၁၄၁ - ၁၄၅

310 18 0
                                    

စစ်​ဧကရာဇ်​ ( Chapter:141 )
......................................
( မိစ္ဆာသစ်ပင်ကို ဖြတ်တောက်ခြင်း ၁ )
................................................
မိစ္ဆာသစ်မြစ်တွေမှာ တဖြေးဖြေးနဲ့ များပြားလာနေပြီး ထိန်းချုပ်မရတော့အောင် ဖြစ်လာတော့သည်။ ထိုစဉ် နဂါးပျံဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က လိုဏ်ဂူအဝဘက်ကို ဦးတည်ပြီး ထွက်ပြေးလိုက်သည်။ ထိုကျင့်ကြံသူ ထွက်ပြေးတာကို မြင်ပြီး အခြားကျင့်ကြံသူအချို့ကလည်း အနောက်ကနေ ပြေးလိုက်သွားကြသည်။

" အ...."
ထိုစဉ် အင်ပါယာအကြံပေးရှီသုက နကျင်စွာ ညည်းညူ လိုက်သည်။ ကြီးမားတဲ့ သစ်မြစ်ကြီးတစ်ခုက သူ့ရဲ့ ရင်ဘတ်တည့်တည့်ကို ထိုးဖောက်သွားပြီး သွေးတွေကို လျင်မြန်စွာ စုပ်ယူပစ်လိုက်သည်။ ရှီသုမှာ အဖြစ်အပျက်တွေကို ယုံကြည်သေးဟန် မရဘဲ မျက်လုံးကြီးပြူ း၍ လဲကျသွားရတော့သည်။ သူ့အနေနဲ့ ဒီနေရာ၊ ဒီအချိန်မှာ သေဆုံးရမည်ဟု လုံးဝ ထင်မှတ်ထားခြင်း မရှိချေ ။

အခြားတစ်ဖက်တွင် ရှန်းထိန်နဲ့ မင်းသားချီယန်တို့ကလည်း သစ်မြစ်တွေကို အလူးအလဲ ခုခံနေရသည်။ မင်းသားချီယန်က ဧကရာဇ်အဆင့်ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီး အဖိုးဂူအမ်၊ ရှန်းထိန်တို့နဲ့ ပူးပေါင်းကာ မိစ္ဆာသစ်မြစ်တွေကို ဖောက်ထွက်ပြီး ထွက်ပြေးဖို့ ကြိုးစားနေကြသည်။

မိစ္ဆာသစ်မြစ်တွေကား လူတစ်ယောက်ရဲ့ သွေးကိုစုပ်ယူပြီးတိုင်း အရင်ကထက်ပို၍ သန်မာလာကြသည်။ ဒါကြောင့် သစ်မြစ်တွေကို ခုခံတိုက်ခိုက်ဖို့မှာ မလွယ်ကူတော့၍ အဖိုးဂူအမ်၊ ရှန်းထိန် နဲ့ မင်းသားချီယန်တို့က ထွက်ပြေးဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူတို့အားလုံးက လီကွမ်ရီကို သတ်နိုင်ဖို့ မဆိုထားနဲ့ သူတို့ရဲ့ အသက်ရှင်သန်ဖို့ပင် အပြင်းအထန်ရုန်းကန်လှုပ်ရှားနေကြရသည်။

" ဘန်း....."
ထိုစဉ် ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မင်းသားချီယန်ရဲ့ ဦးခေါင်းထက်မှာ တောက်ပတဲ့ အလင်းတန်းတွေ ဖြာထွက်လာခဲ့သည်။

" ဟင်...ဧကရာဇ်စွမ်းအားလား...."
ဘာဟိုဂျီယာအိုက မင်းသားချီယန်ကိုကြည့်ပြီး တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now