၂၀၁ - ၂၀၅

270 17 0
                                    


စစ်ဧကရာဇ် ( Chapter:201 )
......................................
( ကြေးနီရောင် စစ်ရထား ၁ )
.....................................
လီကွမ်ရီက ကျိခွမ်းကျန့်ရဲ့ တိုက်ခိုက်မှုကို ပြန်လည်ခုခံဖို့ စဉ်းစားထားခြင်း မရှိဘဲ ငြိမ်သက်စွာ ရပ်နေလိုက်သည်။ ဒါ့အပြင် မည်သည့် ရတနာလက်နင်ကိုမှ ထုတ်ယူခြင်းမရှိ မတုန်မလှုပ်သာ ရပ်နေသည်။ သို့သော် ငရဲထိန်းချုပ်ခြင်း အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်နေမှတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အလွန်မာကြောတဲ့ လက်နက်တစ်ခုလို ဖြစ်နေပြီ မဟုတ်ပါလား။ ဘယ်အတွက်ကြောင့် ကျိခွမ်းကျန့်လို လူမျိ ုးအတွက်နဲ့ လက်နက် ထုတ်နေတော့မည်နည်း။

" ဘန်း......."
ထိုစဉ် ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာပြီး ကျိခွမ်းကျန့်ရဲ့ လက်သီးနဲ့ လီကွမ်ရီရဲ့ ခန္ဓာကိုယ်တို့ ထိပ်တိုက် ရင်ဆိုင်မိသွားကြသည်။ တစ်ဆက်ထဲမှာ ကျိခွမ်းကျန့်ရဲ့ ကိုယ်ချပ်ဝတ်စုံမှာ စုတ်ပြတ်သတ်သွားပြီး အရိုးကျိ ုးသံတွေပင် ထွက်ပေါ်လာခဲ့သည်။ ငရဲထိန်းချုပ်ခြင်း အင်မော်တယ်ခန္ဓာကိုယ်ကား ဧကရာဇ်စွမ်းအားကိုပင် အန်တုနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ကျိ ခွမ်းကျန့်၏ တိုက်ခိုက်မှုကား စာဖွဲ့စရာ လိုမည် မထင်တော့ချေ ။

ဆက်လက်ပြီး လီကွမ်ရီက ကျိ ခွမ်းကျန့်ထံ ပြေးဝင်သွားပြန်သည်။ ကျိခွမ်းကျန့်ရဲ့ မျက်နှာက လွန်စွာ အရုပ်ဆိုး အကျဉ်းတန်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" ရတနာ....ပွင့်စမ်း "

ကျိခွမ်းကျန့်ရဲ့ စကားဆုံးသည်နှင့် ရတနာ သေတ္တာလေးတစ်လုံးက ပွင့်သွားပြီး ဆေဘာဓားတစ်လက်က လီကွမ်ရီထံသို့ တစ်ဟုန်ထိုး ပျံထွက်သွားသည်။ ဆေဘာဓားရဲ့ အမြန်နှုန်းက ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်ပြီး လီကွမ်ရီကို ပိုင်းဖြတ်ဖို့ ပျံသန်းလာခဲ့တော့သည်။

" ဘန်း......"
လီကွမ်ရီက ရှောင်တိမ်းခြင်းမရှိဘဲ ဆေဘာဓားကို ကန်ထုတ်ပစ်လိုက်သည်။ ဆေဘာဓားက အလွန်ထက်ရှသည်မှာ သံသယရှိစရာ မလိုချေ ။ သို့သော် လီကွမ်ရီရဲ့ ခန္ဓာကိုယ်က လွန်စွာမာကြောလှပြီး ဆေဘာဓားအတွက် ထိုးဖောက်ဖြတ်တောက်ဖို့ လုံးဝ ဖြစ်နိုင်ချေ မရှိချေ ။ နောက်ဆုံးတွင် ဆေဘာဓားက လီကွမ်ရီရဲ့ ခြေကန်ချက်ကြောင့် အဝေးကို ပြန်လည် လွင့်ထွက်သွားရတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now