511 - 515

163 15 0
                                    


စစ်ဧကရာဇ်(Chapter:511)
(ကံကြမ္မာကျောက်တုန်းရဲ့လျှို့ဝှက်ချက်)

     ဝိညဉ်ဆိုးတွေကို မည်သူမှ မြင်တွေ့ဖူးခြင်း မရှိကြပေ။ အားလုံးက ဝိညဉ်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံတွေကို ကြားဖူးကြပေမယ့် ထိုအရာတွေ တကယ်ရှိမရှိ ဆိုတာကိုလည်း သူတို့အနေနဲ့ အတိအကျ မသိကြပေ။ ယခုတော့ မြေကြီးဘုံအတွင်းမှာ ဝိညဉ်ဆိုးတွေ ရှိသည်ဟု လီကွမ်ရီက ဆိုလာ၍ လန်ယွင်ကျူးမှာ ယုံရအခက်၊ မယုံရအခက် ဖြစ်နေရတော့သည်။

     လီကွမ်ရီကလည်း လန်ယွင်ကျူး တွေးနေတာကို ခံစားမိသည်။ သူက နှုတ်ခမ်းတွေ တွန့်ကွေ့နေအောင် ပြုံးရင်း ပြန်ပြောသည်။
"ငါပြောတာ မယုံရင် မြေကြီးဘုံကို သွားပါ၊ အဲ့ဒီမှာ မင်းတွေ့ချင်တဲ့ အုတ်ဂူတွေ အများကြီးတွေ့ရလိမ့်မယ်၊ မြေကြီးဘုံရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ သွားရင်တော့ ဝိညဉ်ဆိုးတွေနဲ့ပါ ရင်ဆိုင်ရလိမ့်မယ်"

     "တော်ပါပြီ၊ ဒီအကြောင်းကို မေ့လိုက်ကြရအောင်"
တာအိုဟောပြောသူက အလျင်အမြန် ဝင်ပြောသည်။ ဝိညဉ်ဆိုးဆိုတဲ့ အသံကြားကတည်းက သူ့ရဲ့ကျောရိုးတွေ အေးစိမ့်နေသည်အထိ တုန်လှုပ်နေမိပြီ ဖြစ်သည်။

     လီကွမ်ရီက တာအိုဟောပြောသူ ဖြစ်ပျက်နေတာကို ကြည့်ပြီး သဘောကျစွာ ပြုံးလိုက်မိသည်။ တကယ်ဆို သူဒီနေရာကို ရောက်တဲ့ အခါတိုင်း မြေကြီးဘုံသို့ သွားရောက်လေ့ရှိသည်။ ထိုနေရာတွင် သူရယူလိုတဲ့ အရာတစ်ခု ရှိနေပြီး ယခုအချိန်အထိ အောင်မြင်ခြင်း မရှိခဲ့သေးပေ။ လီကွမ်ရီက ထိုအကြောင်းတွေ တွေးတောရင်း ငြိမ်သက်နေမိသည်။ ထိုအချိန်မှာပင် တာအိုဟောပြောသူက လိပ်ခွံတစ်ခုကို ထုတ်ပြီး ခါရမ်းသည်။ ပြီးနောက် မြေပြင်ပေါ်ကို ပစ်ချလိုက်သည်။

     "ဟမ် ... ဘာကို တွက်ချက်ဖို့ ကြိုးစားနေတာလဲ"
လီကွမ်ရီက ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီးမေးသည်။
"ဘာလဲ၊ သင်္ချိုင်းဘုံတွေကို တွက်ချက်မလို့လား"

     "အာ ... ငါ့မှာ အသက်တစ်ချောင်း အပိုပါရင်တောင် သင်္ချိုင်းဘုံတွေကို မတွက်ချက်ရဲပါဘူး၊ အခုက ဒီသင်္ချိုင်းဘုံတွေထဲမှာ ငါ့ရဲ့ ကံကြမ္မာ ဘယ်လောက် ကောင်းနိုင်မလဲဆိုတာ သိချင်လို့ တွက်ချက်တာပါ"
တာအိုဟောပြောသူက လီကွမ်ရီရဲ့စကားကို အကြောက်အကန် ငြင်းဆန်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now