526 - 530

144 13 0
                                    


စစ်ဧကရာဇ်(Chapter:526)
(ဆေးဥယျာဉ်အတွင်း၌ လေ့ကျင့်ခြင်း)

လီကွမ်ရီက ဂျင်ဆင်းမြစ်ကို ပြောပြီးတာနဲ့ သင်္ချိုင်းသော့ကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် သင်္ချိုင်းသော့မှ ဧကရာဇ်ရဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ဂျင်ဆင်းမြစ်နဲ့ စစ်သည်တော်သစ်ပင်တို့မှာ လီကွမ်ရီလက်ထဲမှ သင်္ချိုင်းသော့ကို ကြည့်ပြီး ဆွံ့အနေကြသည်။ သေချာသည်ကတော့ သူတို့က ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

ထိုစဉ် လီကွမ်ရီက ပြုံး၍ ပြောသည်။
"ငါ ဒီနေရာမှာ နေပြီး လေ့ကျင့်မယ်၊ မင်းတို့တွေကို အနှောက်အယှက်ပေးမှာ မဟုတ်လို့ စိတ်မပူကြနဲ့၊ ပြီးတော့ ငါ့ကိုလည်း အနှောက်အယှက်မပေးနဲ့၊ မဟုတ်ရင်တော့ ငါခွင့်လွတ်မှာ မဟုတ်ဘူး"

လီကွမ်ရီက ပြောပြီးတာနဲ့ လက်ကို ဝေ့ရမ်းလိုက်သည်။ ဤတွင် ဖားတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်တဲ့ မီးတောက်တွေကို လေထုထဲ မှုတ်ထုတ်လိုက်သည်။ ယင်းက ယခင်ရှေ့ဟောင်းသင်္ချိုင်းအတွင်းမှ ရရှိခဲ့တဲ့ ကောင်းကင်ဆေးဖိုအဖြစ် အသုံးပြုလို့ရတဲ့ ဖားဖြစ်သည်။ စစ်သည်တော်‌သစ်ပင်နဲ့ ဂျင်ဆင်းဘိုးဘေးတို့မှာ ကောင်းကင်ဆေးဖိုကို ကြည့်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

"မြင့်မြတ်တဲ့ ကောင်းကင်ဆေးဖို"
ဆေးဖက်ဝင်အပင် အားလုံးမှာ တုန်လှုပ်သွားကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ပြင်လိုက်သည်။ ဒီဆေးဖိုက သူတို့ကို ဖမ်းဆီးပြီး သန့်စင်နိုင်သည် မဟုတ်ပါလား။ ဝိညဉ်ဆေးပင်တွေအနေနဲ့ အသက်စွမ်းအင် ရှ်ိထား၍ အလွယ်တကူ သေဆုံးသွားမှာကိုယ် လိုလားခြင်း မရှိပေ။

လက်ရှိ သူတို့ရှေ့မှာရှိနေတဲ့ ကောင်းကင်ဆေးဖိုက ဝိညဉ်ဆေးပင် အမြောက်အများကို သန့်စင်နိုင်စွမ်း ရှိပေသည်။ ဒါကြောင့် သူတို့အားလုံးတွင် ကောင်းကင်ဆေးဖိုကို မကျေနပ်တဲ့ စိတ်အသိတစ်ခု ကိန်းအောင်းနေကြသည်။

ထိုအချိန်မှာပင် ကောင်းကင်ဆေးဖိုကလည်း ဝိညဉ်ဆေးပင်တွေကို အငမ်းမရ သန့်စင်ဖို့ စတင်ကြိုးစားတော့သည်။ လီကွမ်ရီမှာ အလျင်အမြန် ဟန့်တားလိုက်ရပြီး ကောင်းကင်ဆေးဖိုကို ပြောသည်။
"ဟေ့၊ ရပ်လိုက်စမ်း၊ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ လိုအပ်တယ်၊ ငါအခုလာတာက ဆေးပင်တွေ သန့်စင်ဖို့ မဟုတ်ဘူး၊ လေ့ကျင့်ဖို့အတွက်လာခဲ့တာ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now