791 - 795

169 16 0
                                    

စစ်ဧကရာဇ်(Chapter:791)
(ထျဲရီရဲ့တာဝန်)
........................
     အယ်လ်ခမီညီလာခံသတင်း ထွက်လာပြီးနောက်မှာတော့ စစ်ပွဲရဲ့အဆုံးသတ်က မည်သို့ပင်ဖြစ်ပါစေ သိပ်ပြီး အရေးမပါတော့ပေ။ အနည်းဆုံးတော့ အားလုံးအတွက် ကြောက်ရွံ့နေစရာ မလိုတော့ပေ။

     ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ နောက်ထပ်သတင်းတစ်ခု ထွက်လာခဲ့ပြန်သည်။ ယင်းမှာ လီကွမ်ရီက ပြိုင်ပွဲမှ နှုတ်ထွက်သည့်သတင်း ဖြစ်သည်။ ဒါက ပြိုင်ပွဲဝင်မည့် လူငယ်တွေအတွက် အကောင်းဆုံးသော သတင်းတစ်ခုဆိုလည်း မမှားချေ။ ဒီသတင်း ထွက်လာပြီး ချက်ချင်းလိုလိုပင် အယ်လ်ခမီမြို့တော်အတွင်း လက်ခုပ်သံတွေနဲ့ ဆူညံသွားရတော့သည်။ အချို့သော လူငယ်တွေဆိုလျှင် အပျော်လွန်၍ အိပ်မပျော်နိုင်သည်အထိ ဖြစ်နေကြရသည်။

     "ဟား ... ဟား၊ ဒီထက်ကောင်းတဲ့သတင်း မရှိတော့ဘူး"လူငယ်တစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ အော်ပြောသည်။
     "ငါသိတယ်လေ၊ လီကွမ်ရီက တစ်ခါတစ်လေမှာလည်း အရမ်းချစ်စရာကောင်းပါတယ်၊ သူ့လိုမွန်းစတားတစ်ယောက်က ငါတို့နဲ့ ဘယ်တော့မှ ယှဉ်ပြိုင်မှာ မဟုတ်ဘူး"

     မည်သူက ဒီသတင်းအတွက် မပျော်ဘဲ နေနိုင်မည်နည်း။ ဒီမတိုင်မီ ယွမ်ချိုက်ဟယ်နဲ့ အယ်လ်ခမီနိုင်ငံရဲ့မူချောင်းတို့က ပြိုင်ပွဲမှ ဝင်မပြိုင်ဖို့ ကြေညာပြီး ဖြစ်သည်။ ပါရမီရှင်လေးယောက်ထဲမှ ငွေရောင်ဆံနွယ်ရှင်နဲ့ မူချောင်းတို့သာ ဝင်ပြိုင်ကြမည်ဖြစ်သည်။ သူတို့နှစ်ယောက်က ပြိုင်ပွဲမှာ ပထမနဲ့ ဒုတိယ ရမည့်သူတွေအဖြစ်လည်း ရေးပန်းစားခဲ့ကြသည်။ သို့သော် အဆိုပါနှစ်ယောက်လုံးက လီကွမ်ရီနဲ့တွေ့ပြီး သေဆုံးသွားကြရပြီ ဖြစ်သည်။ ထိုနောက်ပိုင်းမှာ လီကွမ်ရီက ပထမရမည့်သူအဖြစ် ရေးပန်းစားခဲ့သည်။ ယခုမူ လီကွမ်ရီကပါ ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့သည်။ မည်သူက မပျော်ဘဲ နေနိုင်ကြမည်နည်း။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေက ပြိုင်ပွဲဝင်တွေအတွက် မျှော်လင့်ချက်တိုးလာစေသလို ဆုရနိုင်ချေရှိသူတွေရဲ့စာရင်းကလည်း ပြောင်းလဲသွားခဲ့သည်။ သေချာတာတစ်ခုကတော့ ယခုပြိုင်ပွဲက လူငယ်အများစုအတွက် ပထမရရန် မျှော်လင့်နိုင်တဲ့ မျှတတဲ့ ပြိုင်ပွဲတစ်ခုအသွင် ဖြစ်လာပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now