလုံးက တိုက်ပွဲကို အဓိက စိတ်ဝင်စားသည်မဟုတ်ဘဲ ဒီတိုက်ပွဲတွင် လီကွမ်ရီ ဘယ်လိုသေဆုံးသွားရမလဲဆိုတာကို ကြည့်ရှုချင်၍ လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမှ နောက်တစ်နေ့အထိ လီကွမ်ရီ အသက်ဆက်ရှင်နိုင်မည်ဟု ထင်မှတ်မထားကြပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now